Quran with Burmese translation - Surah Al-hashr ayat 14 - الحَشر - Page - Juz 28
﴿لَا يُقَٰتِلُونَكُمۡ جَمِيعًا إِلَّا فِي قُرٗى مُّحَصَّنَةٍ أَوۡ مِن وَرَآءِ جُدُرِۭۚ بَأۡسُهُم بَيۡنَهُمۡ شَدِيدٞۚ تَحۡسَبُهُمۡ جَمِيعٗا وَقُلُوبُهُمۡ شَتَّىٰۚ ذَٰلِكَ بِأَنَّهُمۡ قَوۡمٞ لَّا يَعۡقِلُونَ ﴾
[الحَشر: 14]
﴿لا يقاتلونكم جميعا إلا في قرى محصنة أو من وراء جدر بأسهم﴾ [الحَشر: 14]
Ba Sein ၁၄။ ထိုသူယုတ်မာတို့သည် မိမိတို့ကြံဖော်ကြံဘက်အားလုံးကို စုရုံးပေါင်းစည်းမိငြားသော်လည်း၊ ခိုင်ခန့်စွာပြုလုပ် ထားသောမြို့ရိုးခံတပ်နှင့် တံတိုင်းအဆီးအကာအတွင်းမှတပါး အခြားနေရာများမှ သင်တို့ကို စစ်ဆိုင်ပြိုင် တိုက်ခိုက်ကြမည်မဟုတ်ချေ၊ သူတို့သည် မိမိတို့အချင်းချင်းပဋိပက္ခခိုက်ရန်ဒေါသဖြစ်ရန်သာလျှင် စိတ်ထက်သန် ကြ၏၊ သူတို့သည် အချင်းချင်းစည်းလုံးညီညွတ်သည်ဟု သင်တို့ထင်မှတ်ကြ၏၊ သို့သော်အမှန်မှာ မညီမညွတ် စိတ်နှလုံးကွဲပြားကြ၏၊ ယင်းသို့ဖြစ်ရခြင်းမှာ သူတို့တွင် ဉာာဏ်ပညာခေါင်းပါးခြင်းကြောင့် ဖြစ်သည်။ |
Ghazi Mohammad Hashim ၎င်းတို့သည် အသင်တို့အား တစ်စည်းတစ်လုံးတည်း တိုက်ခိုက်ကြမည် မဟုတ်ပေ။ သို့ရာတွင် လုံခြုံသောမြို့ရွာများတွင်လည်းကောင်း၊ တံတိုင်းများ၏ အကွယ်မှသော်လည်းကောင်း၊ တိုက်ခိုက်ကြပေမည်။ ၎င်းတို့ အချင်းချင်းတွင် ကြီးကျယ်သော ခိုက်ရန်ရှိနေ၏။ အသင်သည် ၎င်းတို့အား တစ်စည်းတစ်လုံးတည်းဟူ၍ ထင်မှတ်နေသော်လည်း အမှန်စင်စစ် ၎င်းတို့၏ စိတ်နှလုံးမှာမူကား တကွဲတပြားစီဖြစ်နေကြပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ၎င်းတို့သည် အသိဉာဏ်ကို အသုံးမပြုကြသောကြောင့်ပင်။ |
Hashim Tin Myint သူတို့သည် အသင်တို့ကို တစ်စည်းတစ်လုံးတည်းတိုက်ခိုက်ကြမည်မဟုတ်ပေ။ သို့ရာတွင် လုံခြုံသည့်မြို့ရွာများမှ၊ တံတိုင်းများ၏အကွယ်မှ တိုက်ခိုက်ကြလိမ့်မည်။ သူတို့ အချင်းချင်းတွင် ကြီးကျယ်သော ခိုက်ရန် ရှိနေသည်။ အသင်သည် သူတို့အား တစ်စည်းတစ်လုံးတည်းဟု ထင်မှတ်နေသော်လည်း သူတို့၏ စိတ်နှလုံးများသည် တကွဲတပြားစီ ဖြစ်နေကြသည်။ ထိုသို့ဖြစ်ရခြင်းကမူ အမှန်စင်စစ် သူတို့သည် အသိဉဏ်မရှိသည့်အတွက်ကြောင့်ပင်ဖြစ်သည်။ |