Quran with Burmese translation - Surah Al-Mujadilah ayat 5 - المُجَادلة - Page - Juz 28
﴿إِنَّ ٱلَّذِينَ يُحَآدُّونَ ٱللَّهَ وَرَسُولَهُۥ كُبِتُواْ كَمَا كُبِتَ ٱلَّذِينَ مِن قَبۡلِهِمۡۚ وَقَدۡ أَنزَلۡنَآ ءَايَٰتِۭ بَيِّنَٰتٖۚ وَلِلۡكَٰفِرِينَ عَذَابٞ مُّهِينٞ ﴾
[المُجَادلة: 5]
﴿إن الذين يحادون الله ورسوله كبتوا كما كبت الذين من قبلهم وقد﴾ [المُجَادلة: 5]
Ba Sein ၅။ အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကို တော်လှန်သောသူတို့သည် သူတို့အလျင်တော်လှန်သော လူတို့နည်းတူ ပြာမှုန့်အထိဖျက်ဆီးနှိမ့်ချခြင်းကို ခံကြရလတ့ံ၊ အကြောင်းမူကား ငါသည် ထင်ရှားပေါ်လွင်သော နိမိတ်လက္ခဏာတော်များကို ချပေးသနားတော်မူပြီ၊ ထို့ကြောင့်မိစ္ဆာဒိဋ္ဌိတို့သည် အလွန်ရှက်ဖွယ်ဖြစ်သောရှုံ့ချခြင်း အပြစ်ဒဏ်တော်ကို ခံစားကြရလတ့ံ။ |
Ghazi Mohammad Hashim ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အား လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်အား လည်းကောင်း၊ ကဏ္ဍက ပြုလုပ်ကြသောသူတို့ကား မိမိတို့အလျင်ရှိခဲ့ကြသော ရှေးသူဟောင်းတို့ ဂုဏ်ရည်သေးသိမ်စေခြင်း ခံခဲ့ကြရသည့်နည်းတူ ဂုဏ်ရည် သေးသိမ်စေခြင်းကို ခံကြရပေမည်။အမှန်စင်စစ်သော်ကား ငါအရှင်မြတ်သည် ထင်ရှားလှစွာသော သက်သေ လက္ခဏာတော်များကို ချပေးတော်မူခဲ့ပြီးဖြစ်၏။၎င်းပြင် "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့၌ ဂုဏ်ရည်ပျက်ပြားစေသော ပြစ်ဒဏ်သည် ရှိပေမည်။ |
Hashim Tin Myint အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်တော်ကို ဆန့်ကျင်သည့်သူများသည် သူတို့မတိုင်မီကသူများ သေးသိမ်စေခြင်းခံခဲ့ရသကဲ့သို့ သေးသိမ်စေခြင်းခံ ကြရမည်ဖြစ်သည်။ ထို့ပြင်အမှန်စင်စစ်ငါအရှင်မြတ်သည် ထင်ရှားသောသက်သေလက္ခဏာများကို ချပေးတော်မူခဲ့ပြီးဖြစ်သည်။ ထို့ပြင် ကာဖိရ်များအတွက် သေးသိမ်စေသည့် ပြစ်ဒဏ်ရှိမည်။ ###၄ |