Quran with Burmese translation - Surah Al-An‘am ayat 133 - الأنعَام - Page - Juz 8
﴿وَرَبُّكَ ٱلۡغَنِيُّ ذُو ٱلرَّحۡمَةِۚ إِن يَشَأۡ يُذۡهِبۡكُمۡ وَيَسۡتَخۡلِفۡ مِنۢ بَعۡدِكُم مَّا يَشَآءُ كَمَآ أَنشَأَكُم مِّن ذُرِّيَّةِ قَوۡمٍ ءَاخَرِينَ ﴾
[الأنعَام: 133]
﴿وربك الغني ذو الرحمة إن يشأ يذهبكم ويستخلف من بعدكم ما يشاء﴾ [الأنعَام: 133]
Ba Sein ၁၃၃။ သင်တို့၏ ကျေးဇူးတော်သခင်သည် ဇာတိ ပကတိအားဖြင့် စုံလင်တော်မူ၏။ အနန္တကောင်းကြီး မင်္ဂလာတော်သခင်ဖြစ်တော်မူ၏။ အသျှင်မြတ်အလိုရှိတော်မူပါလျှင် သင်တို့ကို ရုပ်သိမ်းနိုင်တော် မူ၏။ သင်တို့ကိ အခြားသူတို့၏ မျိုးစေ့မှဖန်ဆင်းတော်မူဘိသကဲ့သို့ အသျှင်မြတ်သည် အလိုရှိတော် မူသောသူတို့ကို သင်တို့ပျောက်ကွယ်ပြီးနောက် ဖန်ဆင်းနိုင်တော်မူ၏။ ျ |
Ghazi Mohammad Hashim စင်စစ်သော်ကား၊ အသင့်အား မွေးမြူတော်မူသောအရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသောအရှင်၊ အနန္တကရုဏာတော်ရှင် ဖြစ်တော်မူပေသတည်း။အကယ်၍သာ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင်အသင်တို့(အားလုံး)ကို ရုပ်သိမ်းတော်မူ၍ အသင်တို့မရှိသည့်နောက် အသင်တို့အား အခြားလူမျိုးတို့၏ သားသမီးများ(အဆက်အနွယ်)မှ ပေါက်ဖွားရှင်သန်တော်မူသကဲ့သို့ပင့် မိမိအလိုရှိတော် မူသောသူတို့အား အသင်တို့နေရာ၌ ဆက်ခံစေတော်မူအံ့။ |
Hashim Tin Myint ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် လိုလားတောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝတော်မူသောအရှင်၊ သနားကရုဏာရှင် ဖြစ်တော်မူသည်။* အကယ်၍ အရှင်မြတ်သည် အလိုရှိတော်မူလျှင် အသင်တို့အား ဖယ်ရှားတော်မူပြီး အသင်တို့အား အခြားလူမျိုးများ၏ သားသမီးများမှ ပေါက်ဖွားစေတော်မူသကဲ့သို့ အသင်တို့(မရှိသည့်)နောက် အရှင်မြတ်အလိုရှိတော်မူသောသူများအား (အသင်တို့နေရာတွင်) ဆက်ခံစေတော်မူမည်။ |