×

ထိုအခါ ထိုဧည့်သည်တော်တို့က ''အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူ သောအရှင်မြတ် ထိုအတိုင်းပင် မိန့်ကြားတော်မူခဲ့သည်။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိနေတော်မူသောအရှင်၊ 51:30 Burmese translation

Quran infoBurmeseSurah Adh-Dhariyat ⮕ (51:30) ayat 30 in Burmese

51:30 Surah Adh-Dhariyat ayat 30 in Burmese (البورمية)

Quran with Burmese translation - Surah Adh-Dhariyat ayat 30 - الذَّاريَات - Page - Juz 26

﴿قَالُواْ كَذَٰلِكِ قَالَ رَبُّكِۖ إِنَّهُۥ هُوَ ٱلۡحَكِيمُ ٱلۡعَلِيمُ ﴾
[الذَّاريَات: 30]

ထိုအခါ ထိုဧည့်သည်တော်တို့က ''အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူ သောအရှင်မြတ် ထိုအတိုင်းပင် မိန့်ကြားတော်မူခဲ့သည်။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိနေတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: قالوا كذلك قال ربك إنه هو الحكيم العليم, باللغة البورمية

﴿قالوا كذلك قال ربك إنه هو الحكيم العليم﴾ [الذَّاريَات: 30]

Ba Sein
၃ဝ။ သူတို့က ပြန်ပြောသည်မှာ အမြံုဖြစ်စေကာမူ ရှင်မ၏ အရှင်သခင်က ယင်းသို့ဗျာဒိတ်တော်ခတ်နှိပ်တော်မူ၏၊ မုချဧကန်အရှင်မြတ်သည် လိမ်မာတော်မူသောအရှင်၊ သိတော်မူသောအရှင် ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
ထို့အခါ ထိုဧည့်သည်တော်တို့က အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ဤအတိုင်းပင် မိန့်ကြားတော်မူခဲ့သည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် နက်နဲသိမ်မွေ့သော အသိပညာနှင့် ပြည့်စုံတော်မူသောအရှင်၊ (အရာခပ်သိမ်းတို့ကို)အကြွင်းမဲ့သိရှိတော်မူသော အရှင်ဖြစ်တော်မူသည် ဟူ၍ ပြန်ကြားခဲ့ကြကုန်သတည်း။
Hashim Tin Myint
ထိုဧည့်သည်များက ‌ပြောဆိုကြသည်- "အသင်မအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်က ဤသို့ပင် မိန့်‌တော်မူခဲ့သည်။ အမှန်စင်စစ် အရှင်မြတ်သည် ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သော အရှင်ဖြစ်‌တော်မူသည်။" ###၆
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek