×

ဟောကြားလော့။ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင် မြတ်သည် ကျွန်ုပ်အား ဖြောင့်မတ်မှန်ကန်မြဲမြံသော လမ်းစဉ်တော်အတိုင်း လမ်းညွှန်တော်မူခဲ့ပြီ။ (ယင်းလမ်း စဉ်တော်မှာ) 6:161 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:161) ayat 161 in Burmese

6:161 Surah Al-An‘am ayat 161 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 161 - الأنعَام - Page - Juz 8

﴿قُلۡ إِنَّنِي هَدَىٰنِي رَبِّيٓ إِلَىٰ صِرَٰطٖ مُّسۡتَقِيمٖ دِينٗا قِيَمٗا مِّلَّةَ إِبۡرَٰهِيمَ حَنِيفٗاۚ وَمَا كَانَ مِنَ ٱلۡمُشۡرِكِينَ ﴾
[الأنعَام: 161]

ဟောကြားလော့။ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင် မြတ်သည် ကျွန်ုပ်အား ဖြောင့်မတ်မှန်ကန်မြဲမြံသော လမ်းစဉ်တော်အတိုင်း လမ်းညွှန်တော်မူခဲ့ပြီ။ (ယင်းလမ်း စဉ်တော်မှာ) တမန်တော်အီဗ်ရာဟီးမ်၏လမ်းစဉ်ဖြစ်သော (တစ်ပါးတည်းသော အရှင်မြတ်ကိုသာ ကိုးကွယ်ပြီး) သန့်ရှင်းစင်ကြယ်သော ယုံကြည်မှုသစ္စာတရားပေါ် အခြေခံသည့် တည်တံ့ခိုင်မြဲသော ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများ ပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ပင်ဖြစ်၏။ ထို့ပြင် (တမန်တော်) အီဗ်ရာဟီးမ်သည် မည်သည့်အခါမျှ အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ ကိုးကွယ်ကြသော သူတို့ထဲတွင် အပါအဝင် မဖြစ်ခဲ့ပေ။

❮ Previous Next ❯

ترجمة: قل إنني هداني ربي إلى صراط مستقيم دينا قيما ملة إبراهيم حنيفا, باللغة البورمية

﴿قل إنني هداني ربي إلى صراط مستقيم دينا قيما ملة إبراهيم حنيفا﴾ [الأنعَام: 161]

Ba Sein
၁၆၁။ ဟောကြားလော့။ မှတ်သားကြလော့။ အကျွနု်ပ်မှာမူကား မိမိ၏ကျေးဇူးတော်သခင်သည် ဖြောင့်မတ် မှန်ကန်သောတရားလမ်းတော်သို့ ပို့ဆောင်တော်မူပြီး ထိုလမ်းတော်ကြီးသည် မှန်ကန်သော သာသနာတော်ဖြစ်၏။ ဆင်းတုရုပ်ပွား မကိုးကွယ်သော ဖြောင့်မတ်တည်ကြည်သော တမန်တော် အီဗရာဟီမ်၏ ဘာသာအယူဝါဒဖြစ်၏။
Ghazi Mohammad Hashim
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောကြားပါလေ။ (အချင်းတို့) ငါ၏အရှင်မြတ်သည်ငါ့အားဖြောင့်မတ်မှန်ကန်သော တရားလမ်းသို့ ပို့ဆောင်တော်မူခဲ့လေပြီ။ (ထိုတရားလမ်းမှာ)အလွန်တည်တံ့ ခိုင်ခံ့သောသာသနာပင် ဖြစ်ပေသည်။ တည်ကြည် ဖြောင့်မတ်သော နဗီတမန်တော် အစ်ဗ်ရာဟီမ်၏လမ်းစဉ်ပင် ဖြစ်ပေသည်။ ၎င်းပြင် ထို(နဗီတမန်တော်) အစ်ဗ်ရာဟီမ်သည် တစ်စုံတစ်ရာကိုအလ္လာဟ် အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သောသူများတွင် ပါဝင်ခဲ့ သည်မဟုတ်။
Hashim Tin Myint
(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အမှန်ပင် ငါ့ကို ‌ဖြောင့်မတ်မှန်ကန်‌သောလမ်းသို့ ပို့‌ဆောင်‌တော်မူခဲပြီဖြစ်သည်။ (ထိုလမ်းသည်) အလွန်တည်တံ့ခိုင်မာ‌သော သာသနာပင်ဖြစ်သည်။ (တမန်‌တော်)အိဗ်ရာဟီမ်၏လမ်းစဉ်ပင်ဖြစ်သည်။ ၎င်းသည် (အရှင်မြတ်ဘက်) တစ်ဖက်တည်းကို ဦးလှည့်သူဖြစ်သည်။ ထို့ပြင် ၎င်းသည် တုဖက်ကိုးကွယ်သူများထဲတွင် အပါအဝင် မဖြစ်ခဲ့‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek