وَالذَّارِيَاتِ ذَرْوًا (1) (ငါအရှင်မြတ်သည်) ဝေးလံသောဒေသအထိ ကစဉ်းကလျား လွင့်ပါးစေသောလေများကို သက်သေထူတော်မူ၏။ |
فَالْحَامِلَاتِ وِقْرًا (2) တစ်ဖန် (တိမ်တိုက်များပမာ) ဝန်စည်ဝန်ထုပ်များကိုတင်ဆောင် သယ်ပိုးစေသော (ရေယာဉ်၊ သင်္ဘောနှင့်လေယာဉ် စသည်တို့အတွက် အထောက်အကူပြုသည့်) လေများကို သက်သေထူတော်မူ၏။ |
فَالْجَارِيَاتِ يُسْرًا (3) ထို့ပြင် (လှေသမ္ဗန်သင်္ဘောများအား) ချောမွေ့လွယ်ကူစွာ ရွက်လွင့်ခုတ်မောင်းနိုင်ရန် ညင်သာစွာ လှုပ်ရှား တိုက်ခတ်သော လေများကို သက်သေထူတော်မူ၏။ |
فَالْمُقَسِّمَاتِ أَمْرًا (4) တစ်ဖန် (မိုး၊ လေ၊ စွမ်းအင်၊ မြေဆီလွှာပြောင်းလဲမှုဆိုင်ရာနိယာမတော်နှင့်အခြား မြောက်မြားစွာသော ကျေးဇူးတော်များနှင့်စပ်လျဉ်းသည့် အရှင့်အမိန့်တော်အရ ဖြစ်စေရန်) စီမံချက်အရေးကိစ္စတိုင်းကို ဖြန့်ဖြူး ခွဲဝေပျံ့နှံ့စေသောအရာ (စည်းမျဉ်းနိယာမတော်နှင့်မလာအီကာစေတမန်) များ ကို သက်သေထူတော်မူ၏။ |
إِنَّمَا تُوعَدُونَ لَصَادِقٌ (5) ဧကန်မလွဲ၊ သင်တို့အား ကတိထားတော်မူသည့် (ဆုလဒ်နှင့်ပြစ်ဒဏ်ဆိုင်ရာ) အချက်များသည် မျှတမှန်ကန်စွာ အသေအချာ ဖြစ်လာမည့်အရာများပင် ဖြစ်၏။ |
وَإِنَّ الدِّينَ لَوَاقِعٌ (6) ထို့ပြင် ဧကန်စင်စစ်၊ (လုပ်ရပ်တိုင်းအတွက် အစားပေးမည့်နေ့) နောက်ဆုံး တရားစီရင်တော်မူမည့်နေ့သည် အမှန်ပင် ဆိုက်ရောက်ဖြစ်ပျက်လာမည့်နေ့ ဖြစ်၏။ |
وَالسَّمَاءِ ذَاتِ الْحُبُكِ (7) (ငါအရှင်မြတ်သည် သက်ရှိတို့၏လုပ်ရပ်ဆုတောင်းမှုနှင့်လိုအပ်များကို ဖြည့်ဆည်းစေတော်မူရန်၊ ကောင်းကင်စေတမန်များနှင့်အာကာသဆိုင်ရာ ရုပ်ဝတ္တုများ၏လှုပ်ရှားမှုများအတွက်) လမ်းကြောင်းအပြည့်ပါရှိသော မိုးကောင်းကင်ကို သက်သေထူတော်မူ၏။ |
إِنَّكُمْ لَفِي قَوْلٍ مُّخْتَلِفٍ (8) မလွဲဧကန်၊ သင်တို့သည် (ကျမ်းတော်မြတ်ကုရ်အာန်အား မည်သို့ အဓိပ္ပါယ်ဖွင့်ဆိုရမည်နှင့်ပတ်သက်၍ အမြင်အမျိုးမျိုး) အပြောအဆိုအမျိုးမျိုး၌ အမှန်ပင် ကွဲလွဲကွဲပြားနေကြ၏။ |
يُؤْفَكُ عَنْهُ مَنْ أُفِكَ (9) မည်သူမဆို ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) မှ ထင်ယောင်ထင်မှားဖြစ်လျက် လှည့်စားခံရလျှင် (သူသည် သူ့အတွေးအခေါ် ယုံကြည်မှုနှင့်လုပ်ရပ်များကို ဖြောင့်မတ်မှန်ကန်သောလမ်းစဉ်မှ မျက်နှာလွှဲ ကျောခိုင်းလျက်) မိမိကိုယ်ကို လှည့်စားခြင်းသာဖြစ်၏။ |
قُتِلَ الْخَرَّاصُونَ (10) ထင်မြင်ယူဆချက်များပေါ်တွင် အခြေခံ၍ ရပ်တည်နေကြသော လိမ်ညာလှည့်စားသူများ အရှင်မြတ်၏ မေတ္တာကရုဏာတော်မှ အလှမ်းဝေးပါစေ။ |
الَّذِينَ هُمْ فِي غَمْرَةٍ سَاهُونَ (11) ထိုသူတို့သည် (အမှန်တရားကို) အလေးမထား ဂရုမစိုက်သောကြောင့် ပညာမဲ့မှု၏အသူတစ်ရာနက်သော ချောက်တွင်းထဲ၌ ရှိနေကြ၏။ |
يَسْأَلُونَ أَيَّانَ يَوْمُ الدِّينِ (12) သူတို့သည် (မထီမဲ့မြင်ပြုသောအားဖြင့် လုပ်ရပ်တိုင်းအတွက် အစားပေးမည့်နေ့ဟူသော ထို) “နောက်ဆုံး တရားစီရင်တော်မူမည့်နေ့သည် မည်သည့်အခါ၌ ဖြစ်မည်နည်း။” ဟု မေးမြန်းကြ၏။ |
يَوْمَ هُمْ عَلَى النَّارِ يُفْتَنُونَ (13) ထိုနေ့တွင် သူတို့သည် သူတို့အပေါ် ငရဲမီးဖြင့် ဒဏ်ခတ်နှိပ်စက်စေမည့်နေ့ပင် ဖြစ်၏။ |
ذُوقُوا فِتْنَتَكُمْ هَٰذَا الَّذِي كُنتُم بِهِ تَسْتَعْجِلُونَ (14) (ထိုနေ့တွင် သူတို့အား) “သင်တို့သည် (သင်တို့၏လွတ်လပ်သောဆန္ဒဖြင့် ရှာဖွေဆည်းပူး၍ ကြိုတင်ပို့ နှင့်ထားသော) သင်တို့ပြစ်ဒဏ်၏ရသာကို မြည်းစမ်းကြလော့။ ဤသည်ပင်လျှင် သင်တို့က (လှောင်ပြောင် သရော်သည့်အနေဖြင့်) အလျင်စလို တောင်းဆိုခဲ့ကြသောအရာ ဖြစ်သည်။” (ဟု ပြောဆိုခြင်းခံကြရလိမ့်မည်။) |
إِنَّ الْمُتَّقِينَ فِي جَنَّاتٍ وَعُيُونٍ (15) ဧကန်မလွဲ၊ မွတ္တကီ (အရှင်မြတ်အား စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များကို အရှင့်သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာကျင့်သုံးသူ) သူတော်စင်တို့သည်ကား သုခဥယျာဉ်များနှင့်စိမ့်စမ်းရေများ၌ ရှိနေကြပေမည်။ |
آخِذِينَ مَا آتَاهُمْ رَبُّهُمْ ۚ إِنَّهُمْ كَانُوا قَبْلَ ذَٰلِكَ مُحْسِنِينَ (16) (သူတို့သည်) သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်က ချီးမြှင့်ပေးအပ်တော်မူသည်တို့ကို လက်ခံရယူလျက် (ပျော်မြူးနိုင်ခြင်း၏အကြောင်းရင်းမှာ) ဧကန်ပင်၊ သူတို့သည် ထိုမတိုင်မီ မုဟ်စဲန် (လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသူ) များ ဖြစ်သောကြောင့်တည်း။ |
كَانُوا قَلِيلًا مِّنَ اللَّيْلِ مَا يَهْجَعُونَ (17) သူတို့သည် ညဉ့်တွင် အချိန်အနည်းငယ်မျှသာ အိပ်စက်အနားယူလေ့ရှိ (ပြီး တဟဂျ်ဂျွသ် ညသန်းခေါင်ကျော် ဝတ်ပြုမှုကို မလွတ်တမ်း၊ ဝတ်ပြုလေ့ရှိ) ကြ၏။ |
وَبِالْأَسْحَارِ هُمْ يَسْتَغْفِرُونَ (18) ထို့ပြင် သူတို့သည် (မိုးသောက်ချိန်မတိုင်မီ) ညနောက်ဆုံးအချိန်နာရီတွင် လွတ်ငြိမ်းချမ်းသာခွင့်ကို ပန် ကြားတောင်းခံလေ့ရှိကြ၏။ |
وَفِي أَمْوَالِهِمْ حَقٌّ لِّلسَّائِلِ وَالْمَحْرُومِ (19) ထို့ပြင် သူတို့၏ဥစ္စာဓနပိုင်ဆိုင်မှုများတွင် တောင်းရမ်းသော ဆင်းရဲနွမ်းပါး သူတို့အတွက်လည်းကောင်း၊ (သိက္ခာစောင့်စည်းသောအားဖြင့်) တောင်းရမ်းခြင်း မပြုသော ချို့တဲ့ဆင်းရဲသူတို့အတွက်လည်းကောင်း၊ အခွင့်အရေး (ရသင့်ရထိုက် သောဝေစုဝေပုံ) ထားရှိလေ့ရှိ၏။ |
وَفِي الْأَرْضِ آيَاتٌ لِّلْمُوقِنِينَ (20) စေ့စပ်သေချာစွာ ယုံကြည်လိုသောသူတို့အတွက် မြေကမ္ဘာ၌ (တစ်ဆူတည်းသော အရှင်မြတ်၏နိယာမတော်များနှင့်အချုပ်အခြာကို ထောက်ပြနေသော) အာယသ်သက်သေလက္ခဏာတော်များစွာ ရှိနေ၏။ |
وَفِي أَنفُسِكُمْ ۚ أَفَلَا تُبْصِرُونَ (21) ထို့ပြင် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များတွင်လည်း (သက်သေလက္ခဏာများ) ရှိနေ၏။ သို့ပါလျက် သင်တို့သည် (အမှန်တရားကို) မမြင်ကြလေသလော။ |
وَفِي السَّمَاءِ رِزْقُكُمْ وَمَا تُوعَدُونَ (22) ထို့ပြင် မိုးကောင်းကင်၌လည်း သင်တို့၏ရိက္ခာအထောက်အပံ့များ ရှိနေပြီး (ယင်းတို့သည်) သင်တို့အတွက် ကတိထားတော်မူသည့်အရာများပင် ဖြစ်၏။ |
فَوَرَبِّ السَّمَاءِ وَالْأَرْضِ إِنَّهُ لَحَقٌّ مِّثْلَ مَا أَنَّكُمْ تَنطِقُونَ (23) သို့ဖြစ်ပေရာ မိုးကောင်းကင်နှင့်မြေကမ္ဘာကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသောအရှင်မြတ်အား တိုင်တည်၍ ပြောပါရစေ၊ ဧကန်ပင်၊ ယင်း (ကတိတော်အတိုင်း ရှင်ပြန်ထရခြင်း၊ ရိက္ခာအထောက်အပံ့ရရှိခြင်း၊ သုခဥယျာဉ်နှင့်ငရဲဘုံရှိခြင်း စသည်တို့) သည် သင်တို့ စကားပြောဆိုကြ သကဲ့သို့ ပင် (ကျမ်းတော်၌ ဖော်ပြခဲ့သည့်အချက်အလက်များအတိုင်း တစ်ပုံတည်း ဖြစ်သော) အမှန်တရားပင် ဖြစ်၏။ |
هَلْ أَتَاكَ حَدِيثُ ضَيْفِ إِبْرَاهِيمَ الْمُكْرَمِينَ (24) (အို၊ ရစူလ်တမန်တော်၊) အသင့်ထံသို့ (တမန်တော်) အီဗ်ရာဟီးမ်၏ဂုဏ်သရေရှိ ဧည့်သည်တော်များ၏အကြောင်း ရောက်ရှိခဲ့ပြီ မဟုတ်လော။ |
إِذْ دَخَلُوا عَلَيْهِ فَقَالُوا سَلَامًا ۖ قَالَ سَلَامٌ قَوْمٌ مُّنكَرُونَ (25) ထိုဧည့်သည်တော်တို့သည် တမန်တော်အီဗ်ရာဟီးမ်ထံသို့ ဝင်ရောက်ခဲ့ကြစဉ် “ငြိမ်းချမ်းပါစေ” ဟု စလာမ်မေတ္တာပို့ နှုတ်ဆက်ကြလေရာ သူကလည်း (သူတို့ကို မသိသော်ငြားလည်း) “ငြိမ်းချမ်းပါစေ” ဟု တုံ့ပြန် စလာမ်မေတ္တာပို့ နှုတ်ဆက်လေ၏။ (တမန်တော်အီဗ်ရာဟီးမ်အတွက်) သူစိမ်းတစ်ရံဆံသော လူမျိုးပင် ဖြစ်ကြလေ၏။ |
فَرَاغَ إِلَىٰ أَهْلِهِ فَجَاءَ بِعِجْلٍ سَمِينٍ (26) တစ်ဖန် တမန်တော်အီဗ်ရာဟီးမ်သည် သူ့အိမ်ထဲသို့ ဝင်ပြီးလျှင် (ကင်ထားသော) ဝဖြိုးသည့် နွားကလေး တစ်ကောင်ကို ယူလာခဲ့လေ၏။ |
فَقَرَّبَهُ إِلَيْهِمْ قَالَ أَلَا تَأْكُلُونَ (27) ထို့နောက် ယင်း (ကင်ထားသောနွားကလေး) ကို ထိုဧည့်သည်တို့အပါး၌ ကမ်းလှမ်းလျက် (တည်ခင်း ဧည့်ခံ၍ သူတို့အား) “သင်တို့သည် သုံးဆောင်ကြမည် မဟုတ်လော” ဟု မေးမြန်းခဲ့၏။ |
فَأَوْجَسَ مِنْهُمْ خِيفَةً ۖ قَالُوا لَا تَخَفْ ۖ وَبَشَّرُوهُ بِغُلَامٍ عَلِيمٍ (28) ထို့နောက် သူသည် (သူတို့ မသုံးဆောင်ကြသည်မြင်၍) သူတို့အား ထိတ်လန့်စိုးရိမ်မိသော် သူတို့က “သင်သည် မစိုးရိမ်လေနှင့်။” ဟု ပြောဆိုကြပြီး သူ့အား “အသိပညာနှင့်ပြည့်စုံသော သားရတနာတစ်ပါးနှင့် ပတ်သက်၍ သတင်းကောင်း ပါးခဲ့ကြ၏။” |
فَأَقْبَلَتِ امْرَأَتُهُ فِي صَرَّةٍ فَصَكَّتْ وَجْهَهَا وَقَالَتْ عَجُوزٌ عَقِيمٌ (29) (ထိုသတင်းကောင်းကြားပြီးနောက်) သူ့အမျိုးသမီးသည် (ပူပင်မျှော်ကိုးမှုကို ထင်ရှားစေသော) အာမေဍိတ်အသံဖြင့် သူမ၏မျက်နှာ (နဖူး) ကို ပွတ်သပ်ရိုက်လျက် (ဧည့်သည်တော်ရှိရာဘက်) ရှေ့တိုးချဉ်းကပ်ပြီးလျှင် “မြုံသော၊ အရွယ်အိုအမျိုးသမီး (သားဖွားဦးမည်လော။) ဟု ညည်းညူပြောဆိုခဲ့လေ၏။ |
قَالُوا كَذَٰلِكِ قَالَ رَبُّكِ ۖ إِنَّهُ هُوَ الْحَكِيمُ الْعَلِيمُ (30) ထိုအခါ ထိုဧည့်သည်တော်တို့က ''အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူ သောအရှင်မြတ် ထိုအတိုင်းပင် မိန့်ကြားတော်မူခဲ့သည်။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိနေတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။ |
۞ قَالَ فَمَا خَطْبُكُمْ أَيُّهَا الْمُرْسَلُونَ (31) (ထိုအခါ) ထိုအီဗ်ရာဟီမ်က သို့ဖြစ်လျှင် အသင်တို့၌ မည်သည့် အရေးကိစ္စ ရှိသနည်း။” ဟု မေးမြန်းခဲ့ လေ၏။ |
قَالُوا إِنَّا أُرْسِلْنَا إِلَىٰ قَوْمٍ مُّجْرِمِينَ (32) သူတို့က “ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် ရာဇဝတ်မှုကျူးလွန်သောလူမျိုးတို့ထံ စေလွှတ်တော်မူခြင်း ခံခဲ့ကြ ရသူများ ဖြစ်ကြ၏။” ဟု ပြောဆိုခံကြ၏။ |
لِنُرْسِلَ عَلَيْهِمْ حِجَارَةً مِّن طِينٍ (33) ကျွန်ုပ်တို့သည် သူတို့အပေါ် မြေစေးမှ (ဖုတ်လုပ်ထားသော) ခဲများ (ကန့်မိုး) ကို ရွာသွန်းစေရန်အတွက် (စေလွှတ်ခြင်းခံကြခြင်း) ဖြစ်၏။ |
مُّسَوَّمَةً عِندَ رَبِّكَ لِلْمُسْرِفِينَ (34) (ထိုသို့ ခဲမိုးဖြင့် အရေးယူတော်မူခြင်းသည် သူတို့အားအရှင်မြတ်က ပေးအပ်တော်မူသော စွမ်းရည်များကို) အလွဲသုံးစားပြုလျက် အရှင့်စည်းဘောင်များကို ကျူးလွန်ချိုးဖောက်သူတို့အတွက် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်၌ (လျာထား) မှတ်သားထားတော်မူသောအရာ ပင် ဖြစ်၏။ |
فَأَخْرَجْنَا مَن كَانَ فِيهَا مِنَ الْمُؤْمِنِينَ (35) သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ယင်း (မြို့ရွာဒေသ) ၌ ရှိခဲ့ကြသော သက်ဝင်ယုံကြည်သူတို့အား (ခေါ် ထုတ်) ထွက်ခွာစေတော်မူခဲ့၏။ |
فَمَا وَجَدْنَا فِيهَا غَيْرَ بَيْتٍ مِّنَ الْمُسْلِمِينَ (36) သို့ရာတွင် ငါအရှင်မြတ်သည် ယင်း (မြို့ရွာဒေသ) ၌ (ကိုယ်စိတ်နှလုံးကို အရှင့်ထံ အပ်နှံလျက် အမိန့်တော် ကို နာခံ၍ ငြိမ်းချမ်းရေးလိုလားသော) မွတ်စလင်အိမ်တစ်အိမ်သာလျှင် တွေ့ရှိတော်မူခဲ့၏။ |
وَتَرَكْنَا فِيهَا آيَةً لِّلَّذِينَ يَخَافُونَ الْعَذَابَ الْأَلِيمَ (37) ထို့ပြင် ငါအရှင်မြတ်သည် ယင်း (မြို့ရွာဒေသ) ၌ နာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်ကို ကြောက်ရွံ့စိုးရိမ်သောသူတို့ အကျိုးငှာ အာယသ်သက်သေလက္ခဏာ (နိမိတ်) တစ်ခုကို ကျန်ရစ်ချန်ထားစေတော်မူခဲ့၏။ |
وَفِي مُوسَىٰ إِذْ أَرْسَلْنَاهُ إِلَىٰ فِرْعَوْنَ بِسُلْطَانٍ مُّبِينٍ (38) ထို့ပြင် (စံနမူယူဖွယ်ရာ) တမန်တော်မူဆာ၏သမိုင်းဝင် အရေးကိစ္စ၌လည်း အာယသ်သက်သေလက္ခဏာ တစ်ခုကို ကျန်ရစ်ချန်ထားစေတော်မူခဲ့၏။ ငါအရှင်မြတ်သည် သူ့အား ဖာရိုမင်းဆက်ထံသို့ ထင်ရှားသော အခွင့်အာဏာပါသည့် အထောက်အထားနှင့်တကွ တမန်တော်အဖြစ် စေလွှတ်တော်မူခဲ့၏။ |
فَتَوَلَّىٰ بِرُكْنِهِ وَقَالَ سَاحِرٌ أَوْ مَجْنُونٌ (39) သို့ရာတွင် ဖာရိုမင်းသည် သူ့ကိုထောက်ခံသောအင်အားဖြင့် (အရှင့်အမိန့်ဗျာဒိတ်တော်မှ) မျက်နှာလွှဲ ကျောခိုင်းလျက် တမန်တော်မူဆာအား မှော်ပယောဂဆရာ သို့မဟုတ် “စိတ္တဇဝေဒနာရှင်” ဟု စွပ်စွဲပြော ဆိုခဲ့ကြလေ၏။ |
فَأَخَذْنَاهُ وَجُنُودَهُ فَنَبَذْنَاهُمْ فِي الْيَمِّ وَهُوَ مُلِيمٌ (40) သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ဖာရိုမင်းနှင့်သူ့စစ်တပ်ကို ဖမ်းဆီးအရေးယူတော်မူသည့်အနေဖြင့် သူတို့ကို ပင်လယ်ထဲ၌ ပစ်ချနစ်မြှုပ်စေတော်မူခဲ့ရာ သူသည် (နစ်မြုပ်နေစဉ်) မိမိကိုယ်ကို ပြစ်တင် (၍ နောင်တရခဲ့သော်လည်း အချိန်နှောင်း) ခဲ့ပြီ ဖြစ်၏။ |
