Quran with Burmese translation - Surah Adh-Dhariyat ayat 48 - الذَّاريَات - Page - Juz 27
﴿وَٱلۡأَرۡضَ فَرَشۡنَٰهَا فَنِعۡمَ ٱلۡمَٰهِدُونَ ﴾
[الذَّاريَات: 48]
﴿والأرض فرشناها فنعم الماهدون﴾ [الذَّاريَات: 48]
Ba Sein ၄၈။ ထို့အပြင် ငါသည် မဟာပထဝီမြေကြီးကို ကျယ်ဝန်းပြန့်ပြူးစွာခင်းကျင်းထားတော်မူ၏၊ ဤသို့ခင်းကျင်းတော်မူ ထသောအရှင်သည် မဟာကရုဏာတော်သခင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim ထိုနည်းတူစွာ ငါအရှင်မြတ်သည် ပထဝီမြေကို ခင်းကျင်းတော်မူခဲ့၏။ စင်စစ်မှာကား (ငါအရှင်မြတ်သည်)လွန်စွာကောင်းမြတ်သော ခင်းကျင်းတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ |
Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်သည် မြေပထဝီကို ခင်းကျင်းတော် မူခဲ့သည်။ ထို့ပြင် (ငါအရှင်မြတ်သည်)အဘယ်မျှကောင်းစွာ ခင်းကျင်းသည့်အရှင်မြတ်ဖြစ်လိုက်သနည်း။ |