×

ထို့ပြင် သူတို့သည် ရစူလ်တမန်တော်ထံ ချမှတ်ပေးအပ်ခြင်းခံရသောအရာ (ကျမ်းမြတ်၏အာယာသ်သက် သေလက္ခဏာတော်များ) ကို ကြားနာကြသည့်အခါ (သူတို့ကြားနားခဲ့သမျှသည်) အမှန်တရားသစ္စာ (ဖြစ်သော ကျမ်းတော်အား 5:83 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:83) ayat 83 in Burmese

5:83 Surah Al-Ma’idah ayat 83 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 83 - المَائدة - Page - Juz 7

﴿وَإِذَا سَمِعُواْ مَآ أُنزِلَ إِلَى ٱلرَّسُولِ تَرَىٰٓ أَعۡيُنَهُمۡ تَفِيضُ مِنَ ٱلدَّمۡعِ مِمَّا عَرَفُواْ مِنَ ٱلۡحَقِّۖ يَقُولُونَ رَبَّنَآ ءَامَنَّا فَٱكۡتُبۡنَا مَعَ ٱلشَّٰهِدِينَ ﴾
[المَائدة: 83]

ထို့ပြင် သူတို့သည် ရစူလ်တမန်တော်ထံ ချမှတ်ပေးအပ်ခြင်းခံရသောအရာ (ကျမ်းမြတ်၏အာယာသ်သက် သေလက္ခဏာတော်များ) ကို ကြားနာကြသည့်အခါ (သူတို့ကြားနားခဲ့သမျှသည်) အမှန်တရားသစ္စာ (ဖြစ်သော ကျမ်းတော်အား ချမှတ်ပေးအပ်တော်မူသော အရှင်မြတ်၏ထံတော်) မှ ဖြစ်သည်ဟု သိနားလည်သည့်အတွက် သူတို့၏မျက်စိများသည် မျက်ရည်များဖြင့် ပြည့်လျှံနေကြောင်း အသင် (တမန်တော်) တွေ့မြင်ရလိမ့်မည်။ (ထိုမျှမက) သူတို့က “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ကျွန်ုပ်တို့သည် (တမန်တော်နှင့်ကျမ်းတော်မြတ်ကုရ်အာန်) ကို ယုံကြည်ကြပါ၏။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့အား (အမှန်တရားအတွက်) သက်သေတည်ကြသူများ (ဖြစ်သည့် တမန်တော်၏အသိုင်းအဝိုင်းထဲတွင် အပါအဝင် ဖြစ်စေတော်မူလျက် သူတို့) နှင့်အတူ မှတ်တမ်းတင်တော်မူပါ။” (ဟု အရှင်မြတ်ထံ) လျှောက်တင်ကြ၏။

❮ Previous Next ❯

ترجمة: وإذا سمعوا ما أنـزل إلى الرسول ترى أعينهم تفيض من الدمع مما, باللغة البورمية

﴿وإذا سمعوا ما أنـزل إلى الرسول ترى أعينهم تفيض من الدمع مما﴾ [المَائدة: 83]

Ba Sein
၈၃။ ထိုခရစ်ယာန်ဘာသာဝင်တို့သည် တမန်တော်ထံသို့ ချပေးတော်မူသော တရားဒေသနာတော်ကို နာခံရသောအခါ သူတို့သည် ထိုတရားတော်သည် ဟုတ်မှန်ကြောင်း သိရသောကြောင့် စိတ်နှလုံး နူးညွတ်၍ မျက်လုံးများမှ မျက်ရည်ထွက်လာသည်ကို သင်မြင်ရ၏။ သူတို့ကို အို-အကျွနု်ပ်တို့၏ အသျှင်သခင်၊ အကျွနု်ပ်တို့သည် ယုံကြည်ကြပါ၏။ အကျွနု်ပ်တို့အား သက်သေတော်၏အထဲတွင် မှတ်ပုံတင်ထားတော်မူပါဟု တင်လျှောက်ကြ၏။
Ghazi Mohammad Hashim
၎င်းပြင် ယင်းသူတို့သည် ရစူလ်တမန်တော် (မုဟမ္မဒ်) ၏ထံသို့ ကျရောက်လာသော မုက္ခပါဌ်တော်များကို ကြားနာကြရသောအခါ (ထိုမုက္ခပါဌ်တော်များအားဖြင့်) အမှန်ကို သိမြင်လာကြသောကြောင့်၊ ၎င်းတို့၏မျက်စိများမှ မျက်ရည်များယိုစီးလျက်ရှိသည်ကို အသင်တွေ့မြင်ရလတ္တံ့။ (၎င်းပြင်) ယင်းသူတို့က “အို- ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင် ကျွန်တော်မျိုးတို့သည် ယုံကြည်ပါပြီ၊ သို့ဖြစ်ပေရာ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားလည်း ယုံကြည်ထောက်ခံ သက်သေထွက်ဆိုသောသူတို့နှင့်အတူ အသိအမှတ်ပြုတော်မူပါ” ဟု လျှောက်ထားပန်ကြားကြကုန်သတည်း။
Hashim Tin Myint
ထို့ပြင် သူတို့သည် တမန်‌တော်(မုဟမ္မဒ်-ဆွ)ထံသို့ ကျ‌ရောက်လာ‌သော အာယသ်‌တော်များကို ကြားနာကြရ‌သောအခါ အမှန်ကို သိမြင်လာကြသည့်အတွက် သူတို့၏မျက်စိများမှ မျက်ရည်များ ယိုစီးကျ‌နေသည်ကို အသင်(တမန်‌တော်)‌တွေ့မြင်ရလိမ့်မည်။ သူတို့က “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ ကျွန်ုပ်တို့သည် ယုံကြည်ကြပါပြီ၊ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်တို့အား သက်‌သေခံ‌သောသူများနှင့်အတူ အသိအမှတ်ပြု‌တော်မူပါ“ဟု ‌လျှောက်ထားကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek