Quran with Burmese translation - Surah Al-Ma’idah ayat 91 - المَائدة - Page - Juz 7
﴿إِنَّمَا يُرِيدُ ٱلشَّيۡطَٰنُ أَن يُوقِعَ بَيۡنَكُمُ ٱلۡعَدَٰوَةَ وَٱلۡبَغۡضَآءَ فِي ٱلۡخَمۡرِ وَٱلۡمَيۡسِرِ وَيَصُدَّكُمۡ عَن ذِكۡرِ ٱللَّهِ وَعَنِ ٱلصَّلَوٰةِۖ فَهَلۡ أَنتُم مُّنتَهُونَ ﴾
[المَائدة: 91]
﴿إنما يريد الشيطان أن يوقع بينكم العداوة والبغضاء في الخمر والميسر ويصدكم﴾ [المَائدة: 91]
Ba Sein ၉၁။ ရှိုင်တန်မာရ်နတ်သည် သင်တို့အား သေရည်၊ သေရက်သောက်စားခြင်း၊ လောင်းကစားခြင်းအားဖြင့် အချင်းချင်း ညှိုးထားမုန်းတီးစေဖို့ရာကိုသာ ကြိုးစား၏။ အလ္လာဟ်အသျှင်အား အာရုံပြုလျှက် ဆွလာသ်ဝတ်ပြုခြင်းမှ သင်တို့လှည့်သွားရန်လည်း ကြိုးပမ်း၏။ ထို့ကြောင့် သင်တို့သည် ထို ဒုစရိုက်မှု များကို ရှောင်ကြဉ်ကြမည်လော။ |
Ghazi Mohammad Hashim မုချဧကန် ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် သေစာအရက် (ကို သောက်စားစေခြင်း) ဖြင့်လည်းကောင်း၊ လောင်းတမ်းကစားစေခြင်းဖြင့်လည်းကောင်း၊ အသင်တို့၏စပ်ကြားဝယ် ရန်ငြိုးပွားမှုကိုလည်းကောင်း၊ မုန်းတီးမှုကိုလည်းကောင်း ဖန်တီးရန်နှင့် အသင်တို့ကို အလ္လာဟ်အရှင်မြတ်အား အောက်မေ့သတိရခြင်းမှလည်းကောင်း၊ ‘ဆွလာသ်’ ဝတ်ပြုခြင်းမှလည်းကောင်း၊ ပိတ်ပင်တားဆီးရန်သာလျှင် ကြံစည်လျက်ရှိလေ၏။ သို့ဖြစ်ပေရာ အသင်တို့သည် (သေစာအရက်သောက်စားခြင်းနှင့် လောင်းတမ်းကစားခြင်းမှ) ရပ်စဲကြပါမည်လော။ (တစ်နည်း) ဤမှတစ်ပါး အခြားမဟုတ် ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် သေရည်သေရက်ဖြင့်လည်းကောင်း၊ အလောင်းအစားဖြင့်လည်းကောင်း၊ အသင်တို့စပ်ကြားတွင် ရန်ငြိုးပွားမှု၊ မုန်းထားမှုများကိုဖြစ်စေလို၏။ ၎င်းပြင် (ရှိုင်တွာန်သည်) အသင်တို့ကို အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသသတိရခြင်းမှလည်းကောင်း၊ ‘ဆွလာသ်’ ဝတ်ပြုခြင်းမှလည်းကောင်း ပိတ်ပင်တားဆီးလို၏။ သို့ဖြစ်ပေရာ အသင်တို့သည် ရပ်တံ့ကြမည်သူများ ဖြစ်ကြသလော။ (ရပ်တန့်ကြမည်လော) (ဝါ) ရပ်တန့်ကြလေကုန်။ |
Hashim Tin Myint စင်စစ် ရှိုင်သွာန်သည် အရက်၊ လောင်းကစားနှင့်ပတ်သက်၍ အသင်တို့ကြားတွင် ရန်ငြိုးမှုနှင့် မုန်းတီးမှုကို ဖြစ်ပေါ်စေရန်နှင့် အသင်တို့အား အလ္လာဟ်အရှင်မြတ်၏သတိရမှုနှင့် စွလာသ်ဝတ်ပြုမှုမှ တားဆီးရန်ကိုသာ ရည်ရွယ်နေသည်။* သို့ဖြစ်ရာ အသင်တို့သည် (အရက်သောက်ခြင်းနှင့် လောင်းကစားခြင်းမှ) ရပ်တန့်ကြမည်လော။(ဝါ) ရပ်တန့်ကြပါ။ |