وَفِي عَادٍ إِذْ أَرْسَلْنَا عَلَيْهِمُ الرِّيحَ الْعَقِيمَ (41) အလားတူ အာဒ် (လူမျိုးတို့၏သမိုင်းဝင် အရေးကိစ္စ) ၌လည်း (သင်ခန်းစာယူဖွယ်ရာများ ရှိနေ၏)။ ငါအရှင်မြတ်သည် သူတို့အပေါ်၌ မွှေနှောက်ဖျက်ဆီးစေနိုင်စွမ်းရှိသော လေပြင်းမုန်တိုင်းကို စေလွှတ်တော်မူခဲ့၏။ |
مَا تَذَرُ مِن شَيْءٍ أَتَتْ عَلَيْهِ إِلَّا جَعَلَتْهُ كَالرَّمِيمِ (42) ထို (လေပြင်းမုန်တိုင်း) သည် သူတို့အပေါ် ရောက်ရှိသည့်အခါ ယင်းက ပြာပုံပမာ (အနိဠာရုံ) ဖြစ်စေခြင်းမှအပ အခြား မည်သည့်တစ်စုံတစ်ရာကိုမျှ (အကောင်းပကတိ) ချန်မထားခဲ့ပေ။ |
وَفِي ثَمُودَ إِذْ قِيلَ لَهُمْ تَمَتَّعُوا حَتَّىٰ حِينٍ (43) တစ်ဖန် (အမြင်မှန်ရစေရန် ပြစ်ဒဏ်ဆိုင်ငံ့ခွင့် ပေးတော်မူပြီးနောက်) သူတို့အား ''သင်တို့သည် အချိန် ကာလ အနည်းငယ်မျှအထိသာ (လောကီအကျိုးခံစားခွင့်နှင့်ရပိုင်ခွင့်များဖြင့်) အကျိုးခံစားလျက် ပျော်ရွှင်မြူးထူးကြလော့။'' ဟု မိန့်တော်မူခဲ့စဉ် ထိုဆမူးဒ် (လူမျိုးတို့၏သမိုင်းဝင် အရေးကိစ္စ) ၌လည်း (သင်ခန်းစာယူဖွယ်ရာများ ရှိနေ၏)။ |
فَعَتَوْا عَنْ أَمْرِ رَبِّهِمْ فَأَخَذَتْهُمُ الصَّاعِقَةُ وَهُمْ يَنظُرُونَ (44) သို့ရာတွင် သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအ ရှင်မြတ်၏အမိန့်တော်နှင့်ဆန့်ကျင်၍ အာခံပုန်ကန်ခဲ့ကြပေရာ ခပ်အုပ်အုပ်မြည်ဟည်းသည့် တော်လည်းသံသည် (ပြစ်ဒဏ်အဖြစ်ရောက်ရှိလာပြီး) သူတို့အား သူတို့က ကြည့်ရှုနေကြစဉ်ပင် သုတ်ယူကွပ်မျက်ခဲ့လေ၏။ |
فَمَا اسْتَطَاعُوا مِن قِيَامٍ وَمَا كَانُوا مُنتَصِرِينَ (45) ထိုအခါ သူတို့သည် ပြန်လည်နလန်ထူနိုင်စွမ်းမရှိရုံသာမက (တစ်ဦးတစ်ယောက်ထံမှ) အကူအညီလက်ခံ ရရှိကြသူများလည်း မဖြစ်ခဲ့ကြချေ။ |
وَقَوْمَ نُوحٍ مِّن قَبْلُ ۖ إِنَّهُمْ كَانُوا قَوْمًا فَاسِقِينَ (46) ထိုနည်းတူစွာ (ငါအရှင်မြတ်သည် သူတို့မတိုင်မီ) ယခင်က တမန်တော်နူဟ်၏လူမျိုးတို့အားလည်း (ဖျက် ဆီးတော်မူခဲ့၏)။ ဧကန်မလွဲ၊ သူတို့သည် အရှင့်စည်းမျဉ်းဘောင်များကိုအချိုးဖောက်ကျူးလွန် အာခံယုတ်မာသော လူမျိုးများပင် ဖြစ်ကြ၏။ |
وَالسَّمَاءَ بَنَيْنَاهَا بِأَيْدٍ وَإِنَّا لَمُوسِعُونَ (47) ထို့ပြင် ငါအရှင်မြတ်သည် မိုးကောင်းကင်ကို တန်ခိုးအင်အားတော်ဖြင့် တည်ဆောက်တော်မူခဲ့၏။ ဧကန် မလွဲ၊ ငါအရှင်မြတ်သည် ကျယ်ဝန်းလှသော တန်ခိုးအင်အားအလုံးစုံကို ပိုင်ဆိုင်တော်မူ၍ ယင်း (မိုးကောင်းကင်) ကို ကျယ်ပြန့်စေတော်မူ၏။ |
وَالْأَرْضَ فَرَشْنَاهَا فَنِعْمَ الْمَاهِدُونَ (48) ထိုနည်းတူစွာ ငါအရှင်မြတ်သည် မြေကမ္ဘာကို ဖြန့်ခင်းထားတော်မူ၏။ သို့ဖြစ်ပေရာ (ငါအရှင်မြတ်သည် ယင်းကို ပုခက်ပမာ လည်ပတ်လှုပ်ရှားသောအရာဖြစ်စေ၍ လောကီအကျိုး ခံစားခွင့်များရအောင်) အကောင်းမြတ်ဆုံး ဖြန့်ခင်းထားတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။ |
وَمِن كُلِّ شَيْءٍ خَلَقْنَا زَوْجَيْنِ لَعَلَّكُمْ تَذَكَّرُونَ (49) ထို့ပြင် ငါအရှင်မြတ်သည် သင်တို့က သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟလျက် တရားရယူနိုင်ကြရန်အလို့ငှာ အရာခပ်သိမ်းကို အစုံအတွဲဆန့်ကျင်ဖက်နှစ်ခုစသည့်ဒွယံဒွယံအဖြစ် ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။ |
فَفِرُّوا إِلَى اللَّهِ ۖ إِنِّي لَكُم مِّنْهُ نَذِيرٌ مُّبِينٌ (50) သို့ဖြစ်ပေရာ သင်တို့သည် (ခိုလှုံခွင့်ရရန်အတွက်) အလ္လာဟ်အရှင်မြတ်ထံတော်သို့ ပြေးလွှားကြလော့။ ဧကန်စင်စစ်၊ (အရှင်မြတ်က သတင်းဆောင် ရစူလ်တမန်တော်အဖြစ်ခန့် အပ်တော်မူသော) ကျွန်ုပ်သည် သင်တို့အတွက် ထိုအရှင်မြတ်ထံတော်မှ မြင်သာထင်ရှားသော သတိပေးနှိုးဆော်သူတစ်ဦး ဖြစ်၏။ |
وَلَا تَجْعَلُوا مَعَ اللَّهِ إِلَٰهًا آخَرَ ۖ إِنِّي لَكُم مِّنْهُ نَذِيرٌ مُّبِينٌ (51) ထို့ပြင် သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကို ကိုးကွယ်ရာအဖြစ် (အယူထား ဆည်းကပ်ကိုးကွယ်ရန်) တုပြိုင်ဖက်စပ်၍ မစီမံ မဖန်တီးကြလေနှင့်။ ဧကန်ပင်၊ (အရှင်မြတ်က သတင်းဆောင် ရစူလ်တမန်တော်အဖြစ်ခန့် အပ်တော်မူသော) ကျွန်ုပ်သည် သင်တို့အတွက် ထိုအရှင်မြတ်ထံတော်မှ မြင်သာထင်ရှားသော သတိပေးနှိုးဆော်သူတစ်ဦး ဖြစ်၏။ |
كَذَٰلِكَ مَا أَتَى الَّذِينَ مِن قَبْلِهِم مِّن رَّسُولٍ إِلَّا قَالُوا سَاحِرٌ أَوْ مَجْنُونٌ (52) ထိုနည်းတူစွာ သင်တို့အလျင်ရှိခဲ့ကြသောသူတို့ထံသို့ မည်သည့် သတင်းဆောင်ရစူလ်တမန်တော်တစ်ပါး ရောက်လာခဲ့သည်ဖြစ်စေ၊ သူတို့ကလည်း (သင်တို့ကဲ့သို့ပင် ထိုရစူလ်တမန်တော်အား) မှော်ပယောဂဆရာ သို့မဟုတ် “စိတ္တဇဝေဒနာရှင်” ဟု စွပ်စွဲပြောဆိုခဲ့ကြလေ၏။ |
أَتَوَاصَوْا بِهِ ۚ بَلْ هُمْ قَوْمٌ طَاغُونَ (53) သူတို့သည် ယင်း (စွပ်စွဲပြောဆိုမှုမျိုး) ကို အချင်းချင်း တစ်ဦးကိုတစ်ဦး နောင်လာနောင်သားတို့အတွက် လက်ဆင့်ကမ်းခဲ့ကြလေသလော။ ထိုသို့ အလျှင်းမဟုတ်။ အမှန်မှာ သူတို့ (အားလုံး) သည်ကား အာခံပုန်ကန်သောလူမျိုးများသာ ဖြစ်ခဲ့ကြ၏။ |
فَتَوَلَّ عَنْهُمْ فَمَا أَنتَ بِمَلُومٍ (54) သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် (သူတို့အား ဥပေက္ခာပြု၍) သူတို့ (နှင့်ငြင်းခုံခြင်း) မှ ကျောခိုင်းလှည့်ပြန်လော့။ ထိုသို့လုပ်ခဲ့လျှင် အသင်သည် အလျှင်း ပြစ်တင်ခံရမည် မဟုတ်ပေ။ |
وَذَكِّرْ فَإِنَّ الذِّكْرَىٰ تَنفَعُ الْمُؤْمِنِينَ (55) ထို့ပြင် အသင်သည် (ဆုံးမသြဝါဒများ ပါရှိပြီး သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာဖြစ်သော ကျမ်းတော်ဖြင့်) သတိပေးနှိုးဆော်လော့။ အကြောင်းမှာ မုချဧကန်၊ ထိုသတိပေးနှိုးဆော်စရာသည်ပင် သက်ဝင် ယုံကြည်သူတို့အား အကျိုးရှိစေမည် ဖြစ်၏။ |
وَمَا خَلَقْتُ الْجِنَّ وَالْإِنسَ إِلَّا لِيَعْبُدُونِ (56) စင်စစ်သော်ကား ငါအရှင်မြတ်သည် ဂျင်န်နှင့်မနုဿလူသားတို့အား ငါအရှင်မြတ်တစ်ဆူးတည်းကိုသာ ယုံကြည်ကိုးကွယ်၍ (ငါအရှင်မြတ်၏အမိန့်တော်နှင့်နိယာမတရားများကို) နာခံလိုက်နာ ကြရန်အတွက်သာလျှင် ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။ |
مَا أُرِيدُ مِنْهُم مِّن رِّزْقٍ وَمَا أُرِيدُ أَن يُطْعِمُونِ (57) ငါအရှင်မြတ်သည် သူတို့ထံမှ ရိက္ခာအထောက်အပံ့ကို အလိုရှိတော်မူသည် မဟုတ်ပေ။ ငါအရှင်မြတ်သည် သူတို့က (ဆွမ်းကပ်ခြင်းနှင့်ဆီမီးပူဇော်ခြင်းဖြင့်) ငါအရှင်မြတ်အား ကျွေးမွေးကြရန်ကိုလည်း အလိုရှိတော်မူသည် မဟုတ်ပေ။ |
إِنَّ اللَّهَ هُوَ الرَّزَّاقُ ذُو الْقُوَّةِ الْمَتِينُ (58) ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည်သာ (သက်ရှိအားလုံးကို) ရိက္ခာအထောက်အပံ့များ ချီးမြှင့်ပေးအပ်တော်မူသောအရှင်၊ စွမ်းအားတန်ခိုးအလုံးစုံကိုဆိုင်တော်မူသောအရှင်၊ စွမ်းအင်၊ အင်အား၊ အားလုံးကို စိုးပိုင်တော်မူသောအရှင်၊ ဖြစ်တော်မူ၏။ |
فَإِنَّ لِلَّذِينَ ظَلَمُوا ذَنُوبًا مِّثْلَ ذَنُوبِ أَصْحَابِهِمْ فَلَا يَسْتَعْجِلُونِ (59) သို့ဖြစ်ပေရာ အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့အတွက် (သူတို့နှင့်ဝါဒတူကြသော) သူတို့အပေါင်းအဖော်များ၏ပြစ်မှုဆိုင်ရာပြစ်ဒဏ်ဝေစုကဲ့သို့ပင် ပြစ်ဒဏ်၏ဝေစုဝေပုံ ရှိစေမည်။ သို့ဖြစ်ပေရာ သူတို့သည် ငါအရှင်မြတ်ထံ (ပြစ်ဒဏ်ကို) အလျင်စလို မတောင်းဆိုမိကြစေနှင့်။ |
فَوَيْلٌ لِّلَّذِينَ كَفَرُوا مِن يَوْمِهِمُ الَّذِي يُوعَدُونَ (60) ထိုသို့ဖြင့် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို ဖီဆန်ငြင်းပယ်သူ) တို့သည် သူတို့အတွက် ကတိ ထားတော်မူသည့် နေ့ရက်တွင် ဒုက္ခလှလှနှင့် ကြုံတွေ့၍ ပျက်စီးကြစေ။ |