×

သို့တည်းမဟုတ် သူတို့အတွက် အလ္လာဟ်အရှင်မြတ်အပြင် အခြားကိုးကွယ်ထိုက်သော ကိုးကွယ်ရာ အရှင်တစ်ပါးပါးရှိလေသလော။ အလ္လာဟ်အရှင်မြတ်သည် သူတို့က အရှင်မြတ်နှင့်တွဲဖက်နှိုင်း၍ ကိုးကွယ်ကြသော ကိုးကွယ်ရာများမှ ကင်းရှင်းတော်မူကြောင်းနှင့် 52:43 Burmese translation

Quran infoBurmeseSurah AT-Tur ⮕ (52:43) ayat 43 in Burmese

52:43 Surah AT-Tur ayat 43 in Burmese (البورمية)

Quran with Burmese translation - Surah AT-Tur ayat 43 - الطُّور - Page - Juz 27

﴿أَمۡ لَهُمۡ إِلَٰهٌ غَيۡرُ ٱللَّهِۚ سُبۡحَٰنَ ٱللَّهِ عَمَّا يُشۡرِكُونَ ﴾
[الطُّور: 43]

သို့တည်းမဟုတ် သူတို့အတွက် အလ္လာဟ်အရှင်မြတ်အပြင် အခြားကိုးကွယ်ထိုက်သော ကိုးကွယ်ရာ အရှင်တစ်ပါးပါးရှိလေသလော။ အလ္လာဟ်အရှင်မြတ်သည် သူတို့က အရှင်မြတ်နှင့်တွဲဖက်နှိုင်း၍ ကိုးကွယ်ကြသော ကိုးကွယ်ရာများမှ ကင်းရှင်းတော်မူကြောင်းနှင့် (ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့အရှင် ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်ထားတော်မူသော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။

❮ Previous Next ❯

ترجمة: أم لهم إله غير الله سبحان الله عما يشركون, باللغة البورمية

﴿أم لهم إله غير الله سبحان الله عما يشركون﴾ [الطُّور: 43]

Ba Sein
၄၃။ သို့မဟုတ် သူတို့မှာ အလ္လာဟ်အရှင်မြတ်မှတပါး အခြားအရှင်သခင်ရှိသလော၊ အလ္လာဟ်အရှင်မြတ်သည် သူတို့တွဲဖက်သောဘုရားတုဘုရားယောင်များထက် မြင့်မြတ်တော်မူထသောအနန္တဂုဏ်တော်ရှင်ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
သို့တည်းမဟုတ် ၎င်းတို့၌ အလ္လာဟ်အရှင်မြတ် အပြင် ကိုးကွယ်ရာအရှင်မြတ် တစ်ပါးပါးရှိလေသလော။အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ တွဲဖက် ကိုးကွယ်ကြသည်တို့မှ လုံးဝစင်ကြယ် သန့်ရှင်းတော်မူပေသတည်း။
Hashim Tin Myint
သို့မဟုတ် သူတို့တွင် အလ္လာဟ် အရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင်တစ်ပါးပါးရှိ‌နေကြပါ သ‌လော။ အလ္လာဟ် အရှင်မြတ်သည် သူတို့ တွဲဖက်ကိုးကွယ်ကြသည်များမှ လုံးဝ စင်ကြယ်သန့်ရှင်း‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek