Quran with Burmese translation - Surah Al-An‘am ayat 111 - الأنعَام - Page - Juz 8
﴿۞ وَلَوۡ أَنَّنَا نَزَّلۡنَآ إِلَيۡهِمُ ٱلۡمَلَٰٓئِكَةَ وَكَلَّمَهُمُ ٱلۡمَوۡتَىٰ وَحَشَرۡنَا عَلَيۡهِمۡ كُلَّ شَيۡءٖ قُبُلٗا مَّا كَانُواْ لِيُؤۡمِنُوٓاْ إِلَّآ أَن يَشَآءَ ٱللَّهُ وَلَٰكِنَّ أَكۡثَرَهُمۡ يَجۡهَلُونَ ﴾
[الأنعَام: 111]
﴿ولو أننا نـزلنا إليهم الملائكة وكلمهم الموتى وحشرنا عليهم كل شيء قبلا﴾ [الأنعَام: 111]
Ba Sein ၁၁၁။ အကယ်၍ ငါအသျှင်မြတ်သည် သူတို့ထံသို့ ကောင်းကင်တမန်တော်များကို စေလွှတ်တော်မူခြင်း၊ သေသူတို့သည် သူတို့အား စကားပြောခြင်း၊ အရာခပ်သိမ်းကုန်တို့ကို သူတို့အား ဆန့်ကျင်စေတော် မူခြင်းတို့ ဖြစ်ပေါ်လာသော်လည်း သူတို့သည် အသျှင်မြတ်အလိုတော်မရှိဘဲ ယုံကြည်ကြမည် မဟုတ်ပေ။ သို့သော် သူတို့အနက် များလှစွာသောသူတို့သည် အသိပညာကင်းမဲ့ကြ၏။ |
Ghazi Mohammad Hashim အကယ်၍ ငါအရှင်မြတ်သည်၊ ၎င်းတို့ထံ မလာအိကဟ် ကောင်းကင်တမန်များကို စေလွှတ်တော်မူခဲ့သည်ဖြစ်စေ၊ ထို့ပြင် သူသေများသည် ၎င်းတို့နှင့် စကားပြောဆိုခဲ့ကြသည်ဖြစ်စေ၊ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ခပ်သိမ်းကုန်သော အရာများကို ၎င်းတို့၏ရှေ့မှောက်တွင် စုပေးတော်မူခဲ့သည်ဖြစ်စေ၊ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မမူဘဲ အီမာန် သက်ဝင်ယုံကြည်ကြမည် မဟုတ်ပေ။ သို့ရာတွင် ၎င်းတို့အနက် မြောက်များစွာသော သူတို့ကားအသိတရား ကင်းမဲ့ကြကုန်သတည်း။ |
Hashim Tin Myint ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် အမှန်စင်စစ် သူတို့ထံသို့ ကောင်းကင်တမန်များ စေလွှတ်တော်မူခဲ့လျှင်၊ ၎င်းပြင် သေသူများသည် သူတို့နှင့် စကားပြောဆိုခဲ့ကြလျှင်၊ ၎င်းပြင် ငါအရှင်မြတ်သည် အရာရာကို သူတို့ရှေ့မှောက်တွင် စုရုံးပေးတော်မူခဲ့လျှင်လည်း အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသောသူမှလွဲ၍ သူတို့သည် အီမာန်ယုံကြည်ကြမည် မဟုတ်ပေ။* သို့ရာတွင် သူတို့ထဲမှ အမြောက်အမြားသည် အသိကင်းမဲ့ကြသည်။ |