Quran with Burmese translation - Surah Al-hashr ayat 24 - الحَشر - Page - Juz 28
﴿هُوَ ٱللَّهُ ٱلۡخَٰلِقُ ٱلۡبَارِئُ ٱلۡمُصَوِّرُۖ لَهُ ٱلۡأَسۡمَآءُ ٱلۡحُسۡنَىٰۚ يُسَبِّحُ لَهُۥ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ﴾
[الحَشر: 24]
﴿هو الله الخالق البارئ المصور له الأسماء الحسنى يسبح له ما في﴾ [الحَشر: 24]
Ba Sein ၂၄။ အရှင်မြတ်သည် အလ္လာဟ်၊ ဖန်ဆင်းသူအရှင်၊ နတ္တိမှ ပုံသဏ္ဍာန်ဖော်သူအရှင်၊ အဆင်းအရောင်စီရင်သူအရှင် ဖြစ်တော်မူ၏၊ အရှင်မြတ်၏ နာမတော်များသည် အတိုင်းထက်အလွန်တင့်တယ်လှပ၏၊ မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်ဝယ် ရှိသမျှတို့သည် အရှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ကို ရင့်ကျုးကြ၏၊ အရှင်မြတ်သည် အနန္တ တန်ခိုးတော်သခင်၊ သဗ္ဗညုတဉာာဏ်တော်ရှင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim ထိုအရှင်မြတ်သည်ပင် ဖန်ဆင်းတော်မူသော အကောင်အထည်ဖော်တော်မူသော (မရှိရာမှ ရှိအောင် ပြုလုပ်ဖန်ဆင်းတော်မူသော)ပုံသဏ္ဌာန်ပြုလုပ်တော်မူသော အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်၌ ကောင်းမြတ်လှစွာသော နာမံဂုဏ်တော်များ ရှိကုန်၏။ မိုးကောင်းကင်များ၌ ရှိသမျှတို့သည် လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည် လည်းကောင်း၊ ထိုအရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူ ကြောင်းကို မြွက်ဆိုလျှက်ရှိကြကုန်၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် လွန်စွာခန့်ညားတော်မူသောအရှင်၊ သိမ်မွေ့လှစွာသော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ထိုအရှင်မြတ်ပင် အလ္လာဟ်အရှင်မြတ်ဖြစ်တော်မူသည်၊(ထိုအရှင်မြတ်သည်)ဖန်ဆင်းတော်မူသောအရှင်၊ အသက်ဝိညာဉ်များအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ (အရှင်မြတ်အလိုရှိတော်မူသည့်အတိုင်း)ပုံဖော်ပြုလုပ်ဖန်ဆင်းတော်မူသောအရှင်ဖြစ်တော်မူသည်။ ထိုအရှင်မြတ်တွင် ကောင်းမြတ်သည့် နာမတော်ဂုဏ်တော်များရှိသည်။ မိုးကောင်းကင်များတွင်ရှိသမျှနှင့် မြေပထဝီတွင်ရှိသမျှတို့သည် အရှင်မြတ်သန့်ရှင်းစင်ကြယ်တော်မူကြောင်း ရွတ်ဆိုလျက်ရှိကြသည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုးတော်နှင့်အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူသည်။ ###၁၀ |