Quran with Burmese translation - Surah Al-An‘am ayat 139 - الأنعَام - Page - Juz 8
﴿وَقَالُواْ مَا فِي بُطُونِ هَٰذِهِ ٱلۡأَنۡعَٰمِ خَالِصَةٞ لِّذُكُورِنَا وَمُحَرَّمٌ عَلَىٰٓ أَزۡوَٰجِنَاۖ وَإِن يَكُن مَّيۡتَةٗ فَهُمۡ فِيهِ شُرَكَآءُۚ سَيَجۡزِيهِمۡ وَصۡفَهُمۡۚ إِنَّهُۥ حَكِيمٌ عَلِيمٞ ﴾
[الأنعَام: 139]
﴿وقالوا ما في بطون هذه الأنعام خالصة لذكورنا ومحرم على أزواجنا وإن﴾ [الأنعَام: 139]
Ba Sein ၁၃၉။ ထို့ပြင် သူတို့က ဤတိရစ္ဆာန်များ၏ဝမ်းများတွင်းရှိ တိရစ္ဆာန်ငယ်များကို အကျွနု်ပ်တို့ယောကျ်ားများ အတွက် သီးသန့်ထား၏။ အကျွနု်ပ်တို့မယားများအတွက် တားမြစ်ထား၏။ သို့သော် ထိုတိရစ္ဆာန်ငယ် ကို အသေမွေးလျှင် ယောကျ်ား၊ မိန်းမ အားလုံးစားခွင့်ရှိကြ၏ဟု ဆိုကြ၏။ သူတို့သည် ယင်းပညတ် များကို အသျှင်မြတ်၏ ပညတ်တော်ဟု မဟုတ်မမှန်ဆိုသောကြောင့် အသျှင်မြတ်သည် သူတို့အား ဒဏ်ခတ်တော်မူလိမ့်မည် မှတ်သားကြလော့။ အသျှင်မြ်သည် ဉာဏ်ပညာရှိတော်မူ၏။ သိမြင်တော် မူ၏။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး 4င်းတို့က ပြောဆိုကြပြန်သည်မှာဤတိရစ္ဆာန်များ၏ ဝမ်းတွင်း၌ ရှိသည့်အရာ (နို့ရည် သို့မဟုတ် ဇီး)သည် ငါတို့ယောက်ျားများ အဖို့ချည်းသာ ဖြစ်သည်။ငါတို့၏ဇနီးများအပေါ်၌ ဟရာမ် တားမြစ်ထားပြီး ဖြစ်သည်။သို့ရာတွင် (၎င်းတိရစ္ဆာန်များ၏ဝမ်းတွင်း၌ရှိသောဇီးသည်)အသေဖြစ်ခဲ့လျှင်၊ ၎င်းတို့(ယောက်ျားနှင့်မိန်းမပါ) အတူတူစားသုံးနိုင်ကြသည်။ (အားလုံးဖက်စပ်ပါဝင်ကြသည်) ဟု ပြောဆိုကြ၏။ ထိုအရှင်မြတ်သည် မကြာမြင့်မီ (ယင်းကဲ့ သို့၎င်းတို့၏ (မမှန်မကန်) ပြောဆိုမှုကြောင့်) ယင်းသူတို့အားအစားပေးတော်မူအံ့။ ဧကန်စင်စစ် ထိုအရှင်မြတ်သည်ဉာဏ်အမြှော်အမြင်နှင့် ပြည့်စုံ တော်မူသောအရှင် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ထို့ပြင် သူတို့က ပြောဆိုကြသည်- “ဤတိရစာ္ဆန်များ၏ဝမ်းထဲ၌ရှိသော (နို့ရည် သို့မဟုတ် သန္ဓေသား)သည် ငါတို့ယောက်ျားများအတွက်သာဖြစ်သည်။ ငါတို့၏ဇနီးများအပေါ်တွင် ဟရာမ် တားမြစ်ထားပြီးဖြစ်သည်။ သို့ရာတွင် (ထိုတိရစာ္ဆန်များ၏ဝမ်းထဲ၌ရှိသော သန္ဓေသားသည်) အသေဖြစ်ခဲ့လျှင် ထိုအရာကို သူတို့(ယောက်ျားနှင့်မိန်းမပါ) အတူတူ(ဖက်စပ်ပါဝင်) စားသုံးနိုင်ကြသည်။“ အရှင်မြတ်သည် သူတို့၏ ထိုကဲ့သို့ မဟုတ်မမှန်ပြောဆိုမှုများကြောင့် သူတို့ကို မကြာမီ အစားပေးတော်မူမည်။ အမှန်စင်စစ် အရှင်မြတ်သည် ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ |