Quran with Burmese translation - Surah An-Najm ayat 23 - النَّجم - Page - Juz 27
﴿إِنۡ هِيَ إِلَّآ أَسۡمَآءٞ سَمَّيۡتُمُوهَآ أَنتُمۡ وَءَابَآؤُكُم مَّآ أَنزَلَ ٱللَّهُ بِهَا مِن سُلۡطَٰنٍۚ إِن يَتَّبِعُونَ إِلَّا ٱلظَّنَّ وَمَا تَهۡوَى ٱلۡأَنفُسُۖ وَلَقَدۡ جَآءَهُم مِّن رَّبِّهِمُ ٱلۡهُدَىٰٓ ﴾
[النَّجم: 23]
﴿إن هي إلا أسماء سميتموها أنتم وآباؤكم ما أنـزل الله بها من﴾ [النَّجم: 23]
Ba Sein ၂၃။ ဟယ်-မယုံကြည်သူတို့၊ ထိုဘုရားတုတို့၏ အမည်များမှာ သင်တို့နှင့် သင်တို့၏မိဘဘိုးဘွားတို့ပေးသောအမည် များသာတည်း၊ အလ္လာဟ်အရှင်မြတ်သည် ထို့အတူဘုရားတို့ကို အသိအမှတ်ပြုတော်မူကြောင်း ဗျာဒိတ်ပေးတော် မမူချေ၊ စင်စစ်အားဖြင့် ဤအယူမှားသူတို့သည် မိမိတို့ထင်မိထင်ရာယမ်းဆတွေးတောရာနှင့် မိမိအလိုရှိရာ တို့ကိုသာ ခဝပ်ကိုးကွယ်ကြ၏၊ ယခုမူကား သူတို့၏အရှင်သခင်ထံတော်မှ သူတို့ထံသို့ လမ်းညွှန်တော်ကျရောက် လာပြီ။ |
Ghazi Mohammad Hashim ယင်း(ဆိုခဲ့ပြီးသော ရုပ်တု)တို့မှာ အသင်တို့ ကိုယ်တိုင်သည်လည်းကောင်း၊ အသင်တို့၏ အဘ၊ ဘိုး ဘေးတို့သည်လည်းကောင်း၊ မှည့်ခေါ်ထားသော အမည်နာမများသာလျှင် ဖြစ်ကြကုန်၏။ အလ္လာဟ်အရှင်မြတ်သည် ယင်းတို့(ကိုကိုးကွယ်ရန်)နှင့် စပ်လျဉ်း၍ မည်သည့်သက်သေသာဓက တစ်စုံတစ်ရာကိုမျှပင် ချပေးတော်မူခဲ့သည် မဟုတ်ပေ။ ထိုသူတို့ကား ရမ်းဆထင်မြင်ချက်နှင့် စိတ်အလိုဆန္ဒများကိုသာလျှင် လိုက်နာလျက် ရှိကြကုန်၏။ အမှန်မှာ ၎င်းတို့ထံသို့ ၎င်းတို့၏ အရှင်ထံမှ အမှန်တရားသည် ရောက်ရှိလာခဲ့ချေပြီ။ |
Hashim Tin Myint ထို(ရုပ်တု)များသည် အသင်တို့ကိုယ်တိုင်နှင့် အသင်တို့၏ အဘ၊ ဘိုး၊ ဘေးများက မှည့်ခေါ်ထားသော အမည်များပင်ဖြစ်ကြသည် ။ အလ္လာဟ်အရှင်မြတ်သည် ထိုအရာများနှင့်ပတ်သက်၍မည်သည့်အထောက်အထားမျှ ချပေးခဲ့ခြင်းမရှိပေ။ သူတို့သည် ရမ်းဆထင်မြင်မှုနှင့်စိတ်အလိုဆန္ဒများကိုပင် လိုက်နာနေကြခြင်းဖြစ်သည်။ အမှန်စင်စစ်သူတို့ထံသို့ သူတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတော်မှ အမှန်တရားသည် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ |