Quran with Burmese translation - Surah AT-Tur ayat 45 - الطُّور - Page - Juz 27
﴿فَذَرۡهُمۡ حَتَّىٰ يُلَٰقُواْ يَوۡمَهُمُ ٱلَّذِي فِيهِ يُصۡعَقُونَ ﴾
[الطُّور: 45]
﴿فذرهم حتى يلاقوا يومهم الذي فيه يصعقون﴾ [الطُّور: 45]
Ba Sein ၄၅။ အို-တမန်တော်မိုဟမ္မဒ်၊ ထိုသူတို့သည် ၎င်းတို့၏ နေ့တော်ကြီးကို တွေ့မြင်ရသည့်တိုင်အောင် သူတို့ကို လျစ်လျူရှုလော့၊ ထိုနေ့တော်ကြီး၌ သူတို့သည် မိုးကြိုးအပစ်ခံကြရလတ့ံ။ |
Ghazi Mohammad Hashim သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား ၎င်းတို့၏အကြင်နေ့နှင့် တွေ့ကြုံကြရသည်အထိ စွန့်လွှတ်၍ ထားရှိပါလေ၊ ထိုနေ့တွင် ၎င်းတို့သေဆုံးကြပေမည်။ |
Hashim Tin Myint သို့ဖြစ်ရာ အသင်(တမန်တော်)သည် သူတို့အား (ဤအတိုင်းပင်)လွှတ်ထားလိုက်ပါ။ နောက်ဆုံးတွင်သူတို့သည် သူတို့ ၏နေ့ဖြစ်သော သတိလက်လွတ်ဆုံးရှုံးရမည့်နေ့နှင့် ကြုံတွေ့ရမည် ဖြစ်သည်။ |