Quran with Burmese translation - Surah Al-hashr ayat 23 - الحَشر - Page - Juz 28
﴿هُوَ ٱللَّهُ ٱلَّذِي لَآ إِلَٰهَ إِلَّا هُوَ ٱلۡمَلِكُ ٱلۡقُدُّوسُ ٱلسَّلَٰمُ ٱلۡمُؤۡمِنُ ٱلۡمُهَيۡمِنُ ٱلۡعَزِيزُ ٱلۡجَبَّارُ ٱلۡمُتَكَبِّرُۚ سُبۡحَٰنَ ٱللَّهِ عَمَّا يُشۡرِكُونَ ﴾
[الحَشر: 23]
﴿هو الله الذي لا إله إلا هو الملك القدوس السلام المؤمن المهيمن﴾ [الحَشر: 23]
Ba Sein ၂၃။ အရှင်မြတ်သည် အလ္လာဟ်ဖြစ်တော်မူ၏၊ အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိချေ၊ အရှင်မြတ်သည် အချုပ်အခြာအာဏာပိုင်သတော်မူသောအရှင်၊ သန့်ရှင်းစုံလင်တော်မူထသောအရှင်၊ ငြိမ်သက်ခြင်းနှင့်စုံလင်ခြင်း တို့ရပ်တည်ရာဖြစ်တော်မူထသောအရှင်၊ ယုံကြည်ခြင်းနှင့် လုံခြံုခြင်းတို့ကို ထိန်းသိမ်းစောင့်ရှောက်တော်မူထသော အရှင်၊ အနန္တဘုန်းတန်ခိုးတော်သခင်၊ အံမတုနိုင်သောအရှင်၊ အတိုင်းထက်အလွန်ကြီးကဲမြင့်မြတ်တော်မူထသော အရှင်ဖြစ်တော်မူထ၏၊ အလ္လာဟ်အရှင်မြတ်သည် သူတို့တွဲဖက်သောဘုရားများထက်ကြီးကြယ်မြင့်မြတ်သော ဂုဏ်ကျက်သရေရှင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim ထိုအရှင်မြတ်သည်ပင် အကြင် အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ ထိုအရှင်မြတ် မှတစ်ပါး ခယရိုကျိုး ဆည်းကပ်ကိုးကွယ်ရာဟူ၍ အလျှင်းမရှိပြီ။ စိုးမိုး အုပ်ချုပ်တော်မူသောဘုရင်၊ စင်ကြယ်သန့်ရှင်း အပြစ်ကင်းတော်မူသော အရှင်၊ ချွတ်ယွင်းချက်တို့မှ ကင်းစင်စေတော်မူသောအရှင်၊ ငြိမ်းချမ်းမှုပေးတော်မူသောအရှင်၊ ထိန်းသိမ်း စောင့်ရှောက်တော်မူသောအရှင်၊ ခန့်ညားတော်မူသောအရှင်၊ ဩဇာအာဏာလွှမ်းမိုးတော် မူသောအရှင်၊ ဂုဏ်သိက္ခာ ကြီးကဲမြင့်မြတ်တော်မူသောအရှင်၊ ဖြစ်တော်မူ၏။အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ တွဲဖက် နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့မှ စင်ကြယ် သန့်ရှင်းတော်မူဘိ၏။ |
Hashim Tin Myint ထိုအရှင်ပင် အလ္လာဟ်အရှင်မြတ်ဖြစ်တော်မူသည်။ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိပေ။ အရာရာကို စိုးပိုင်တော်မူသောအရှင်၊ အလွန်သန့်စင်တော်မူသော အရှင်၊ ချို့ယွင်းချက်ဟူသမျှမှ ကင်းစင်ပြီး မဂင်္လာနှင့်ပြည့်စုံတော်မူသောအရှင်၊ ငြိမ်းချမ်းလုံခြုံမှုပေးတော်မူသောအရှင်၊ ကာကွယ်စောင့်ရှောက်တော်မူသောအရှင်၊ တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ အမိန့်အာဏာအလွန်လွှမ်းမိုးတော်မူသောအရှင်၊ အလွန်ကြီးကျယ်ထူးကဲမြင့်မြတ်တော်မူသောအရှင်ဖြစ်တော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့ တွဲဖက်ကိုးကွယ်သည်များမှ သန့်ရှင်းစင်ကြယ်တော်မူသည်။ |