×

ထိုနေ့တွင် အယောင်ဆောင်သီလကြောင်အမျိုးသားများနှင့်အမျိုးသမီးများသည် ယုံကြည်သူတို့အား “သင်တို့၏အလင်းရောင်မှ (အလင်းတန်း အနည်းငယ်မျှ) ရရှိနိုင်ကြရန် သင်တို့သည် ကျွန်ုပ်တို့အတွက် (ခဏ) စောင့်ဆိုင်းကြလော့။” ဟု 57:13 Burmese translation

Quran infoBurmeseSurah Al-hadid ⮕ (57:13) ayat 13 in Burmese

57:13 Surah Al-hadid ayat 13 in Burmese (البورمية)

Quran with Burmese translation - Surah Al-hadid ayat 13 - الحدِيد - Page - Juz 27

﴿يَوۡمَ يَقُولُ ٱلۡمُنَٰفِقُونَ وَٱلۡمُنَٰفِقَٰتُ لِلَّذِينَ ءَامَنُواْ ٱنظُرُونَا نَقۡتَبِسۡ مِن نُّورِكُمۡ قِيلَ ٱرۡجِعُواْ وَرَآءَكُمۡ فَٱلۡتَمِسُواْ نُورٗاۖ فَضُرِبَ بَيۡنَهُم بِسُورٖ لَّهُۥ بَابُۢ بَاطِنُهُۥ فِيهِ ٱلرَّحۡمَةُ وَظَٰهِرُهُۥ مِن قِبَلِهِ ٱلۡعَذَابُ ﴾
[الحدِيد: 13]

ထိုနေ့တွင် အယောင်ဆောင်သီလကြောင်အမျိုးသားများနှင့်အမျိုးသမီးများသည် ယုံကြည်သူတို့အား “သင်တို့၏အလင်းရောင်မှ (အလင်းတန်း အနည်းငယ်မျှ) ရရှိနိုင်ကြရန် သင်တို့သည် ကျွန်ုပ်တို့အတွက် (ခဏ) စောင့်ဆိုင်းကြလော့။” ဟု တောင်းဆိုပြောကြားသည့်အခါ (ယုံကြည်သူများ ဖြစ်ကြသော) သူတို့က “သင်တို့သည် (ဖြစ်နိုင်လျှင် လောကီကမ္ဘာဖြစ်သည့်) နောက်ကြောင်းပြန်သွားပြီးလျှင် (ထို၌ ကောင်းမှုကုသိုလ်များဖြင့် ပြုမူကျင့်လျက်) အလင်းရောင်ကို ရှာဖွေကြလော့။” ဟု တုံ့ပြန်ဖြေဆိုကြလိမ့်မည်။ ထိုစဉ် သူတို့ကြားတွင် (ယုံကြည်သူများနှင့်သီလကြောင်းတို့ကို သီးခြားစီဖြစ်စေမည့်) တံခါးပေါက်တစ်ခုပါသော တံတိုင်းတစ်ခုအား စိုက်ထူမည် (ဖြစ်ရာ သီလကြောင်တို့၏နောင်တရမှုမှာ တိုးမြှင့်လာ၍ ယုံကြည်သူတို့နှင့်လည်း အဆက်ပြတ် သွားမည်) ဖြစ်၏။ တံတိုင်း၏အတွင်းဘက်၌ ထာဝရ ပျော်မြူးစေမည့်) ကရုဏာတော်ရှိနေ၍ ယင်း၏အပြင် ဘက်၌မူကား (ထာဝရခံစားရမည့်) ပြစ်ဒဏ်သည် ရှိနေ၏။

❮ Previous Next ❯

ترجمة: يوم يقول المنافقون والمنافقات للذين آمنوا انظرونا نقتبس من نوركم قيل ارجعوا, باللغة البورمية

﴿يوم يقول المنافقون والمنافقات للذين آمنوا انظرونا نقتبس من نوركم قيل ارجعوا﴾ [الحدِيد: 13]

Ba Sein
၁၃။ နေ့တော်ကြီးတစ်နေ့၌ သူတော်ကောင်းယောင်ဆောင်သူယောက်ျာမိန်းမတို့ကား ယုံကြည်သူသမ္မာဝါဒီတို့အား တောင်းပန်ကြမည်မှာ အချင်းတို့၊ ငါတို့ကို စောင့်နေပါဦး၊ သင်တို့၏ အလင်းရောင်ကို ခိုလှုံပါရစေ၊ ထိုသူယုတ်မာ တို့အား မိန့်တော်မူမည်မှာ နင်တို့သည် နောက်သို့ လှည့်ကြလော့၊ နင်တို့တတ်နိုင်သောနေရာတွင် အလင်းရောင် ကို ရှာကြလော့၊ ဤသို့မိန့်တော်မူပြီးသည်နှင့်တပြိုင်နက် ယုံကြည်သူနှင့်မယုံကြည်သူတို့စပ်ကြားတွင် တံခါးပေါက် တစ်ခုရှိသည့်တံတိုင်းကြီးတစ်ခု ဆီးကာလျက်ရှိလတံ့၊ ထိုတံတိုင်းကြီးအတွင်း၌ သနားကြင်နာခြင်း၊ ကောင်းကြီး မင်္ဂလာတို့လျှံလျက်ရှိလတ့ံ၊ အပြင်ဘက်၌မူကား အပြစ်ဒဏ်တော်သာရှိလတ့ံ။
Ghazi Mohammad Hashim
အကြင်နေ့တွင် ‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ် ယောက်ျား မိန်းမတို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အား (ဤသို့) ပြောဆိုကြပေမည်။ (အချင်းတို့)၊အသင်တို့၏အလင်းရောင်မှ (အနည်းငယ်မျှ) ရယူနိုင်ကြရန် အသင်တို့သည် ကျွန်ုပ်တို့အား လှည့်၍ ကြည့်ကြလေကုန်၊ စောင့်ဆိုင်းကြလေကုန်။ (ထိုအခါ ၎င်းတို့သည် ဤသို့)ပြောဆို ပြန်ကြားခြင်းကို ခံကြရပေမည်။ အသင်တို့သည် နောက်သို့ပြန်သွားပြီးလျှင် အလင်းရောင်ကို ရှာဖွေကြလေကုန်။ထိုအချိန်၌ပင် ၎င်းတို့၏အကြား၌ တံတိုင်းတစ်ခု စိုက်ထူလိုက်ပေမည်။ ယင်းတံတိုင်းတွင် တံခါးတစ်ခု ရှိပေမည်။ ယင်းတံခါး၏အတွင်းဘက်၌ ကရုဏာသည်ရှိ၍၊ ၎င်း၏အပြင်ဘက်၌မူကား ပြစ်ဒဏ် သည်ရှိပေမည်။
Hashim Tin Myint
ထို‌နေ့တွင်မုနာဖိက်အ‌ယောင်‌ဆောင် ‌ယောက်ျား၊ မိန်းမများသည် အီမာန်ယုံကြည်သူများကို (ဤသို့)‌ပြောဆိုကြမည်။ အသင်တို့၏ အလင်း‌ရောင်မှ (အနည်းငယ်မျှအလင်း) ရယူရန်အတွက် အသင်တို့သည် ကျွန်ုပ်တို့အား ‌စောင့်ဆိုင်းကြပါဦး။ (ထိုအခါ) သူတို့သည်(ဤသို့)‌ပြောဆိုခြင်းခံကြရမည်။ အသင်တို့သည် ‌နောက်ကို သွားပြီး အလင်း‌ရောင်ရှာ‌ဖွေလိုက်ကြပါ။ ###၇ ထိုအချိ်န်၌ပင် သူတို့၏အကြား၌ တံတိုင်းတစ်ခု စိုက်ထူလိုက်မည်ဖြစ်သည်။ ### ၈ ထိုတံတိုင်း၌ တံခါး တစ်ခုရှိမည်။ ထိုတံခါး၏ အတွင်းဘက်တွင်သနားကရုဏာရှိပြီး ထိုတံခါး၏ အပြင်ဘက်တွင် ပြစ်ဒဏ်ရှိမည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek