×

စင်စစ်သော်ကား မိုးကောင်းကင်များ၌ မလာအီကာ ကောင်ကင်စေတမန်များ မည်ရွေ့မည်မျှ မြောက်မြားစွာ ရှိနေကြသည်ဖြစ်စေ၊ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူက အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုအမိန့်တော်နှင့်ထိုအရှင်မြတ်က သဘောကျနှစ်သက်တော်မူကြောင်း အတည်ပြုချက်ရပြီး 53:26 Burmese translation

Quran infoBurmeseSurah An-Najm ⮕ (53:26) ayat 26 in Burmese

53:26 Surah An-Najm ayat 26 in Burmese (البورمية)

Quran with Burmese translation - Surah An-Najm ayat 26 - النَّجم - Page - Juz 27

﴿۞ وَكَم مِّن مَّلَكٖ فِي ٱلسَّمَٰوَٰتِ لَا تُغۡنِي شَفَٰعَتُهُمۡ شَيۡـًٔا إِلَّا مِنۢ بَعۡدِ أَن يَأۡذَنَ ٱللَّهُ لِمَن يَشَآءُ وَيَرۡضَىٰٓ ﴾
[النَّجم: 26]

စင်စစ်သော်ကား မိုးကောင်းကင်များ၌ မလာအီကာ ကောင်ကင်စေတမန်များ မည်ရွေ့မည်မျှ မြောက်မြားစွာ ရှိနေကြသည်ဖြစ်စေ၊ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူက အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုအမိန့်တော်နှင့်ထိုအရှင်မြတ်က သဘောကျနှစ်သက်တော်မူကြောင်း အတည်ပြုချက်ရပြီး နောက်တွင်မှအပ (အခြားမည်သူ တစ်ဦးတစ်ယောက်မျှ) သူတို့အတွက် ကြားဝင်အသနားခံပေးခြင်းသည် မည်သို့မျှ အသုံးဝင် အရာရောက်လိမ့်မည် မဟုတ်ပေ။

❮ Previous Next ❯

ترجمة: وكم من ملك في السموات لا تغني شفاعتهم شيئا إلا من بعد, باللغة البورمية

﴿وكم من ملك في السموات لا تغني شفاعتهم شيئا إلا من بعد﴾ [النَّجم: 26]

Ba Sein
၂၆။ အထက်ကောင်းကင်ဘုံ၌ များစွာသောကောင်းကင်တမန်တို့ရှိကြ၏၊ သူတို့သည် ဝေနေယျသတ္တဝါအပေါင်းကို ငရဲမှ ကယ်နှုတ်ရန် တောင်းပြန်ကြ၏၊ ဤတောင်းပန်ခြင်းသည် တစ်စုံတစ်ရာအကျိုးပေးမည်မဟုတ်၊ သို့သော် အကြင်သူအား အလ္လာဟ်အရှင်မြတ်အလိုတော်ရှိ၍ တောင်းပန်ကယ်နှုတ်ခွင့်ကို ပေးသနားတော်မူအ့ံ၊ ထိုသူ၏ တောင်းပန်ကယ်နှုတ်ခြင်းကို လက်ခံတော်မူ၏။
Ghazi Mohammad Hashim
စင်စစ်သော်ကား မိုးကောင်းကင်များ၌ မြောက်မြားစွာသော ကောင်းကင်တမန်တို့သည် ရှိကြကုန်၏။ (သို့ရာတွင်) ၎င်းတို့၏ ကြားဝင် အသနားခံပေးမှုသည်ပင် အလ္လာဟ်အရှင်မြတ်က မိမိအလိုရှိတော်မူ၍ ကျေနပ်တော်မူသောသူနှင့် ပတ်သက်၍ ခွင့်ပြုတော်မူပြီး နောက်မှသာလျှင် အသုံးဝင်နိုင်အံ့သတည်း။
Hashim Tin Myint
ထို့ပြင် မိုး‌ကောင်းကင်များတွင် ‌ကောင်းကင်တမန်များ အ‌မြောက်အမြားရှိကြသည်။ သူတို့၏ ရှဖာအသ်ကြားဝင်အသနားခံမှုသည် အလ္လာဟ် အရှင်မြတ်က အရှင်မြတ်အလိုရှိ‌တော်မူပြီး ‌ကျေနပ်‌တော်မူသည့်သူအတွက် ခွင့်ပြု‌တော်မူပြီး ‌နောက်မှပင် အသုံးဝင်မည်ဖြစ်သည်။၆
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek