×

Surah An-Najm in Burmese

Quran Burmese ⮕ Surah Najm

Translation of the Meanings of Surah Najm in Burmese - البورمية

The Quran in Burmese - Surah Najm translated into Burmese, Surah An-Najm in Burmese. We provide accurate translation of Surah Najm in Burmese - البورمية, Verses 62 - Surah Number 53 - Page 526.

بسم الله الرحمن الرحيم

وَالنَّجْمِ إِذَا هَوَىٰ (1)
(ငါအရှင်မြတ်သည်) ကြယ်တာရာအား (ယင်း၏) ကျဆင်းပျောက်ကွယ်သွားစဉ် (အခြေအနေ) ကို သက်သေထူတော်မူ၏။
مَا ضَلَّ صَاحِبُكُمْ وَمَا غَوَىٰ (2)
သင်တို့၏အဖော် (တမန်တော်မြတ်မုဟမ္မဒ်) သည် လမ်းလွဲခဲ့သည် မဟုတ်သည့်အပြင် မှားယွင်းသောအရာ (ယုံကြည်မှုနှင့်လုပ်ရပ်) ပေါ် ရပ်တည်လိုက်နာခဲ့သည်လည်း မဟုတ်ပေ။
وَمَا يَنطِقُ عَنِ الْهَوَىٰ (3)
ထို့ပြင် ထိုအဖော် (တမန်တော်မြတ်မုဟမ္မဒ်) သည် စိတ်အလိုဆန္ဒအရ (သူပြောလိုသည်ကို မည်သည့် အခါမျှ) ပြောဆိုလေ့ရှိသည် မဟုတ်ပေ။
إِنْ هُوَ إِلَّا وَحْيٌ يُوحَىٰ (4)
ထိုအဖော် (တမန်တော်မြတ်မုဟမ္မဒ်) က (သင်တို့အား သွန်သင်ပို့ချသမျှသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ) ထုတ်ပြန်ချမှတ်ပေးအပ်သော ထုတ်ပြန်ချက် (ဝဟီအမိန့်ပညတ်ချက်) များမှအပ အခြား မဟုတ်ပေ။
عَلَّمَهُ شَدِيدُ الْقُوَىٰ (5)
ထိုအဖော်အား သင်ကြားပို့ချခဲ့သောသူသည် (အရှင်မြတ်ခန့်အပ်တော်မူသည့် ကောင်းကင်စေတမန် ဂျီဗ်ရီးလ်ခေါ်) တိကျခိုင်လုံမြဲမြံသော စွမ်းရည်ပိုင်ရှင်ပင် ဖြစ်၏။
ذُو مِرَّةٍ فَاسْتَوَىٰ (6)
(တမန်တော်မြတ်မုဟမ္မဒ်သည် အရှင့်ဉာဏ်တော်အနန္တမှ ချီးမြှင့်တော်မူသော ပြည့်ဝသည့် ကိုယ်ကျင့်တရား၊ သီလ၊ ယုံကြည်မှုနှင့်စိတ်ရင်းစေတနာသန့်ရှင်းဖြူစင်မှုတို့အပြင် ဝဟီအမိန့်တော်များကို လက်ခံရယူနိုင်သော) ခိုင်မာပြတ်သားသည့် အရည်အချင်းပိုင်ရှင်ဖြစ်သောကြောင့် (အရှင်မြတ်၏ခွင့်ပြုချက်ဖြင့် စိတ်ဝိဉာဏ်များထဲသို့ တိုးဖောက်ဝင်နိုင်စွမ်းရှိသော အရှင့်စေတမန်က အရှင့်အမိန့်တော်များကို) တိကျပြတ်သား၍ ထင်ရှား ရှင်းလင်းစွာ ပို့ချနိုင်ခဲ့၏။
وَهُوَ بِالْأُفُقِ الْأَعْلَىٰ (7)
(တမန်တော်မြတ်မုဟမ္မဒ်သည် အရှင့်ဉာဏ်တော်အနန္တမှ ချမှတ်ပေးအပ်တော်မူသော ဝဟီအမိန့်တော် ထုတ် ပြန်ပို့ချခြင်းခံရမှုကြောင့် လူ့ဉာဏ်ရည်မမီနိုင်သော) မိုးကုပ်စက်ဝိုင်းအထိ လွှမ်းခြုံသိနိုင်သော အထွတ်အမြတ်ဆုံးသို့ ရောက်ခဲ့၏။
ثُمَّ دَنَا فَتَدَلَّىٰ (8)
ထို့နောက် သူသည် (စကြဝဠာဆိုင်ရာ ပကတိအမှန်တရားများနှင့်အနီးစပ်ဆုံးဖြစ်ပြီး အရှင့်အမိန့်တော်များနှင့်နိယာမတရားများကိုလည်း ဂဃနဏ သိနားလည်လျက် လူသားတို့အား ရှင်းပြနိုင်ရန် သာမန် လူသား အဆင့်သို့) ချဉ်းကပ်လာသောကြောင့် (လူသားတို့နှင့်) သဟဇာတအဖြစ်ဆုံး အဆင့်သို့ ချဉ်းကပ်လာခဲ့၏။
فَكَانَ قَابَ قَوْسَيْنِ أَوْ أَدْنَىٰ (9)
ထိုသို့ပင် (ကောင်းကင်စေတမန် ဂျီဗ်ရီးလ်နှင့်တမန်တော်မြတ်တို့၏) အကွာအဝေးသည်လည်း လေးနှစ် ပြန်မျှသာ သို့တည်းမဟုတ် ထို့ထက်ပင် ပိုမို၍ နီးကပ်စွာရှိ (သောကြောင့် ဒွိဟသံသယ ဖြစ်စရာ အကြောင်း မရှိနိုင်အောင် အရှင့်အမိန့်တော်များကို တိကျရှင်းလင်းစွာ လက်ခံရယူနိုင်) ခဲ့၏။
فَأَوْحَىٰ إِلَىٰ عَبْدِهِ مَا أَوْحَىٰ (10)
ထိုသို့ဖြင့် ထိုအရှင်မြတ်သည် အရှင့်အစေခံ၊ အမှုတော်ဆောင် (မုဟမ္မဒ်) ထံသို့ ထုတ်ပြန်ပို့ချပေးတော်မူ စရာဟူသမျှကို ဝဟီအမိန့်ထုတ်ပြန်ချက်များကို ထုတ်ပြန်ပို့ချ၍ ချမှတ်ပေးအပ်တော်မူလေ၏။
مَا كَذَبَ الْفُؤَادُ مَا رَأَىٰ (11)
(တမန်တော်မြတ်၏) စိတ်နှလုံးသည် သူက မျက်ဝါးထင်ထင်တွေ့မြင်ခဲ့သော အရာများနှင့်ကွဲလွဲ ဆန့် ကျင်စရာအကြောင်း မရှိခဲ့ပေ။
أَفَتُمَارُونَهُ عَلَىٰ مَا يَرَىٰ (12)
သို့ပါလျက် သင်တို့သည် တမန်တော်မြတ်က တွေ့မြင်ခဲ့သောအရာများနှင့်စပ်လျဉ်း၍ အချင်းချင်း အပြန်အလှန် ငြင်းခုံလိုကြလေသလော။
وَلَقَدْ رَآهُ نَزْلَةً أُخْرَىٰ (13)
ထို့ပြင် ဧကန်ပင်၊ တမန်တော်မြတ်သည် ကောင်းကင်စေတမန် (ဂျီဗ်ရီးလ်) အား ဒုတိယအကြိမ် ဆင်းသက်ရာစဉ်လည်း တွေ့မြင်ခဲ့၏။
عِندَ سِدْرَةِ الْمُنتَهَىٰ (14)
(အရှင့်အမိန့်ခွင့်ပြုချက်ဖြင့် လူသားတို့ ဉာဏ်ရည်မမီနိုင်သော) စည်းဘောင်၏အစွန်အဖျား၌ရှိသော (အရှင့်အရိပ်အာဝါသ၊ လုံခြုံမှုနှင့်တည်ငြိမ်အေးချမ်းမှုကို ကိုယ်စားပြုသော) ဆီးပင်၏အနီးအနားတွင် ဖြစ်၏။
عِندَهَا جَنَّةُ الْمَأْوَىٰ (15)
ယင်းဆီးပင်၏အနီး၌ပင် ခိုလှုံစရာနှင့်နေထိုင်စရာဖြစ်သော သုခဥယျာဉ် ရှိ၏။
إِذْ يَغْشَى السِّدْرَةَ مَا يَغْشَىٰ (16)
(အရှင့်အရိပ်အာဝါသ၊ လုံခြုံမှုနှင့်တည်ငြိမ်အေးချမ်းမှုကို ကိုယ်စားပြုသော) ဆီးပင်ကို လွှမ်းခြုံဖုံးကွယ်စေသောအရာအား လွှမ်းခြုံဖုံးကွယ်ထားသည့်အခါ။
مَا زَاغَ الْبَصَرُ وَمَا طَغَىٰ (17)
(တမန်တော်မြတ်၏အမြင်အာရုံသည် အရှင့်လုံခြုံမှုစက်ကွင်းအတွင်းရှိနေသောကြောင့် မည်သည့်အရာကို မြင်သည်ဖြစ်စေ၊ မည်သည့်နေရာ၌ မြင်သည်ဖြစ်စေ၊ အမှန်တရားမှအပ အခြားမဖြစ်နိုင်ပေ) အမြင်အာရုံသည် လွဲချော်စရာမရှိသည့်အပြင် စည်းဘောင်ကျော်လွန်၍ မှားနိုင်စရာအကြောင်းလည်း မရှိချေ။
لَقَدْ رَأَىٰ مِنْ آيَاتِ رَبِّهِ الْكُبْرَىٰ (18)
ဧကန်မလွဲ၊ တမန်တော်မြတ်သည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏အကြီးကျယ်ဆုံးသော အာယသ် (သက်သေလက္ခဏာတော်များအနက်မှပင် တွေ့မြင်ခဲ့ခြင်း သာ ဖြစ်၏။)
أَفَرَأَيْتُمُ اللَّاتَ وَالْعُزَّىٰ (19)
(ထိုအရာကို နှိုင်းယှဉ်ကြည့်ဖြင့်) သင်တို့သည် (သင်တို့၏ရုပ်တုဆင့်ပွားများဖြစ်သော) လားတ်နှင့်အွဇ္ဇာ တို့ကိုလည်း (ထိုသို့ပင်) တွေ့မြင်ဆင်ခြင် သုံးသပ်ကြလေသလော။
وَمَنَاةَ الثَّالِثَةَ الْأُخْرَىٰ (20)
ထို့ပြင် အခြား (ရုပ်တုတစ်ခု ဖြစ်သော) တတိယမြောက်ရုပ်ပွားမနားတ်ကိုလည်း (ထိုသို့ပင် တွေ့မြင် ဆင်ခြင်သုံးသပ်ကြလေသလော)။
أَلَكُمُ الذَّكَرُ وَلَهُ الْأُنثَىٰ (21)
သင်တို့အတွက် သားရတနာများ ရှိစေလို၍ ထိုအရှင်မြတ်အတွက် သမီးရတနာများကို ဖန်တီးလိုကြသလော။
تِلْكَ إِذًا قِسْمَةٌ ضِيزَىٰ (22)
ဤသည်ကား လွန်စွာမမျှတ (မလျော်ကန်) သော ခွဲတမ်းခွဲဝေမှုပင် ဖြစ်၏ ။
إِنْ هِيَ إِلَّا أَسْمَاءٌ سَمَّيْتُمُوهَا أَنتُمْ وَآبَاؤُكُم مَّا أَنزَلَ اللَّهُ بِهَا مِن سُلْطَانٍ ۚ إِن يَتَّبِعُونَ إِلَّا الظَّنَّ وَمَا تَهْوَى الْأَنفُسُ ۖ وَلَقَدْ جَاءَهُم مِّن رَّبِّهِمُ الْهُدَىٰ (23)
(အမျိုးသမီး၏မျက်နှာထားဖြင့် ဖန်တီးထားသော ရုပ်ပွားဆင်းတုများဖြစ်ကြသည့်) သူတို့သည် သင်တို့ ကိုယ်တိုင်နှင့်သင်တို့၏ဘိုး ဘေးဘီဘင်တို့က (ဖိရိုဖလာအဖြစ်) ဖန်တီး၍ မှည့်ခေါ်ထားသော အမည်များ (အခေါ်အဝေါ်) များမှအပ အခြားမည်သည့်အနစ်သာရမျှ မရှိပေ။ အလ္လာဟ်အရှင်မြတ်သည် (သူတို့ယုံကြည်ကိုး ကွယ်နေကြသော) ထိုကိုးကွယ်ရာများနှင့်စပ်လျဉ်း၍ မည်သည့်အခွင့်အာဏာ (သက်သေအထောက်အထား) တစ်စုံတစ်ရာကိုမျှပင် ချမှတ်ပေးအပ်တော်မူခဲ့သည် မဟုတ်ပေ။ အမှန်မှာ သူတို့သည်ကား ထင်မြင်ယူဆချက် နှင့်စိတ်အလိုဆန္ဒရမ္မက်များ နောက်ကိုသာလျှင် တကောက်ကောက် လိုက်နေခြင်း ဖြစ်၏။ သို့ရာတွင် သူတို့ထံသို့ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ လမ်းညွှန်တော် ရောက်ရှိလာခဲ့ပြီ (ဖြစ်၍ ထိုလမ်းညွှန်တော်နှင့်အညီ ဘဝဆောက်တည်သင့်၏။)
أَمْ لِلْإِنسَانِ مَا تَمَنَّىٰ (24)
သို့တည်းမဟုတ် မနုဿလူသားအတွက် အငမ်းမရ မက်မောတောင့်တသမျှ ရယူ ခံစားသင့်သလော။
فَلِلَّهِ الْآخِرَةُ وَالْأُولَىٰ (25)
သို့ရာတွင် (လူသားတို့သည် တဏှာရမ္မက်ဖြည့်ဆည်းမှုထက် ပျော်ရွှင်သုခအဖြာဖြာဖြင့် ထာဝရစံစား နိုင်ရန်လည်း အမှုထမ်းသင့်၏။ အကြောင်းမှာ) နောင်တမလွန်ဘဝနှင့် ယခင် (ပထမလောကီ) ဘဝတို့သည် အလ္လာဟ်အရှင်မြတ် (၏စည်းမျဉ်းအမိန့်တော်များနှင့်အညီ လိုက်နာသူတို့) အတွက်သာ ဖြစ်၏။
۞ وَكَم مِّن مَّلَكٍ فِي السَّمَاوَاتِ لَا تُغْنِي شَفَاعَتُهُمْ شَيْئًا إِلَّا مِن بَعْدِ أَن يَأْذَنَ اللَّهُ لِمَن يَشَاءُ وَيَرْضَىٰ (26)
စင်စစ်သော်ကား မိုးကောင်းကင်များ၌ မလာအီကာ ကောင်ကင်စေတမန်များ မည်ရွေ့မည်မျှ မြောက်မြားစွာ ရှိနေကြသည်ဖြစ်စေ၊ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူက အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုအမိန့်တော်နှင့်ထိုအရှင်မြတ်က သဘောကျနှစ်သက်တော်မူကြောင်း အတည်ပြုချက်ရပြီး နောက်တွင်မှအပ (အခြားမည်သူ တစ်ဦးတစ်ယောက်မျှ) သူတို့အတွက် ကြားဝင်အသနားခံပေးခြင်းသည် မည်သို့မျှ အသုံးဝင် အရာရောက်လိမ့်မည် မဟုတ်ပေ။
إِنَّ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ لَيُسَمُّونَ الْمَلَائِكَةَ تَسْمِيَةَ الْأُنثَىٰ (27)
ဧကန်စင်စစ်၊ တမလွန်ကို မယုံကြည်သော သူတို့သည် မလာအီကာ ကောင်ကင်စေတမန်များအား အမျိုးသမီးများ၏အမည်နာမ (နတ်သမီး) များဖြင့် မှည့်ခေါ်ကြ၏။
وَمَا لَهُم بِهِ مِنْ عِلْمٍ ۖ إِن يَتَّبِعُونَ إِلَّا الظَّنَّ ۖ وَإِنَّ الظَّنَّ لَا يُغْنِي مِنَ الْحَقِّ شَيْئًا (28)
စင်စစ်သော်ကား ယင်းနှင့်စပ်လျဉ်း၍ သူတို့၌ မည်သည့် (သက်သေအထောက်အထားနှင့်စစ်မှန်သော) အသိပညာမျှ မရှိဘဲ ထင်မြင်ယူဆချက် နောက်ကိုသာလျှင် တကောက်ကောက် လိုက်နေခြင်း ဖြစ်၏။ ဧကန်စင် စစ်၊ ထင်မြင်ယူဆချက်များသည်ကား အမှန်တရားနှင့်နှိုင်းယှဉ်လျှင် မည်သို့မျှ အသုံးဝင် အရာရောက်သည် မဟုတ်ပေ။
فَأَعْرِضْ عَن مَّن تَوَلَّىٰ عَن ذِكْرِنَا وَلَمْ يُرِدْ إِلَّا الْحَيَاةَ الدُّنْيَا (29)
သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်၊) အသင်ထံမှ မျက်နှာလွှဲကျောခိုင်းရုံသာမက (ဆုံးမဩဝါဒများ ပါဝင်သည့်) ငါအရှင်မြတ်အား သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ဖြစ်သော ကျမ်းတော်) ကိုလည်း ကျောခိုင်း သူအား ဥပေက္ခာပြုထားလော့။ သူတို့သည် လောကီဘဝသက်တမ်းကို လိုလားခြင်းမှအပ အခြား မည်သည်ကိုမျှ မည်သည့်အခါမျှ ရည်ရွယ်လိုလားကြသည် မဟုတ်ပေ။
ذَٰلِكَ مَبْلَغُهُم مِّنَ الْعِلْمِ ۚ إِنَّ رَبَّكَ هُوَ أَعْلَمُ بِمَن ضَلَّ عَن سَبِيلِهِ وَهُوَ أَعْلَمُ بِمَنِ اهْتَدَىٰ (30)
ထိုကဲ့သို့ပင် (သူတို့သည် အရာခပ်သိမ်း၏အပေါ်ယံနှင့်အကန့်အသတ်ဖြင့်ရှိသည်ကိုသာ အလေးအနက် မတွေးခေါ်ဘဲ လက်ခံလျက် မိစ္ဆာတရားနှင့်မတည်မြဲသော လောကီကိုသာ လိုလားမက်မောနေခြင်းသည်ပင်) သူတို့၏အသိပညာပေါင်းချုပ် ဖြစ်နေ၏။ ဧကန်မလွဲ၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် မည်သူက အရှင့်လမ်းစဉ်တော်မှ လွဲချော်၍ လမ်းမှားရောက်နေသည်ကို အသိတော်မူဆုံး ဖြစ်တော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည်သာလျှင် မည်သူက တရားလမ်းမှန် ညွှန်ပြခြင်း ခံရသည်ကိုလည် အသိတော်မူဆုံး ဖြစ်တော်မူ၏။
وَلِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ لِيَجْزِيَ الَّذِينَ أَسَاءُوا بِمَا عَمِلُوا وَيَجْزِيَ الَّذِينَ أَحْسَنُوا بِالْحُسْنَى (31)
ထို့ပြင် မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိသမျှအရာတို့သည် အလ္လာဟ်အရှင်မြတ် (က ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရာများဖြစ်ပြီး အရှင်မြတ်သာ ပိုင်ဆိုင်တော်မူရုံသာမက အရှင့်စည်း မျဉ်းနိယာမတော်နှင့်အညီ အသုံးချရန်) အတွက်သာ ဖြစ်၏။ ထိုအရှင်မြတ်သည် (မည်သူက လမ်းမှားရောက်နေ၍ မည်သူက တရားလမ်းမှန်ပေါ်ရှိသည်ကို အကြွင်းမဲ့ သိတော်မူသည့်အလျှောက်) မကောင်းမှုဒုစရိုက် ကျူးလွန်သော သူတို့အား သူတို့၏ပြုမူကျင့်ကြံမှုနှင့်အညီ (အကျိုးဆက်အဖြစ် ပြစ်ဒဏ်ကို) ပေးဆပ်စေတော်မူရန်နှင့်အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့် အကောင်း ဆုံးဖြစ်အောင် ပြမူကျင့်ကြံသူတို့ကို့လည်း အကောင်းမြတ်ဆုံးဆုလဒ်ဖြင့် အစားပေးတော်မူရန်အတွက်ပင် ဖြစ်၏။
الَّذِينَ يَجْتَنِبُونَ كَبَائِرَ الْإِثْمِ وَالْفَوَاحِشَ إِلَّا اللَّمَمَ ۚ إِنَّ رَبَّكَ وَاسِعُ الْمَغْفِرَةِ ۚ هُوَ أَعْلَمُ بِكُمْ إِذْ أَنشَأَكُم مِّنَ الْأَرْضِ وَإِذْ أَنتُمْ أَجِنَّةٌ فِي بُطُونِ أُمَّهَاتِكُمْ ۖ فَلَا تُزَكُّوا أَنفُسَكُمْ ۖ هُوَ أَعْلَمُ بِمَنِ اتَّقَىٰ (32)
(ထိုသူတို့သည်ကား မတော်တဆပြုမိသော) အမှားအယွင်းအသေးအဖွဲများမှအပ ကြီးလေးသော ပြစ်မှု နှင့် (မကြားဝံ့မနာမှု) ညစ်ညမ်းမှုတို့မှလည်း (အထူး) ရှောင်ကြဉ်ကြ၏။ ဧကန်မလွဲ၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် လွတ်ငြိမ်းချမ်းသာခွင့်ကို ကျယ်ကျယ် ပြန့်ပြန့် ဖြန့်ကျက်ထားတော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် သင်တို့အား မြေကမ္ဘာ (၏အမှုန်) မှ စတင်ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့စဉ် သင်တို့၏အခြေအနေကိုလည်းကောင်း၊ သင်တို့က သင်တို့မိခင်များ၏ဝမ်းကြာတိုက်အတွင်း သန္ဓေသားတည်ခါစအချိန်၌ရှိသော အခြေအနေများကိုလည်းကောင်း၊ အသိတော်မူဆုံး ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ သင်တို့သည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်၊ အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို (အပြစ်ကင်း၍ မြင့်မြတ်သည်ဟု မှတ်ယူလျက်) စင်ကြယ်သန့်ရှင်းသည်ဟု မထင်ကြလေနှင့်။ ထိုအရှင်မြတ်သည်သာ မည်သူက အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာကျင့်သုံးသူတို့အား အသိတော်မူဆုံး ဖြစ်တော်မူ၏။
أَفَرَأَيْتَ الَّذِي تَوَلَّىٰ (33)
(အို၊ ရစူလ်တမန်တော်) သင်သည် (သင်၏ဖိတ်ခေါ်မှုမှ မျက်နှာလွဲကျောခိုင်းသူအား မတွေ့မမြင် မဆင် ခြင်ခဲ့လေသလော။)
وَأَعْطَىٰ قَلِيلًا وَأَكْدَىٰ (34)
ထိုသူသည် (ဆင်းရဲနွမ်းပါးသူတို့အတွက်) အနည်းငယ်မျှ (သောပစ္စည်း) ကိုပေး၍ (ယခု) ပိတ်ပင်ခဲ့၏။
أَعِندَهُ عِلْمُ الْغَيْبِ فَهُوَ يَرَىٰ (35)
သူ့ထံတွင် (အနာဂတ်၌ မည်သို့ဖြစ်ပျက်မည်ကို ကုန်စင်အောင် သိနိုင်ရန်) အကွယ်၌ရှိသည်ကို သိစွမ်း နိုင်သော အသိပညာရှိနေသောကြောင့် သူသည် တွေ့မြင်လေသလော။
أَمْ لَمْ يُنَبَّأْ بِمَا فِي صُحُفِ مُوسَىٰ (36)
သို့တည်းမဟုတ် သူသည် တမန်တော်မူဆာ၏ကျမ်းစာများ၌ လာရှိသည်ကို လိုက်နာရန်အပါအဝင် သတင်းအချက်အလက်များနှင့်စပ်လျဉ်း၍ သတင်းပေးခဲ့ပြီ မဟုတ်လော။
وَإِبْرَاهِيمَ الَّذِي وَفَّىٰ (37)
(အမိန့်တော်များနှင့်တာဝန်အားလုံးကို) ကျေပွန်စွာဆောင်ရွက်ဖြည့်ဆည်းခဲ့သော တမန်တော်အီဗ်ရာဟီမ်၏ကျမ်းစာများ၌ လာရှိသည်ကိုလည်း သတင်းပေးခဲ့ပြီ မဟုတ်လော။
أَلَّا تَزِرُ وَازِرَةٌ وِزْرَ أُخْرَىٰ (38)
အမှန်စင်စစ်၊ မည်သည့် (တာဝန်ထမ်းဆောင်) သယ်ပိုးသူ တစ်ဦးတစ်ယောက်မျှပင် သူတစ်ပါး၏ (တာဝန်) ဝန်ထုပ်ကို သယ်ပိုးလိမ့်မည် မဟုတ်ပေ။
وَأَن لَّيْسَ لِلْإِنسَانِ إِلَّا مَا سَعَىٰ (39)
ဧကန်မလွဲ၊ မနုဿလူသားအတွက် သူကြိုးပမ်းအားထုတ်လုပ်ကိုင်ဆောင်ရွက်သည်မှအပ (မည်သည်ကို မျှ မလုပ်ကိုင်မဆောင်ရွက်ဘဲ) အကျိုးအမြတ် ရရှိသည် မဟုတ်ပေ၊
وَأَنَّ سَعْيَهُ سَوْفَ يُرَىٰ (40)
မုချဧကန်၊ လူသား၏ကြိုးပမ်းအားထုတ် (မှုဆိုင်ရာ အသီးအပွင့်အကျိုးရလဒ်) ဟူသမျှကို မကြာမီပင် တွေ့မြင်ရလိမ့်မည်။
ثُمَّ يُجْزَاهُ الْجَزَاءَ الْأَوْفَىٰ (41)
ထို့နောက် လူသားသည် ယင်း (ကြိုးပမ်းအားထုတ်မှု) နှင့်စပ်လျဉ်း၍ အပြည့်ဝဆုံးသော အစားပေးခြင်းကို ခံရလိမ့်မည်။
وَأَنَّ إِلَىٰ رَبِّكَ الْمُنتَهَىٰ (42)
ထို့ပြင် (အို၊ ရစူလ်တမန်တော်) ဧကန်ပင်၊ အရာခပ်သိမ်းတို့၏အဆုံးသတ်ပန်းတိုင်သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်သို့ပင် ဖြစ်၏။
وَأَنَّهُ هُوَ أَضْحَكَ وَأَبْكَىٰ (43)
ဧကန်စင်စစ်၊ ထိုအရှင်မြတ်သည်ပင် (အရှင့်ဆန္ဒတော်၊ တန်ခိုးအာနုဘော် ဖွဲ့စည်းဖြစ်တည်မှုဆိုင်ရာ အရှင့်နိယာမတော်ကြောင့်) ရယ်ရွှင်စေတော်မူသောအရှင်၊ ငိုကြွေးစေတော်မူသောအရှင် ဖြစ်တော်မူ၏။
وَأَنَّهُ هُوَ أَمَاتَ وَأَحْيَا (44)
ဧကန်မလွဲ၊ ထိုအရှင်မြတ်သည် (အရှင့်ဆန္ဒတော်နှင့် ဖွဲ့စည်းဖြစ်တည်မှုဆိုင်ရာ အရှင့်နိယာမတော်အရ) သေစေတော်မူသည့်အရှင်၊ သက်ဝင်စေလျက် ရှင်စေတော်မူသည့်အရှင် ဖြစ်တော်မူ၏။
وَأَنَّهُ خَلَقَ الزَّوْجَيْنِ الذَّكَرَ وَالْأُنثَىٰ (45)
ဧကန်စင်စစ်၊ ထိုအရှင်မြတ်သည်ပင် (အရာခပ်သိမ်းတို့ကို အဖိုအမ၊ အမအထီး၊ အပေါင်းအနုတ် စသည် ဖြင့်) ဒွိယံဒွိယံ ဖွဲ့စည်းဖြစ်တည်စေတော်မူ၏၊
مِن نُّطْفَةٍ إِذَا تُمْنَىٰ (46)
ကလလရေကြည်မှ၊ ယင်းကို ထုတ်လွှတ်စေသည့်အခါ။
وَأَنَّ عَلَيْهِ النَّشْأَةَ الْأُخْرَىٰ (47)
ထို့ပြင် မုချဧကန်၊ ဒုတိယအကြိမ် ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်းသည်လည်း ထိုအရှင်မြတ် (၏ တန်ခိုး တော်နှင့်ဆန္ဒတော်) ပေါ်တွင်သာမူတည်နေ၏။
وَأَنَّهُ هُوَ أَغْنَىٰ وَأَقْنَىٰ (48)
ဧကန်ပင်၊ ထိုအရှင်မြတ်သည် ကြွယ်ဝချမ်းသာ အလုံးစုံကို အလျှံပယ် ရက်ရက်ချီး မြှင့်တော်မူသော အရှင်ဖြစ်ပြီး (သက်ရှိတို့၏လိုအပ်ချက်အလုံးစုံကို ထောက်ပံ့ပေးအပ်တော်မူခြင်းဖြင့်) ကုံလုံပြည့် စုံတော်မူသော အရှင် ဖြစ်တော်မူ၏။
وَأَنَّهُ هُوَ رَبُّ الشِّعْرَىٰ (49)
အမှန်စင်စစ်၊ ထိုအရှင်မြတ်သည်ပင် ရှစ်အ်ရာ အမည်ရှိ ရှေးခေတ်လူတို့က ကိုးကွယ်ကြသည့် တောက်ပသောကြယ်ကို ဖွဲ့စည်းဖြစ်တော်မူသောအရှင်မြတ် (လူသားတို့၏နားလည်နိုင်သည့်ဉာဏ်ရည် ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသောအရှင်) ဖြစ်တော်မူ၏။
وَأَنَّهُ أَهْلَكَ عَادًا الْأُولَىٰ (50)
ဧကန်မလွဲ၊ ထိုအရှင်မြတ်သည်ပင် ရှေဦးပထမအားဒ် လူမျိူးတို့အား တိမ်ကော ဖျက်ဆီးစေတော်မူခဲ့၏။
وَثَمُودَ فَمَا أَبْقَىٰ (51)
(ထိုအရှင်မြတ်သည်ပင်) ဆမူဒ်မျိုးနွယ်ဝင်တို့ကိုလည်း (တိမ်ကောဖျက်ဆီးတော်မူခဲ့ရာ သူတို့အနက်မှ မည်သည့် ရာဇဝတ်မှုကျူးလွန်သူကိုမျှ အသက်ရှင်ခွင့်ပေး၍) ချန်လှပ်ထားတော်မူခဲ့သည် မဟုတ်ပေ။
وَقَوْمَ نُوحٍ مِّن قَبْلُ ۖ إِنَّهُمْ كَانُوا هُمْ أَظْلَمَ وَأَطْغَىٰ (52)
ထိုနည်းတူစွာ ရှေးယခင်က တမန်တော်နူဟ်၏လူမျိုးတို့ကိုလည်း (တိမ်ကောဖျက်ဆီးတော်မူခဲ့၏)။ ဧကန်စင်စစ်၊ သူတို့သည် (အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက် မဟုတ်မတရား မမှန်မကန် ပြုမူ ကျင့်ကြံရာတွင် ပိုမို၍ အားသန်ကြပြီး အာခံပုန်ကန်သူများ ဖြစ်ကြလေ၏။)
وَالْمُؤْتَفِكَةَ أَهْوَىٰ (53)
ထို့ပြင် ထိုအရှင်မြတ်သည် (လူးသ်လူမျိုးတို့၏) မြေလှန်ပျက်သုဉ်းခြင်းခံရသောမြို့ရွာများကိုလည်း တိမ်ကောဖျက်ဆီးစေတော်မူခဲ့၏။
فَغَشَّاهَا مَا غَشَّىٰ (54)
ထို့နောက် ဖုံးလွှမ်းဖုံးကွယ်စေသောအရာသည် ယင်း (မြို့ရွာများ) ကို အစဉ်အမြဲအတွက် ဖုံးကွယ်စေခဲ့၏။
فَبِأَيِّ آلَاءِ رَبِّكَ تَتَمَارَىٰ (55)
သို့ဖြစ်ပေရာ (အို၊ ကြားနာသူ၊) အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏မည်သည့် (ကျေးဇူးတော်၊ နိယာမတော်နှင့်ဂုဏ်ပေးခြင်း စသော) လက်ဆောင်တော်များ နှင့်စပ်လျဉ်း၍ သံသယဖြစ်လျက် ငြင်းခုံနေကြသနည်း။
هَٰذَا نَذِيرٌ مِّنَ النُّذُرِ الْأُولَىٰ (56)
ဤ (တမန်တော်) သည် ရှေးခေတ်က သတိပေးနှိုးဆော်သူတို့ကဲ့သို့ပင် သတိပေးနှိုးဆော်သူတစ်ဦး ဖြစ်၏။
أَزِفَتِ الْآزِفَةُ (57)
(နောက်ဆုံးအချိန်နာရီဖြစ်သည့် ချဉ်းကပ်) နီးကပ်လာ (ရန်ပြဌာန်းထားသောအရာသည် နီးကပ်၍ လာနေပြီ ဖြစ်၏။)
لَيْسَ لَهَا مِن دُونِ اللَّهِ كَاشِفَةٌ (58)
ယင်း (နီးကပ်လာနေသော နောက်ဆုံးနေ့နာရီ) ကို အလ္လာဟ်အရှင်မြတ်မှအပ ဖယ်ရှားနိုင်သူ (ထုတ်ဖော် ပြောဆိုနိုင်သူ) ဟူ၍ အလျှင်း မရှိပေ။
أَفَمِنْ هَٰذَا الْحَدِيثِ تَعْجَبُونَ (59)
သင်တို့သည် ဤ (အာယတ်တော်များ အလေးအနက် ထုတ်ဖော်ချက်၊ ဆုံးမဩဝါဒများ၊ သတင်းကောင်းများ၊ လမ်းညွှန်တော်များ၊ သတိပေးချက်များ ပါဝင်သည့်) စကားတော်ကြောင့် အံ့ဩနေကြသလော။
وَتَضْحَكُونَ وَلَا تَبْكُونَ (60)
ထို့ပြင် (ဆိုဆုံးမရ ခက်သော ပြစ်မှုဒုစရိုက်ကျူးလွန်သော) သင်တို့သည် ငိုကြွေးခြင်း မရှိကြသည့်အပြင် (ယင်းအစား) ရယ်မောနေကြသလော။
وَأَنتُمْ سَامِدُونَ (61)
တစ်ဖန် သင်တို့သည် (တမလွန်ဘဝကို ဂရုမစိုက်ဘဲ ကစားခုန်စားခြင်း၊ ဖျော်ဖြေခြင်၊း အပျော်အပါးလိုက်စားခြင်း၊ စိတ်အလိုရမ္မက်နောက်လိုက်ခြင်းဖြင့်) ပျော်ရွှင်မြူးထူးဖြစ်နေကြသလော။
فَاسْجُدُوا لِلَّهِ وَاعْبُدُوا ۩ (62)
သို့ဖြစ်ပေရာ သင်တို့သည် (သင်တို့၏ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံ၍ အရှင့်စည်းမျဉ်းတော်များကို နာခံခြင်းဖြင့်) အလ္လာဟ်အရှင်မြတ်၏ရှေ့တော်မှောက်ဝယ် ပျပ်ဝပ်ဦးချကြလော့။ ထို့ပြင် (ထိုအရှင်မြတ်အားသာလျှင်) နာခံကိုးကွယ်ကြလော့။
❮ Previous Next ❯

Surahs from Quran :

1- Fatiha2- Baqarah
3- Al Imran4- Nisa
5- Maidah6- Anam
7- Araf8- Anfal
9- Tawbah10- Yunus
11- Hud12- Yusuf
13- Raad14- Ibrahim
15- Hijr16- Nahl
17- Al Isra18- Kahf
19- Maryam20- TaHa
21- Anbiya22- Hajj
23- Muminun24- An Nur
25- Furqan26- Shuara
27- Naml28- Qasas
29- Ankabut30- Rum
31- Luqman32- Sajdah
33- Ahzab34- Saba
35- Fatir36- Yasin
37- Assaaffat38- Sad
39- Zumar40- Ghafir
41- Fussilat42- shura
43- Zukhruf44- Ad Dukhaan
45- Jathiyah46- Ahqaf
47- Muhammad48- Al Fath
49- Hujurat50- Qaf
51- zariyat52- Tur
53- Najm54- Al Qamar
55- Rahman56- Waqiah
57- Hadid58- Mujadilah
59- Al Hashr60- Mumtahina
61- Saff62- Jumuah
63- Munafiqun64- Taghabun
65- Talaq66- Tahrim
67- Mulk68- Qalam
69- Al-Haqqah70- Maarij
71- Nuh72- Jinn
73- Muzammil74- Muddathir
75- Qiyamah76- Insan
77- Mursalat78- An Naba
79- Naziat80- Abasa
81- Takwir82- Infitar
83- Mutaffifin84- Inshiqaq
85- Buruj86- Tariq
87- Al Ala88- Ghashiya
89- Fajr90- Al Balad
91- Shams92- Lail
93- Duha94- Sharh
95- Tin96- Al Alaq
97- Qadr98- Bayyinah
99- Zalzalah100- Adiyat
101- Qariah102- Takathur
103- Al Asr104- Humazah
105- Al Fil106- Quraysh
107- Maun108- Kawthar
109- Kafirun110- Nasr
111- Masad112- Ikhlas
113- Falaq114- An Nas