Quran with Burmese translation - Surah Al-Qamar ayat 3 - القَمَر - Page - Juz 27
﴿وَكَذَّبُواْ وَٱتَّبَعُوٓاْ أَهۡوَآءَهُمۡۚ وَكُلُّ أَمۡرٖ مُّسۡتَقِرّٞ ﴾
[القَمَر: 3]
﴿وكذبوا واتبعوا أهواءهم وكل أمر مستقر﴾ [القَمَر: 3]
Ba Sein ၃။ ထိုသူတို့သည် တရားတော်ကို ငြင်းဆန်ကြ၏၊ မိမိတို့၏ ကိလေသာတဏှာဆွဲငင်ရာသို့ တကောက်ကောက် လိုက်ကြ၏၊ သို့သော် အမှုအခင်းတိုင်းသည် အဆုံးအဖြတ်ခံရမည်သာတည်း။ |
Ghazi Mohammad Hashim ထို့ပြင် ၎င်းတို့သည် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြ၍ မိမိတို့၏ အလိုဆန္ဒများကိုသာ လိုက်နာခဲ့ကြကုန်၏။ စင်စစ်သော်ကား အရေးကိစ္စတိုင်းမှာ (သတ်မှတ်ထားသော အချိန်ကာလတွင်) ဆုံးဖြတ်ပြီး ဖြစ်၏။ |
Hashim Tin Myint ထို့ပြင် သူတို့သည် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြ၍ သူတို့၏ အလိုဆန္ဒများကိုသာ လိုက်နာခဲ့ကြသည်။ ထို့ပြင် အရေးကိစ္စတိုင်းသည် (အချိန်ကာလသတ်မှတ်)ဆုံးဖြတ်ပြီးဖြစ်သည်။ |