×

အမှန်တရားသစ္စာ (၏ ပိုင်ရှင်ဖြစ်တော်မူသော အရှင်မြတ်ထံတော်) မှ ကျွန်ုပ်တို့ထံရောက်လာသမျှနှင့် အလ္လာဟ်အရှင်မြတ်ကို မယုံကြည်စရာအကြောင်းမရှိပါ။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်သည် 5:84 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:84) ayat 84 in Burmese

5:84 Surah Al-Ma’idah ayat 84 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 84 - المَائدة - Page - Juz 7

﴿وَمَا لَنَا لَا نُؤۡمِنُ بِٱللَّهِ وَمَا جَآءَنَا مِنَ ٱلۡحَقِّ وَنَطۡمَعُ أَن يُدۡخِلَنَا رَبُّنَا مَعَ ٱلۡقَوۡمِ ٱلصَّٰلِحِينَ ﴾
[المَائدة: 84]

အမှန်တရားသစ္စာ (၏ ပိုင်ရှင်ဖြစ်တော်မူသော အရှင်မြတ်ထံတော်) မှ ကျွန်ုပ်တို့ထံရောက်လာသမျှနှင့် အလ္လာဟ်အရှင်မြတ်ကို မယုံကြည်စရာအကြောင်းမရှိပါ။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်သည် ကျွန်ုပ်တို့အား ဖြောင့်မတ်မှန်ကန်ကောင်းမြတ်သောလုပ်ရပ်များကို လုပ်ဆောင်ကြသော လူမျိုးစာရင်းထဲတွင် ထည့်သွင်းတော်မူရန် ထက်သန်စွာ မျှော်လင့်တောင့်တကြပါ၏။

❮ Previous Next ❯

ترجمة: وما لنا لا نؤمن بالله وما جاءنا من الحق ونطمع أن يدخلنا, باللغة البورمية

﴿وما لنا لا نؤمن بالله وما جاءنا من الحق ونطمع أن يدخلنا﴾ [المَائدة: 84]

Ba Sein
၈၄။ ထို့ပြင် သူတို့က အလ္လာဟ်အသျှင်မြတ်နှင့်တကွ အသျှင်မြတ်ထံမှ မိမိတို့အား ချပေးသနားတော် မူသော တရားမှန်ကို အကျွနု်ပ်တို့ အဘယ်ကြောင့် မယုံကြည်ဘဲနေရအံ့နည်း။ မိမိတို့၏ အသျှင် သခင်သည် အကျွနု်ပ်တို့အား အပြစ်ကင်းသော သူတော်ကောင်းတို့နှင့်အတူတကွ ယူဆောင်တော် မူမည်ဟု အကျွနု်ပ်တို့သည် အဘယ်ကြောင့် မမျှော်ကိုးဘဲ နေရအံ့နည်းဟု ဥဒါန်းကျူးကြ၏။
Ghazi Mohammad Hashim
ထို့ပြင်တဝ ယင်းသူတို့က ကျွန်ုပ်တို့သည် မိမိတို့အား မိမိတို့၏အရှင်မြတ်က (ကောင်းမြတ်သောအကျင့်သီလများကို ဆောက်တည်ကြကုန်သော) သူတော်စင်သူတော်ကောင်းတို့အတွင်း၌ ပါဝင်စေတော်မူမည်ဟု မျှော်လင့်ချက်ထားရှိကြသည်ဖြစ်ရာ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ (ယခု) ကျွန်ုပ်တို့ထံဝယ် ရောက်ရှိလာသော အမှန်တရားကိုလည်းကောင်း၊ မယုံကြည်ကြရန် မည်သည့်အကြောင်းမျှမရှိတော့ပြီ (ဟူ၍လည်း ပြောဆိုကြကုန်သတည်း။) (တစ်အားဖြင့်နည်း) ၎င်းပြင် (ထိုသူတို့က) ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်ကောင်း၊ ကျွန်ုပ်တို့ထံရောက်ရှိလာသော အမှန်တရားကိုလည်းကောင်း မယုံကြည်ကြရန် အကြောင်းမရှိပါ။ အမှန်စင်စစ်သော်ကား ကျွန်ုပ်တို့သည် မိမိတို့အား မိမိတို့၏အရှင်က သူတော်စင်တို့တွင် အပါအဝင်ဖြစ်စေတော်မူမည်ကို မျှော်လင့်လျက်ရှိကြပါသည် (ဟုပြောဆိုကြ၏။)‘”
Hashim Tin Myint
ထို့ပြင် ထိုသူများက “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ကျွန်ုပ်တို့ထံ‌ရောက်ရှိလာ‌သောအမှန်တရားကို မယုံကြည်ကြရန် မည်သည့်အ‌ကြောင်းမှ မရှိ‌ပေ။ ၎င်းပြင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်က ‌ကောင်းမြတ်‌သောသူများထဲတွင် ကျွန်ုပ်တို့အား သွတ်သွင်း‌တော်မူမည်ကိုလည်း ‌မျှော်လင့်လိုလားကြပါသည်“ (ဟု ‌ပြောဆိုကြသည်)။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek