Quran with Burmese translation - Surah Al-An‘am ayat 120 - الأنعَام - Page - Juz 8
﴿وَذَرُواْ ظَٰهِرَ ٱلۡإِثۡمِ وَبَاطِنَهُۥٓۚ إِنَّ ٱلَّذِينَ يَكۡسِبُونَ ٱلۡإِثۡمَ سَيُجۡزَوۡنَ بِمَا كَانُواْ يَقۡتَرِفُونَ ﴾
[الأنعَام: 120]
﴿وذروا ظاهر الإثم وباطنه إن الذين يكسبون الإثم سيجزون بما كانوا يقترفون﴾ [الأنعَام: 120]
Ba Sein ၁၂၀။ အို-လူသားအပေါင်းတို့ သင်တို့သည် အပြင်အပြစ်နှင့် အတွင်းအပြစ်များကို ရှောင်ကြဉ်ကြလော့။ မှတ်သားကြလော့။ အကြင်သူတို့သည် အပြစ်ကို စုသိမ်းထားကြ၏။ ထိုသူတို့သည် သူတို့ ဆည်းပူး သောအကျိုးဆက်ကိုပေးခြင်း ခံကြရလတ္တံ့။ |
Ghazi Mohammad Hashim အသင်တို့သည် ထင်ရှားသော ပြစ်မှုဒုစရိုက်ကိုလည်းကောင်း၊ ဖုံးအုပ်လျက်ရှိသော ပြစ်မှုဒုစရိုက်ကိုလည်းကောင်း၊(တစ်နည်း)ထင်ရှားစွာပြုသော အပြစ်ကိုလည်းကောင်း၊ လျှို့ဝှက် စွာပြုသောအပြစ်များကိုလည်းကောင်း၊(တစ်နည်း)အပြစ်ထင်ရှား သောဒုစရိုက်များကို လည်းကောင်း၊အပြစ်မထင်ရှားသောဒုစရိုက်များကိုလည်း ကောင်း၊(တစ်နည်း) ကာယဝစီဒုစရိုက်ကိုလည်းကောင်း၊မနော ဒုစရိုက်ကိုလည်းကောင်း၊ စွန့်လွှတ်ကြလေကုန်။ ဧကန်စင်စစ် ပြစ်မှုဒုစရိုက်တို့ကို ဆည်းပူးကြကုန်သောသူတို့သည်မကြာမြင့်မီ၊ မိမိတို့ပြုလုပ်ကျူးလွန်စုဆောင်းခဲ့သည်တို့၏အကျိုးကို ခံစားကြရလတ္တံ့။ |
Hashim Tin Myint အသင်တို့သည် (မြင်နေရသော သိသာပေါ်လွင်)ထင်ရှားသည့် မကောင်းမှုများနှင့် (မမြင်ရဘဲ ဖုံးကွယ်)လျှို့ဝှက်နေသော အတွင်းမကောင်းမှုများကို* စွန့်လွှတ်ကြပါ။ စင်စစ် မကောင်းမှုများကို ရှာဖွေဆည်းပူးတတ်ကြသောသူများသည် မကြာမီ သူတို့ ကျူးလွန်ခဲ့သည်များ၏ အကျိုးကို ခံစားကြရလိမ့်မည်။ |