×

သို့တည်းမဟုတ် သူတို့သည် (တမန်တော်မြတ်၏အရှင့်အမိန့်တော်အား လူသားထံအရောက် သွန်သင် ပို့ချခြင်းတာဝန်၌ အ​ရေးနိမ့်စေရန် အကွက်ဆင်၍) အကြံအစည်တစ်ခုကို ကြံစည်ရန် ရည်ရွယ်ကြလေသလော။ သို့ဖြစ်လျှင် 52:42 Burmese translation

Quran infoBurmeseSurah AT-Tur ⮕ (52:42) ayat 42 in Burmese

52:42 Surah AT-Tur ayat 42 in Burmese (البورمية)

Quran with Burmese translation - Surah AT-Tur ayat 42 - الطُّور - Page - Juz 27

﴿أَمۡ يُرِيدُونَ كَيۡدٗاۖ فَٱلَّذِينَ كَفَرُواْ هُمُ ٱلۡمَكِيدُونَ ﴾
[الطُّور: 42]

သို့တည်းမဟုတ် သူတို့သည် (တမန်တော်မြတ်၏အရှင့်အမိန့်တော်အား လူသားထံအရောက် သွန်သင် ပို့ချခြင်းတာဝန်၌ အ​ရေးနိမ့်စေရန် အကွက်ဆင်၍) အကြံအစည်တစ်ခုကို ကြံစည်ရန် ရည်ရွယ်ကြလေသလော။ သို့ဖြစ်လျှင် မယုံကြည်သူ (အရှင့်အမိန့်တော်များကို ဖီဆန်ငြင်းပယ်သူ) တို့သည်ပင် လျှင် သူတို့၏အကြံ အစည်များထဲ၌ ချောင်ပိတ်မိ၍ ငြိစွန်းလျက်) ရှိနေကြ၏။

❮ Previous Next ❯

ترجمة: أم يريدون كيدا فالذين كفروا هم المكيدون, باللغة البورمية

﴿أم يريدون كيدا فالذين كفروا هم المكيدون﴾ [الطُّور: 42]

Ba Sein
၄၂။ သို့မဟုတ် သူတို့သည် တမန်တော်ကို ဥပါယ်တမည်ဖြင့် လှည့်စားဖို့ရာ ကြံစည်ကြသလော၊ သို့သော်မယုံကြည် သူတို့သာလျှင် လှည့်ဖြားခြင်းခံကြရ၏။
Ghazi Mohammad Hashim
သို့တည်းမဟုတ် ၎င်းတို့သည် တစ်စုံတစ်ရာမကောင်း ကြံစည်ရန် ရည်ရွယ်ကြလေသလော။ သို့ ဖြစ်လျှင် 'ကာဖိရ်' သွေဖည် ငြင်းပယ်ကြကုန်သော သူတို့သည်ပင်လျှင် မကောင်းသော အကြံအစည်၌ မိနေကြကုန်၏။
Hashim Tin Myint
သို့မဟုတ် သူတို့သည် တစ်စုံတစ်ခု မ‌ကောင်းကြံစည်ရန် ရည်ရွယ်ကြပါသ‌လော။ ထိုသို့ဆိုလျှင် ကာဖိရ် များပင် မ‌ကောင်းသည့်အကြံအစည်ထဲတွင် မိ‌နေကြသည်။ ###၅
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek