Quran with Burmese translation - Surah Al-An‘am ayat 134 - الأنعَام - Page - Juz 8
﴿إِنَّ مَا تُوعَدُونَ لَأٓتٖۖ وَمَآ أَنتُم بِمُعۡجِزِينَ ﴾
[الأنعَام: 134]
﴿إن ما توعدون لآت وما أنتم بمعجزين﴾ [الأنعَام: 134]
Ba Sein ၁၃၄။ မှတ်သားကြလော့။ သင်တို့အား ဂတိဗျာဒိတ်ထားတော်မူသောအရာသည် မချွတ်ဧကန် ဆိုက်ရောက် လာမည်သညတည်း။ သင်တို့သည် ထိုအရာကို မရှောင်ရှားနိုင်ကြပေ။ |
Ghazi Mohammad Hashim ဧကန်စင်စစ် အသင်တို့အား ကတိထားရှိပြီးဖြစ်သော [ကိယာမတ် (ခေါ်)ရှင်ပြန်ထရမည့်နေ့နှင့် ပြစ်ဒဏ်တို့သည်] မလွဲဧကန် ဆိုက်ရောက်မည်သာဖြစ်၏။ ၎င်းပြင်အသင်တို့သည်(မိမိတို့၏ပရိယာယ်ဖြင့် အလ္လာဟ်အရှင်မြတ်အား ထိုသို့)မစွမ်းဆောင်နိုင်ရန် တားဆီးနိုင်ကြသူများလည်းမဟုတ်ကြပေ။ |
Hashim Tin Myint အမှန်စင်စစ် အသင်တို့အား ကတိပေးထားပြီးဖြစ်သောအရာ (ကိယာမသ်နေ့နှင့် ပြစ်ဒဏ်များ)သည် အမှန် ဆိုက်ရောက်လာမည်ဖြစ်သည်။ ထို့ပြင် အသင်တို့သည် (အရှင်မြတ်အား အသင်တို့ကို အပြစ်ဒဏ်ခတ်ခြင်းမှ) မစွမ်းဆောင်နိုင်အောင် ပြုလုပ်နိုင်ကြသူများ မဟုတ်ကြပေ။ |