×

(သို့ဖြစ်ပေရာ) အသင် (တမန်တော်) သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင် စေတော်မူသောအရှင်မြတ်၏အမိန့်တော် (စီမံချက်) များကို (အကောင်အတည်ဖော် ဆောင်ရွက်ရာ၌ 52:48 Burmese translation

Quran infoBurmeseSurah AT-Tur ⮕ (52:48) ayat 48 in Burmese

52:48 Surah AT-Tur ayat 48 in Burmese (البورمية)

Quran with Burmese translation - Surah AT-Tur ayat 48 - الطُّور - Page - Juz 27

﴿وَٱصۡبِرۡ لِحُكۡمِ رَبِّكَ فَإِنَّكَ بِأَعۡيُنِنَاۖ وَسَبِّحۡ بِحَمۡدِ رَبِّكَ حِينَ تَقُومُ ﴾
[الطُّور: 48]

(သို့ဖြစ်ပေရာ) အသင် (တမန်တော်) သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင် စေတော်မူသောအရှင်မြတ်၏အမိန့်တော် (စီမံချက်) များကို (အကောင်အတည်ဖော် ဆောင်ရွက်ရာ၌ ကြုံတွေ့ သမျှ ဒုက္ခအခက်အခဲများကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံလော။ အကြောင်းသော်ကား အသင်သည် ငါအရှင်မြတ်၏ ကြည့်ရှုစောင့်ရှောက်မှုအောက်တွင် ရှိနေသောကြောင့်ပင် ဖြစ်၏။ ထို့ပြင် အသင်သည် (ဆွလာသ်ဝတ်ပြုမှုအတွက်) ရပ်တည်စဉ်ကာလ၌ အသင့်အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်အား ချီးမွမ်းခြင်း ကျေးဇူးတင်ခြင်း နှင့်တကွ (အရှင်မြတ်သည် ချို့တဲ့မှု လုံးဝကင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော် မမူခြင်းနှင့် ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံး ကိုပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူခြင်း တို့ကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်လော့။

❮ Previous Next ❯

ترجمة: واصبر لحكم ربك فإنك بأعيننا وسبح بحمد ربك حين تقوم, باللغة البورمية

﴿واصبر لحكم ربك فإنك بأعيننا وسبح بحمد ربك حين تقوم﴾ [الطُّور: 48]

Ba Sein
၄၈။ ထို့ကြောင့် အို-မိုဟမ္မဒ်၊ သင်၏ အရှင်သခင်၏ စီရင်ချက်ဗျာဒိတ်တော်ကိုသာ စိတ်ရှည်လက်ရှည်မျှော်လင့် စောင့်ဆိုင်းလော့၊ အကြောင်းမူကား သင်သည် မုချဧကန် ငါ၏မျက်မှောက်တော်တွင် ရှိ၏၊ သင်သည် နံနက်အိပ်ရာမှ ထသောအခါ သင်၏အရှင်သခင်၏ ကျေးဇူးတော်ကို ချီးကျုးလော့။
Ghazi Mohammad Hashim
(သို့ဖြစ်ပေရာ) အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကို သည်းခံ၍စောင့်ဆိုင်းပါလေ။ အကြောင်းသော်ကား အသင်သည် ငါအရှင်မြတ်၏ ကြည့်ရှုစောင့်ရှောက်မှုအောက်တွင် ရှိနေသောကြောင့်ပင်။ ထိုမှတစ်ပါး အသင်သည် (ထိုင်ရာမှပြန်)ထသောအခါ အသင့်အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်အား ချီးမွမ်း ထောပနာပြုခြင်းနှင့်တကွ (ထိုအရှင်မြတ်)စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆိုပါလေ။
Hashim Tin Myint
ထို့ပြင် အသင်(တမန်‌တော်)သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏အမိန့်‌တော်ကို သည်းခံပြီး ‌စောင့်ဆိုင်းပါ။ အဘယ့်‌ကြောင့်ဆို‌သော် အမှန်စင်စစ် အသင်သည် ငါအရှင်မြတ်၏ ကြည့်ရှု‌စောင့်‌ရှောက်မှု‌အောက်တွင် ရှိ‌နေ‌သော‌ကြောင့်ဖြစ်သည်။ ထို့ပြင် အသင်သည် မတ်တတ်ရပ်သည့်အခါ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား ချီးမွမ်းမှုနှင့် တကွ (အရှင်မြတ်) စင်ကြယ်သန့်ရှင်း‌တော်မူ‌ကြောင်း ရွတ်ဆိုပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek