×

အလ္လာဟ်အရှင်မြတ်၏ (စည်းမျဉ်းတော်နှင့်အညီ အရှင်မြတ်က ခွင့်ပြုထားသော အရှင့်နာမတော် တသခြင်းခံရသည့်အရာများကို မစားသုံးရန် အဘယ်အကြောင်း ရှိသနည်း။ မည်သည့်အရာများက (သင်တို့အတွက် မသင့်တော်၍) 6:119 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:119) ayat 119 in Burmese

6:119 Surah Al-An‘am ayat 119 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 119 - الأنعَام - Page - Juz 8

﴿وَمَا لَكُمۡ أَلَّا تَأۡكُلُواْ مِمَّا ذُكِرَ ٱسۡمُ ٱللَّهِ عَلَيۡهِ وَقَدۡ فَصَّلَ لَكُم مَّا حَرَّمَ عَلَيۡكُمۡ إِلَّا مَا ٱضۡطُرِرۡتُمۡ إِلَيۡهِۗ وَإِنَّ كَثِيرٗا لَّيُضِلُّونَ بِأَهۡوَآئِهِم بِغَيۡرِ عِلۡمٍۚ إِنَّ رَبَّكَ هُوَ أَعۡلَمُ بِٱلۡمُعۡتَدِينَ ﴾
[الأنعَام: 119]

အလ္လာဟ်အရှင်မြတ်၏ (စည်းမျဉ်းတော်နှင့်အညီ အရှင်မြတ်က ခွင့်ပြုထားသော အရှင့်နာမတော် တသခြင်းခံရသည့်အရာများကို မစားသုံးရန် အဘယ်အကြောင်း ရှိသနည်း။ မည်သည့်အရာများက (သင်တို့အတွက် မသင့်တော်၍) သင်တို့အပေး တရားမဝင်သည့် တားမြစ်ခံရသော အရာများဖြစ်သည်ကို အသေးစိတ်ရှင်းပြ စေတော်မူပြီးဖြစ်၍ မလွှဲမရှောင်သာ အတင်းအဓမ္မစားသုံးစေသည့်အရာများမှအပ (ထိုတားမြစ်ထားသောအရာများကို မစားသုံးကြလေနှင့်။) ထို့ပြင် မုချဧကန်၊ များစွာသောသူတို့သည် သူတို့၏အလိုရမ္မက်များကြောင့် အသိတရားကင်းမဲ့ကြလျက် အမှန်ပင် လမ်းမှားသို့ ရောက်သွားကြလေ၏။ ဧကန်ပင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်နေသူတို့နှင့်ပတ်သက်၍ အသိဆုံးဖြစ်တော်မူသော အရှင်ပင်ဖြစ်၏။

❮ Previous Next ❯

ترجمة: وما لكم ألا تأكلوا مما ذكر اسم الله عليه وقد فصل لكم, باللغة البورمية

﴿وما لكم ألا تأكلوا مما ذكر اسم الله عليه وقد فصل لكم﴾ [الأنعَام: 119]

Ba Sein
၁၁၉။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား တရားမဝင်သော အစာအဟာရများကို ရှင်းလင်းပြတော် မူပြီးသည့်နောက် သင်တို့သည် အသျှင်မြတ်၏နာမတော်ကို တသပြီးသော အစားအစာကို အဘယ်ကြောင့် မမှီဝဲ၊ မသုံးစွဲအပ်ကြသနည်း။ တရားမဝင်သောအစာကိုပင် ဒုက္ခကြံုသောအခါ မှီဝဲနိုင်ခွင့်ရှိ၏။ သို့သော် များလှစွာသောသူတို့သည် အသိပညာခေါင်းပါးသောကြောင့် သူတို့ တပ်မက်ခြင်းများက သူတို့ကို လမ်းမှားသို့ ဆွဲငင်ကြ၏။ မှတ်သားလော့။ သင်၏ ကျေးဇူးတော် သခင်သည် တရားတော်ကို ကျူးလွန်သောသူတို့ကို အသိဆုံးဖြစ်တော်မူ၏။
Ghazi Mohammad Hashim
၎င်းပြင် အသင်တို့သည် အကြင်(တိရစ္ဆာန်များ)အနက်မှ စားသုံးခြင်းမပြုကြရန် အသင်တို့၌ မည်သည့်အကြောင်းရှိပါသနည်း။ ထို(တိရစ္ဆာန်များ)၏အပေါ်၌အလ္လာဟ်အလ္လာဟ်အရှင်မြတ်၏ နာမံတော်သည် တသပြီး ဖြစ်ချေသည်။စင်စစ်သော်ကား ထိုအရှင်မြတ်သည် အသင်တို့အပေါ်၌၊အသင်တို့ မလွှဲမရှောင်သာဖြစ်ကြသည့်အခါမှအပ၊ (စားသုံးခြင်းမပြုကြရန်) မိမိတားမြစ်ထားတော်မူ သည့်(တိရစ္ဆာန်များ)ကို အသေးစိတ်လင်းပြတော်မူပြီး ဖြစ်လေသည်။ ဧကန်စင်စစ်များစွာသော သူတို့သည် မိမိတို့၏ အလိုဆန္ဒများ(ကိုလိုက်စားခြင်း)ကြောင့် တစ်စုံတစ်ရာ သိနားလည်သည်မရှိဘဲ (သူတစ်ပါးတို့အား မှန်ကန်သော တရားလမ်းတော်မှ) ချွတ်ချော်တိမ်းပါးစေကြကုန်သည်။ (အို-နဗီတမန်တော်) အသင့်အား မွေးမြူတော်မူသော အရှင်မြတ်သည် တရားစည်းကမ်းတို့ကို ကျူးကျော်ကုန်သောသူတို့အား၊ ကောင်းစွာသိရှိတော်မူပေသတည်း။
Hashim Tin Myint
အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏နာမ‌တော်ကို တသပြီး (လှီးဖြတ်ထား‌သော)အရာ (တိရစာ္ဆန်)များကို စားသုံးမှုမပြုရန် မည်သည့်အ‌ကြောင်းရှိသနည်း။* ထို့ပြင် အမှန်စင်စစ် အရှင်မြတ်သည် အသင်တို့အ‌ပေါ်တွင် မလွှဲမ‌ရှောင်သာဖြစ်‌သော အခါမှလွဲ၍ (မစားသုံးရန်) အရှင်မြတ်တားမြစ်ထား‌တော်မူ‌သောအရာ(တိရစာ္ဆန်)များကို အ‌သေးစိတ် ရှင်းလင်းပြသပြီးဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် အများစုသည် သူတို့၏အလိုဆန္ဒများ(‌နောက်ကို လိုက်ခြင်း)‌ကြောင့် အသိမရှိ‌တော့ဘဲ (သူတစ်ပါးကို လမ်းမှန်မှ) လွဲ‌ချော်‌စေကြသည်။ အမှန်မှာ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ကျူး‌ကျော်‌သောသူများကို အသိဆုံးအရှင်ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek