×

(လူ့ရုပ်ခန္ဓာဖွဲ့စည်းဖြစ်တည်လာသည့် မူလဘူတအခြေခံမှာ မြေကြီးမှ ထွက်သည့် အစာအာဟာရ ဖြစ်သည့်အလျှောက်) ထိုအရှင်သည် သင်တို့ကို မြေစေးမှ ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူပြီးနောက် သက်တမ်းကာလတစ်ခု 6:2 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:2) ayat 2 in Burmese

6:2 Surah Al-An‘am ayat 2 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 2 - الأنعَام - Page - Juz 7

﴿هُوَ ٱلَّذِي خَلَقَكُم مِّن طِينٖ ثُمَّ قَضَىٰٓ أَجَلٗاۖ وَأَجَلٞ مُّسَمًّى عِندَهُۥۖ ثُمَّ أَنتُمۡ تَمۡتَرُونَ ﴾
[الأنعَام: 2]

(လူ့ရုပ်ခန္ဓာဖွဲ့စည်းဖြစ်တည်လာသည့် မူလဘူတအခြေခံမှာ မြေကြီးမှ ထွက်သည့် အစာအာဟာရ ဖြစ်သည့်အလျှောက်) ထိုအရှင်သည် သင်တို့ကို မြေစေးမှ ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူပြီးနောက် သက်တမ်းကာလတစ်ခု သတ်မှတ်ပြဋ္ဌာန်းတော်မူ၏။ ထို့ပြင် အရှင်မြတ်ထံတော်တွင်လည်း နောက်ထပ် မပြောင်းလဲသော လောကီမဟုတ်သည့် ပုံသေသက်တမ်းကာလတစ်ခု သတ်မှတ်ထားပြီ ဖြစ်၏။ ထိုသို့ (ထင်ရှားသော အမှန်တရားများကို) ရှင်းလင်းတင်ပြစေပြီးဖြစ်သော်လည်း သင်တို့က ဒွိဟသံသယ၌ ရှိနေဆဲဖြစ်၏။

❮ Previous Next ❯

ترجمة: هو الذي خلقكم من طين ثم قضى أجلا وأجل مسمى عنده ثم, باللغة البورمية

﴿هو الذي خلقكم من طين ثم قضى أجلا وأجل مسمى عنده ثم﴾ [الأنعَام: 2]

Ba Sein
၂။ အသျှင်မြတ်သည် သင်တို့ကို ရွှံ့မြေစေးနှင့် ဖန်ဆင်းတော်မူ၏။ သင်တို့၏သက်တမ်းကို သတ်မှတ် ထားတော်မူ၏။ အသျှင်မြတ်အထံတော်၌ ကာလပိုင်းခြား ပြဌာန်းထားတော်မူ၏။ သို့ပါလျက် သင်တို့သည် ယုံမှားသံသယရှိကြသေး၏။
Ghazi Mohammad Hashim
ထိုအလ္လာဟ်အရှင်မြတ်သည် အသင်တို့အားရွှံ့မြေဖြင့် ဖန်ဆင်းတော်မူပြီးနောက် (အသက်သေဆုံး စေရန်)အချိန်တချိန်ကို သတ်မှတ်ပြဋ္ဌာန်း တော်မူခဲ့သောအရှင်ပင်ဖြစ်ပေသည်။ ၎င်းပြင် (ရှင်ပြန်ထစေရန်)အချိန်သည် ထိုအရှင်မြတ်ထံတော် ၌သာ သတ်မှတ်ပြဌာန်းပြီးဖြစ်၏။သို့ပါလျက် အသင်တို့သည် ဒွိဟသံသယ ဖြစ်ကြကုန်သတည်း။
Hashim Tin Myint
ထိုအရှင်မြတ်သည် အသင်တို့ကို ရွှံ့‌မြေမှ ဖန်ဆင်း‌တော်မူသည့်အပြင် (‌သေဆုံးမည့်)အချိန်တစ်ချိန်ကို သတ်မှတ်‌တော်မူခဲ့သည့်အရှင် ဖြစ်‌တော်မူသည်။* ထို့ပြင် (ပြန်ရှင်ထရမည့်)အချိန်သည် အရှင်မြတ်ထံ‌တော်၌ပင် သတ်မှတ်ထား‌တော်မူသည်။ ထို့‌နေုာက် အသင်တို့သည် သံသယဖြစ်‌နေကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek