Quran with Burmese translation - Surah Al-An‘am ayat 138 - الأنعَام - Page - Juz 8
﴿وَقَالُواْ هَٰذِهِۦٓ أَنۡعَٰمٞ وَحَرۡثٌ حِجۡرٞ لَّا يَطۡعَمُهَآ إِلَّا مَن نَّشَآءُ بِزَعۡمِهِمۡ وَأَنۡعَٰمٌ حُرِّمَتۡ ظُهُورُهَا وَأَنۡعَٰمٞ لَّا يَذۡكُرُونَ ٱسۡمَ ٱللَّهِ عَلَيۡهَا ٱفۡتِرَآءً عَلَيۡهِۚ سَيَجۡزِيهِم بِمَا كَانُواْ يَفۡتَرُونَ ﴾
[الأنعَام: 138]
﴿وقالوا هذه أنعام وحرث حجر لا يطعمها إلا من نشاء بزعمهم وأنعام﴾ [الأنعَام: 138]
Ba Sein ၁၃၈။ ထို့ပြင် သူတို့က ဤကောက်ပဲသီးနှံများနှင့် ကျွဲနွားတိရစ္ဆာန်များကို တားမြစ်ထားတော်မူ၏။ ကျွနု်ပ်တို့ အခွင့်ပေးသူမှတစ်ပါး မည်သူမျှ ထိုပစ္စည်းများကို မစားရပေဟု ဆိုကြ၏။ သူတို့ ယင်းသို့ ထင်မှတ် ကြ၏။ အချို့တိရစ္ဆာန်များ ကျောက်ကုန်းများကို မသုံးရဟု တားမြစ်ကြ၏။ အသျှင်မြတ်နှင့် စပ်လျဉ်း၍ မဟုတ်မလျား ဖန်တီးပြီးလျှင် အသျှင်မြတ်၏ နာမတော်ကို မရွတ်ဖတ်ဘဲ သတ်ဖြတ်သော တိရစ္ဆာန်များလည်းရှိ၏။ ကာလမကြာမြင့်မှီ အသျှင်မြတ်သည် သူတို့အား ၎င်းတို့၏ မတရား လုပ်ကြံမှုအတွက် လက်စားချေတော်မူမည်။ |
Ghazi Mohammad Hashim ၎င်းပြင် ယင်းသူတို့က မိမိတို့၏ထင်မြင် ယူဆချက်အရပြောဆိုကြသည်မှာ ထိုထိုသောအခြေ လေးချောင်းတိရစ္ဆာန်များသည်လည်းကောင်း၊ ထိုထိုသော လယ်ယာများ(မှထွက်သောပစ္စည်းများ) သည်လည်းကောင်း၊ ငါတို့အလိုရှိသောသူတို့မှအပ၊ အခြားမည်သူမျှ စားသုံး ခြင်းမပြုရန် တားမြစ်၍ထားပြီးဖြစ်သည်ဟူ၍လည်းကောင်း၊ (ထိုထိုသော) အခြေလေးချောင်း တိရစ္ဆာန်များ(၏) ကျောက်ကုန်းများ(ပေါ်၌တက်စီးခြင်း)သည် ဟရာမ် မြစ်တား၍ထားပြီးဖြစ်သည်ဟူ၍၎င်း၊ ပြောဆိုကြ၏။ ၎င်းပြင် (ထိုထိုသော) အခြေလေးချောင်းတိရစ္ဆာန်များကို (လှီးဖြတ်ရာ၌) ထိုသူများသည်အလ္လာဟ် အရှင်မြတ်၏နာမံတော်ကို တသခြင်းမပြုကြပေ။(ဤသည်တို့ကား) ထိုအရှင်မြတ်အပေါ်၌ လီဆယ်ပြောဆိုခြင်းမျှဖြစ်ရကား မကြာမြင့်မီ ထိုအရှင်မြတ်သည် ၎င်းတို့အား၊၎င်းတို့၏လီဆယ်ပြောဆိုမှုကြောင့် အပြစ်ဒဏ်ပေးတော်မူအံ့။ |
Hashim Tin Myint ထို့ပြင် သူတို့က သူတို့၏ထင်မြင်ယူဆချက်အတိုင်း ဤသို့ ပြောဆိုကြသည်၊ ဤသည် တိရစာ္ဆန်များနှင့် လယ်ယာ(ထွက်ပစ္စည်း)များဖြစ်သည်။ ဤအရာများသည် ငါတို့ အလိုရှိသောသူများမှလွဲ၍ အခြားမည်သူမှ မစားရအောင် တားမြစ်ပြီးဖြစ်သည်။ ၎င်းပြင် ဤသည် သူတို့၏ကျောကုန်းပေါ်၌(စီးနင်းကုန်တင်ရန်) တားမြစ်ထားသော တိရစာ္ဆန်များဖြစ်သည်။ ၎င်းပြင် ဤသည် (လှီးဖြတ်ရာ၌) အလ္လာဟ်အရှင်မြတ်၏နာမတော်ကို တသခြင်းမပြုရသော တိရစာ္ဆန်များဖြစ်သည်။ ဤသည် အရှင်မြတ်အပေါ်တွင် လုပ်ကြံလိမ်လည်ပြောဆိုခြင်းပင်ဖြစ်သည်။ အရှင်မြတ်သည် မကြာမီ သူတို့ကို သူတို့၏ လုပ်ကြံစွပ်စွဲလိမ်လည် ပြောဆိုမှုကြောင့် အစားပေးတော်မူမည်။ |