Quran with Burmese translation - Surah Al-hashr ayat 22 - الحَشر - Page - Juz 28
﴿هُوَ ٱللَّهُ ٱلَّذِي لَآ إِلَٰهَ إِلَّا هُوَۖ عَٰلِمُ ٱلۡغَيۡبِ وَٱلشَّهَٰدَةِۖ هُوَ ٱلرَّحۡمَٰنُ ٱلرَّحِيمُ ﴾
[الحَشر: 22]
﴿هو الله الذي لا إله إلا هو عالم الغيب والشهادة هو الرحمن﴾ [الحَشر: 22]
Ba Sein ၂၂။ အရှင်မြတ်သည် အလ္လာဟ်ဖြစ်တော်မူ၏၊ အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိချေ၊ အရှင်မြတ်သည် မြင်ရသောအရာ၊ မမြင်ရသောအရာ၊ ခပ်သိမ်းကုန်တို့ကို အကြွင်းမဲ့သိတော်မူ၏၊ မဟာကရုဏာတော်အရှင်၊ အနန္တကောင်းကြီးမင်္ဂလာတော်သခင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim ထိုအရှင်မြတ်သည်ပင် အကြင် အလ္လာဟ်အရှင်မြတ်ဖြစ်တော်မူ၏။ ထိုအရှင်မြတ် မှတစ်ပါး ခယရိုကျိုး ဆည်းကပ်ကိုးကွယ်ရာဟူ၍ အလျှင်းမရှိပြီ။ လျှို့ဝှက်စွာ ရှိသည်တို့ကိုလည်းကောင်း၊ ထင်ရှားစွာ ရှိသည်တို့ကိုလည်းကောင်း၊ သိတော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် မဟာကရုဏာတော်ရှင်၊ အလွန်တရာ ကြင်နာ သနားတော်မူသောအရှင်၊ ဖြစ်တော်မူ၏။ |
Hashim Tin Myint ထိုအရှင်ပင် အလ္လာဟ်အရှင်မြတ်ဖြစ်တော်မူသည်။ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင်မရှိပေ။ (ထိုအရှင်မြတ်သည်)လျှို့ဝှက်သည့်အရာများနှင့် ထင်ရှားသည့် အရာများကို သိတော်မူသောအရှင်ဖြစ်တော်မူသည်။ အရှင်မြတ်သည် အနန္တကရုဏာတော်ရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ |