×

ဧကန်ပင်၊ သူတို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများ ပါဝင်သည့် ဘဝတည်ဆောက် ရေးလမ်းစဉ်) ကို (အကြွင်းမဲ့ ယုံကြည်လက်ခံရမည်ဖြစ်သော်လည်း 6:159 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:159) ayat 159 in Burmese

6:159 Surah Al-An‘am ayat 159 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 159 - الأنعَام - Page - Juz 8

﴿إِنَّ ٱلَّذِينَ فَرَّقُواْ دِينَهُمۡ وَكَانُواْ شِيَعٗا لَّسۡتَ مِنۡهُمۡ فِي شَيۡءٍۚ إِنَّمَآ أَمۡرُهُمۡ إِلَى ٱللَّهِ ثُمَّ يُنَبِّئُهُم بِمَا كَانُواْ يَفۡعَلُونَ ﴾
[الأنعَام: 159]

ဧကန်ပင်၊ သူတို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများ ပါဝင်သည့် ဘဝတည်ဆောက် ရေးလမ်းစဉ်) ကို (အကြွင်းမဲ့ ယုံကြည်လက်ခံရမည်ဖြစ်သော်လည်း ယင်းကို) အစိတ်စိတ်ခွဲ၍ ဂိုဏ်းဂဏကိုယ်စီ ဖြစ်စေခဲ့ကြသူများလည်း ရှိကြ၏။ သင်သည် ထိုသူတို့အထဲမှ လုံးဝ ပါဝင်ပတ်သက်ခြင်း မရှိပေ။ သူတို့၏အရေးကိစ္စများသည် အလ္လာဟ်အရှင်မြတ်ထံတော်သို့သာလျှင် လွှဲအပ်ပြီးဖြစ် (၍ အရှင်မြတ်၏တာဝန်သာ ဖြစ်) ၏။ ထို့နောက် (ထိုအရှင်မြတ်သည်ပင်) သူတို့၏ပြုမူကျင့်ကြံမှုများကို သူတို့အား (ထုတ်ပြန်ပြသတော်မူလျက်) သိစေတော်မူပေမည်။

❮ Previous Next ❯

ترجمة: إن الذين فرقوا دينهم وكانوا شيعا لست منهم في شيء إنما أمرهم, باللغة البورمية

﴿إن الذين فرقوا دينهم وكانوا شيعا لست منهم في شيء إنما أمرهم﴾ [الأنعَام: 159]

Ba Sein
၁၅၉။ မှတ်သားကြလော့။ အကြင်သူတို့သည် မိမိတို့ဘာသာအယူဝါဒကို အကွဲကွဲအပြားပြားပြု၍ ဂိုဏ်းဂဏ များ ထောင်ကြ၏။ သင်သည် ထိုသူတို့နှင့် လုံးဝမသက်ဆိုင်ပေ။ သူတို့အမှုသည် အလ္လာဟ်အသျှင် မြတ် ရှေ့တော်သို့ ရောက်ရလိမ့်မည်။ ထိုအခါ အသျှင်မြတ်သည် သူတို့ပြုကျင့်လေ့ရှိကြသည်ကို မိန့်ကြားတော်မူလိမ့်မည်။
Ghazi Mohammad Hashim
စင်စစ်ဧကန် အကြင်သူတို့သည် မိမိတို့၏ သာသနာကို အစိတ်စိတ်ခွဲပစ်ခဲ့ကြ၏။ ၎င်းနောက် ထိုသူများသည်ဂိုဏ်းဂဏ အသီးသီးကွဲခဲ့ကြ၏။ အသင်သည် ထိုသူတို့နှင့်မည်သို့မျှ မပတ်သက်ပေ။ မုချဧကန် ၎င်းတို့၏ကိစ္စသည်အလ္လာဟ်အရှင်မြတ်အထံတော်သို့ လွှဲအပ်ပြီးဖြစ်ချေသည်။ထိုနောက် ထိုအရှင်မြတ်သည်ပင်လျှင်၊ ၎င်းတို့အား၊ ၎င်းတို့ပြုမူခဲ့သည်တို့ကို သိစေတော်မူပေမည်။
Hashim Tin Myint
အမှန်စင်စစ် အကြင်သူတို့သည် သူတို့၏သာသနာကို အစိတ်စိတ်ခွဲပစ်ခဲ့ကြသည်။* ထို့‌နောက် သူတို့သည် ဂိုဏ်းဂဏများ ကွဲခဲ့ကြသည်။ အသင်သည် သူတို့နှင့် မည်သို့မှ မပတ်သက်‌ပေ။ စင်စစ် သူတို့၏ကိစ္စသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်သို့ လွှဲအပ်ထားပြီး ဖြစ်သည်။ ထို့‌နောက် အရှင်မြတ်သည်ပင် သူတို့အား သူတို့ ပြုလုပ်ခဲ့သည်များကို အသိ‌ပေး‌တော်မူမည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek