×

ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင့်အမှုတော်ဆောင်ရစူလ်တမန်တော်မြတ်အပေါ် (စစ်မတိုက်ရဘဲ စစ်ဆင်ရေးမှ) သိမ်းဆည်းရရှိသောပစ္စည်းဟူသမျှကို ချီးမြှင့်မှုအဖြစ် ပေးအပ်တော်မူ၏။ ယင်းတို့အနက်မှ စစ်မြင်းများနှင့်စီနင်းစရာကုလားအုတ်များကို ယင်း (စစ်ဆင်ရေး) 59:6 Burmese translation

Quran infoBurmeseSurah Al-hashr ⮕ (59:6) ayat 6 in Burmese

59:6 Surah Al-hashr ayat 6 in Burmese (البورمية)

Quran with Burmese translation - Surah Al-hashr ayat 6 - الحَشر - Page - Juz 28

﴿وَمَآ أَفَآءَ ٱللَّهُ عَلَىٰ رَسُولِهِۦ مِنۡهُمۡ فَمَآ أَوۡجَفۡتُمۡ عَلَيۡهِ مِنۡ خَيۡلٖ وَلَا رِكَابٖ وَلَٰكِنَّ ٱللَّهَ يُسَلِّطُ رُسُلَهُۥ عَلَىٰ مَن يَشَآءُۚ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ ﴾
[الحَشر: 6]

ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင့်အမှုတော်ဆောင်ရစူလ်တမန်တော်မြတ်အပေါ် (စစ်မတိုက်ရဘဲ စစ်ဆင်ရေးမှ) သိမ်းဆည်းရရှိသောပစ္စည်းဟူသမျှကို ချီးမြှင့်မှုအဖြစ် ပေးအပ်တော်မူ၏။ ယင်းတို့အနက်မှ စစ်မြင်းများနှင့်စီနင်းစရာကုလားအုတ်များကို ယင်း (စစ်ဆင်ရေး) အတွက် အသင် (တမန်တော်) က တာဝန်ပေး စေ့ဆော်ခဲ့သည် မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အရှင့်ရစူလ်တမန်တော်များမှအနက်မှ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူ အပေါ်ဝယ် (ထိုသို့ပင်) လွှမ်းမိုးမှုအခွင့်အာဏာ ချီးမြှင့်အပ်နှင်းတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်းဩဇာ လွှမ်းမိုးတော်မူ၍ စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: وما أفاء الله على رسوله منهم فما أوجفتم عليه من خيل ولا, باللغة البورمية

﴿وما أفاء الله على رسوله منهم فما أوجفتم عليه من خيل ولا﴾ [الحَشر: 6]

Ba Sein
၆။ အို-ယုံကြည်သူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် မိမိတမန်တော်အား သူတို့ထံမှရသောသု့ံပစ္စည်းများကို ပေးသနားတော်မူ၏၊ ထိုပစ္စည်းများအတွက် သင်တို့သည် မြင်းတပ်(သို့မဟုတ်) ကုလားအုပ်တပ်နှင့် စစ်ချီတက် ခြင်းကို မပြုကြလင့်၊ သို့သော်အလ္လာဟ်အရှင်မြတ်သည် မိမိတမန်တော်အား နှိမ်နင်းလိုတော်မူသောသူတို့ကို လွှမ်းမိုးနှိမ်နင်းစေတော်မူ၏၊ အရှင်မြတ်သည် အရာခပ်သိမ်းကုန်ကို စီရင်ပြုစွမ်းနိုင်တော်မူ၏။
Ghazi Mohammad Hashim
ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မိမိ ရစူလ်တမန်တော်မြတ်အား ၎င်းတို့ထံမှ ‘ဖိုင်အ်’ လက်ရပစ္စည်းအဖြစ် သိမ်းပိုက်စေတော်မူခဲ့သော အရာများမှာမူကား အသင်တို့သာ ယင်းပစ္စည်းများအပေါ်သို့ မြင်းများကို (စီးနင်း) မောင်းနှင်ခဲ့ကြသည်လည်း မဟုတ်ပေ၊ ကုလားအုတ်များကို(စီးနင်း)မောင်းနှင်ခဲ့ကြသည်လည်း မဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် မိမိ ရစူလ်တမန်တော်များအား မိမိအလိုရှိတော်မူသောသူတို့ အပေါ်ဝယ် လွှမ်းမိုးစေတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
Hashim Tin Myint
ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ တမန်‌တော်ကို သူတို့ထံမှ ဖိုင်အ် ###၂ လက်ရပစ္စည်းအဖြစ် သိမ်းပိုက်‌စေ‌တော်မူခဲ့သည့်အရာများသည် အသင်တို့အ‌နေ နှင့် ထိုပစ္စည်းများနှင့်ပတ်သက်၍ မြင်းများဖြင့်စီးနင်း (တိုက်ခိုက်)ခဲ့ကြရခြင်းလည်းမဟုတ်‌ပေ၊ ကုလားအုတ်များဖြင့်စီးနင်း(တိုက်ခိုက်)ခဲ့ကြရခြင်းလည်း မဟုတ်‌ပေ။ (သို့ဖြစ်ရာထိုပစ္စည်းများသည် တမန်‌တော်အတွက် သီးသန့်ဖြစ်သည်။) သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ တမန်‌တော်များအား အရှင်မြတ်အလိုရှိ‌သောသူများအ‌ပေါ် တွင် လွှမ်းမိုး‌စေ‌တော်မူခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek