×

ယုံကြည်သူတို့အပေါ် အပြင်းထန်ဆုံး (နှင့်အကြမ်းအဖက်ဆုံး) ရန်လိုသော လူသားများမှာ ဂျူးများ အရှင် မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြားသော အရာများကို ယုံကြည်ကိုးကွယ်မှု၌ နစ်မြုပ်နေသူများဖြစ်ကြောင်း 5:82 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:82) ayat 82 in Burmese

5:82 Surah Al-Ma’idah ayat 82 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 82 - المَائدة - Page - Juz 7

﴿۞ لَتَجِدَنَّ أَشَدَّ ٱلنَّاسِ عَدَٰوَةٗ لِّلَّذِينَ ءَامَنُواْ ٱلۡيَهُودَ وَٱلَّذِينَ أَشۡرَكُواْۖ وَلَتَجِدَنَّ أَقۡرَبَهُم مَّوَدَّةٗ لِّلَّذِينَ ءَامَنُواْ ٱلَّذِينَ قَالُوٓاْ إِنَّا نَصَٰرَىٰۚ ذَٰلِكَ بِأَنَّ مِنۡهُمۡ قِسِّيسِينَ وَرُهۡبَانٗا وَأَنَّهُمۡ لَا يَسۡتَكۡبِرُونَ ﴾
[المَائدة: 82]

ယုံကြည်သူတို့အပေါ် အပြင်းထန်ဆုံး (နှင့်အကြမ်းအဖက်ဆုံး) ရန်လိုသော လူသားများမှာ ဂျူးများ အရှင် မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြားသော အရာများကို ယုံကြည်ကိုးကွယ်မှု၌ နစ်မြုပ်နေသူများဖြစ်ကြောင်း အသင်တမန်တော် မုချ တွေ့မြင်ရလိမ့်မည်။ ထို့ပြင် ယုံကြည်သူတို့အပေါ် သူတို့၏အရင်းနှီးဆုံးမိတ်ဆွေအဖြစ် သဘောထား၍ မေတ္တာထားမည့် ပုဂ္ဂိုလ်များမှာ “ကျွန်ုပ်တို့သည် ခရစ်ယာန်စစ်စစ်များဖြစ်ကြသည်။” ဟု ကြွေးကြော်သူများ ဖြစ်ကြောင်း အသင် မုချ တွေ့မြင်ရလိမ့်မည်။ ထိုသို့ဖြစ်ရခြင်း၏အကြောင်းရင်းမှာ သူတို့ထဲတွင်ရှိသော (ကောင်းမှုကုသိုလ်၌ ဘဝနစ်မြုပ်ထားသည့်) ရသေ့များနှင့် (ပြစ်ဒဏ်ကို ကြောက်၍ စိတ်အလိုရမ္မက်အား ချိုးနှိမ်သော) ဘုန်း တော်ကြီးများသည် အမှန်ပင် မာန်မာနထောင်လွှားခြင်းမရှိကြသောကြောင့် ဖြစ်၏။

❮ Previous Next ❯

ترجمة: لتجدن أشد الناس عداوة للذين آمنوا اليهود والذين أشركوا ولتجدن أقربهم مودة, باللغة البورمية

﴿لتجدن أشد الناس عداوة للذين آمنوا اليهود والذين أشركوا ولتجدن أقربهم مودة﴾ [المَائدة: 82]

Ba Sein
၈၂။ လူသားအပေါင်းတို့၌ ယုံကြည်သူတို့အား အမျက်ရန်ငြိုးပြင်းစွာထားသူတို့သည် ရဟူဒီအမျိုးသားနှင့် ဆင်းတုရုပ်ပွားများကို ကိုးကွယ်သူတို့ဖြစ်ကြောင်းကို သင်တွေ့ရှိရလိမ့်မည်။ လူသားတို့အနက် ယုံကြည်သူတို့ကို ချင်ခင်နီးစပ်ဆုံးသောသူတို့ကား မှတ်သားကြလော့။ အကျွနု်ပ်တို့သည် ခရစ်ယာန် ဘာသာဝင်များဖြစ်ကြသည်ဟု ဆိုသူများဖြစ်ကြောင်းကို သင်တွေ့ရှိရလိမ့်မည်။ သို့ဖြစ်ခြင်းကား၊ သူတို့အနက် ပညာရှိသုခမိန်များနှင့် ဓမ္မဆရာဘုန်းကြီးများရှိသောကြောင့်ဖြစ်၏။ သူတို့သည် မာန်မာန မကြီးသောကြာင့်လည်းဖြစ်၏။
Ghazi Mohammad Hashim
(အို- နဗီတမန်တော်) အသင်သည် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သောသူတို့ကို ရန်ငြိုးထားရာ၌ လူသားများအနက် ယဟူဒီတို့နှင့် မုရှ်ရစ်က်တို့ကို အပြင်းအထန်ဆုံးသောသူများအဖြစ် တွေ့ရှိရလတ္တံ့။ ၎င်းပြင် အသင်သည် ‘မုအ်မင်န်’သင်ဝင်ယုံကြည်သောသူတို့ကို မိတ်ဖွဲ့ရာ၌ ထိုလူသားများအနက် အနီးစပ်ဆုံးသောသူများအဖြစ် (မိမိတို့ကိုယ်ကို) “ကျွန်ုပ်တို့သည် ‘နဆွာရာ’ များဖြစ်ကြသည်” ဟု ပြောဆိုကြကုန်သောသူတို့အား တွေ့ရှိရပေအံ့။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့တွင်ပညာရှင်များနှင့် ဘုန်းကြီးရဟန်းများ ရှိနေကြသောကြောင့်လည်းကောင်း၊ ထိုသူတို့သည် မာန်မာနထောင်လွှားခြင်းလည်း မရှိကြသောကြောင့်လည်ကောင်း ဖြစ်ချေသည်။
Hashim Tin Myint
အသင်သည် အီမာန်ယုံကြည်သူများအား ရန်ငြိုးထားရာ၌ လူများထဲမှ ယဟူဒီများနှင့် မုရှ်ရိက်များကို အပြင်းထန်ဆုံးသူများအဖြစ် အမှန်ပင် ‌တွေ့ရလိမ့်မည်။ ထို့ပြင် အသင်သည် အီမာန်ယုံကြည်သူများအား မိတ်‌ဆွေဖွဲ့ရာ၌ လူများထဲမှ အနီးစပ်ဆုံးသူများအဖြစ် “ကျွန်ုပ်တို့သည် နစွာရာ များဖြစ်ကြပါသည်“ဟု ‌ပြောဆိုကြ‌သောသူများကို အမှန်စင်စစ် ‌တွေ့ရှိရလိမ့်မည်။ အဘယ့်‌ကြောင့်ဆို‌သော် သူတို့(နစွာရာများ)ထဲတွင် ပညာရှင်များနှင့် ဘုန်းကြီးရဟန်းများ ရှိ‌နေကြခြင်း‌ကြောင့်နှင့် သူတို့သည် မာန‌ထောင်လွှားမှုလည်း မရှိခြင်း‌ကြောင့်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek