Quran with Burmese translation - Surah Al-An‘am ayat 112 - الأنعَام - Page - Juz 8
﴿وَكَذَٰلِكَ جَعَلۡنَا لِكُلِّ نَبِيٍّ عَدُوّٗا شَيَٰطِينَ ٱلۡإِنسِ وَٱلۡجِنِّ يُوحِي بَعۡضُهُمۡ إِلَىٰ بَعۡضٖ زُخۡرُفَ ٱلۡقَوۡلِ غُرُورٗاۚ وَلَوۡ شَآءَ رَبُّكَ مَا فَعَلُوهُۖ فَذَرۡهُمۡ وَمَا يَفۡتَرُونَ ﴾
[الأنعَام: 112]
﴿وكذلك جعلنا لكل نبي عدوا شياطين الإنس والجن يوحي بعضهم إلى بعض﴾ [الأنعَام: 112]
Ba Sein ၁၁၂။ ဤကဲ့သို့ ငါအသျှင်မြတ်သည် တမန်တော်တိုင်းအတွက် ရန်သူတစ်ဦးစီ စီရင်တော်မူ၏။ ထိုရန်သူသည် လူသားများနှင့် ဂျင်နတ်သားများထဲမှ မာရ်နတ်များဖြစ်ကြ၏။ သူတို့သည် လှည့်ဖြား ခြင်းအားဖြင့် အချင်းချင်း ယုံတမ်းစကားပြောကြ၏။ အကယ်၍ သင်၏ကျေးဇူးတော်သခင်သည် အလိုရှိတော်မူပါလျှင် သူတို့သည် ယင်းသို့ ကျင့်ကြံမည်မဟုတ်ပေ။ ထို့ကြောင့် သူတို့ကို ၎င်းတို့၏ ဖန်တီးမှုတွင် စွန့်ထားလော့။ |
Ghazi Mohammad Hashim ၎င်းပြင် ထို့ကဲ့သို့ပင် ငါအရှင်မြတ်သည် နဗီတမန်တော်အသီးသီးတို့၌ လူရှိုင်တွာန်များကလည်းကောင်း၊ဂျင်န်ရှိုင်တွာန်များကလည်းကောင်း၊ ပြုလုပ်ထားတော်မူ၏။ ထိုရှိုင်တွာန်များအနက် အချို့တို့သည် အချို့တို့(၏ စိတ်နှလုံးတွင်း)သို့ အပြင်ပန်းလှသော အရောင်တင်ထားသောစကားများကိုထည့်သွင်းလေ့ရှိကြ၏။ ၎င်းပြင် အကယ်၍သာ အသင့်အားမွေးမြူ တော်မူသောအရှင်မြတ် အလိုတော်ရှိပါလျှင် ထိုရှိုင်တွာန်များသည် ထိုသို့ပြုနိုင်ကြမည်မဟုတ်ပေ။ သို့ဖြစ်ပေရာအသင်သည် ထိုသူများကိုလည်းကောင်း၊ ထိုသူတို့ လိမ်လည်ပြောဆိုကြသည့် အရာကိုလည်းကောင်း၊ စွန့်ပယ်ထားပါလေ။ |
Hashim Tin Myint ထို့ပြင် ထိုကဲ့သို့ပင် ငါအရှင်မြတ်သည် တမန်တော်တိုင်းအတွက် လူရှိုင်သွာန်နှင့် ဂျင်န်ရှိုင်သွာန်များကို ရန်သူများအဖြစ် ပြုလုပ်ထားတော်မူသည်။ ထိုရှိုင်သွာန်များထဲမှ အချို့သူများသည် အချို့သူများ၏ထံသို့ အပြင်ပန်းလှသော နှစ်လိုဖွယ်စကားများကို လှည့်ဖြားရန် ထည့်သွင်းလေ့ရှိကြသည်။ ထို့ပြင် အကယ်၍ အသင်(တမန်တော်)အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် အလိုရှိတော်မူပါလျှင် ထိုရှိုင်သွာန်များသည် ထိုသို့ပြုလုပ်နိုင်ကြမည် မဟုတ်ပေ။ သို့ဖြစ်ရာ အသင်သည် သူတို့နှင့် သူတို့လုပ်ကြံလိမ်လည်ပြောဆိုသည်များကို စွန့်ထားလိုက်ပါ။ |