×

(ထို ဘနူကနူကာ၊ ဂျူးအုပ်စုတို့၏ဥပမာသည်ကား) သူတို့မတိုင်မီ အချိန်ကာလအနည်းငယ်အလျင်က ရှိခဲ့ကြသော (ဘနူနဒီရ်ဂျူးအုပ်စု) တို့က သူတို့၏မကောင်းသော စီမံချက်အရေးကိစ္စကြောင့် အကျိုးဆက်အဖြစ် အရေးယူမှုကို 59:15 Burmese translation

Quran infoBurmeseSurah Al-hashr ⮕ (59:15) ayat 15 in Burmese

59:15 Surah Al-hashr ayat 15 in Burmese (البورمية)

Quran with Burmese translation - Surah Al-hashr ayat 15 - الحَشر - Page - Juz 28

﴿كَمَثَلِ ٱلَّذِينَ مِن قَبۡلِهِمۡ قَرِيبٗاۖ ذَاقُواْ وَبَالَ أَمۡرِهِمۡ وَلَهُمۡ عَذَابٌ أَلِيمٞ ﴾
[الحَشر: 15]

(ထို ဘနူကနူကာ၊ ဂျူးအုပ်စုတို့၏ဥပမာသည်ကား) သူတို့မတိုင်မီ အချိန်ကာလအနည်းငယ်အလျင်က ရှိခဲ့ကြသော (ဘနူနဒီရ်ဂျူးအုပ်စု) တို့က သူတို့၏မကောင်းသော စီမံချက်အရေးကိစ္စကြောင့် အကျိုးဆက်အဖြစ် အရေးယူမှုကို မြည်းစမ်းခဲ့ကြရသောသူတို့ကဲ့သို့ပင် ဖြစ်၏။ ထို့ပြင် သူတို့အတွက် (နောင်တမလွန်ဘဝတွင်လည်း) ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်သည် ရှိပေဦးမည်။

❮ Previous Next ❯

ترجمة: كمثل الذين من قبلهم قريبا ذاقوا وبال أمرهم ولهم عذاب أليم, باللغة البورمية

﴿كمثل الذين من قبلهم قريبا ذاقوا وبال أمرهم ولهم عذاب أليم﴾ [الحَشر: 15]

Ba Sein
၁၅။ ထိုသူယုတ်မာတို့သည် မိမိတို့ထက် ကာလအနည်းငယ်မျှရှေးကျသောသူမိုက်တို့ကဲ့သို့ မိမိတို့ပြုကျင့်မှု၏ ဒုက္ခ အကျိုးကို ဤပစ္စုပ္ပန်ဘဝတွင် ခံစားရပြီ၊ နောင်တမလွန်ဘဝ၌လည်း သူတို့အတွက် အလွန်ပြင်းပြသောအပြစ် ဒဏ်တော်သည် အသင့်ရှိလတ့ံ။
Ghazi Mohammad Hashim
(၎င်းတို့၏ ဥပမာကား)၎င်းတို့နှင့် အချိန်ကာလ အနည်းငယ်အလျင် မိမိတို့၏ အပြုအမူများ၏ပြစ်ဒဏ်ကို မြည်းစမ်း သွားခဲ့ကြရသောသူတို့၏ ဥပမာကဲ့သို့ပင်။ ထိုမှတစ်ပါး ထိုသူတို့၌(တမလွန်ဘဝတွင်လည်း) နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ရှိပေဦးမည်။
Hashim Tin Myint
(သူတို့၏ ဥပမာမှာ) သူတို့နှင့် အချိန်ကာလအနည်းငယ် မတိုင်မီက သူတို့၏ လုပ်ရပ်များ၏ ပြစ်ဒဏ်ကိုမြည်းစမ်းသွားခဲ့ကြရသည့်သူများ၏ ပမာကဲ့သို့ဖြစ်သည်။ ထို့ပြင် သူတို့အတွက် (တမလွန်ဘဝတွင်လည်း) နာကျင်‌စေ‌သော ပြစ်ဒဏ် ရှိဦးမည်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek