×

ကျမ်းတော်ချမှတ်ပေးအပ်ခြင်းခံရသူတို့သည် ယင်းကျမ်းတော်ကို သူတို့၏သားမြေးများအား ရင်းနှီးသိကျွမ်းဝင်သကဲ့သို့ပင် သိကျွမ်းနေကြသော်လည်း သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို 6:20 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:20) ayat 20 in Burmese

6:20 Surah Al-An‘am ayat 20 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 20 - الأنعَام - Page - Juz 7

﴿ٱلَّذِينَ ءَاتَيۡنَٰهُمُ ٱلۡكِتَٰبَ يَعۡرِفُونَهُۥ كَمَا يَعۡرِفُونَ أَبۡنَآءَهُمُۘ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُمۡ فَهُمۡ لَا يُؤۡمِنُونَ ﴾
[الأنعَام: 20]

ကျမ်းတော်ချမှတ်ပေးအပ်ခြင်းခံရသူတို့သည် ယင်းကျမ်းတော်ကို သူတို့၏သားမြေးများအား ရင်းနှီးသိကျွမ်းဝင်သကဲ့သို့ပင် သိကျွမ်းနေကြသော်လည်း သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီ ဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို ဆုံးရှုံးမည့် လူသားလုပ် လမ်းစဉ်အတွက်သာ အသုံးချခြင်းကြောင့် ယုံကြည်ကြမည် မဟုတ်ပေ။

❮ Previous Next ❯

ترجمة: الذين آتيناهم الكتاب يعرفونه كما يعرفون أبناءهم الذين خسروا أنفسهم فهم لا, باللغة البورمية

﴿الذين آتيناهم الكتاب يعرفونه كما يعرفون أبناءهم الذين خسروا أنفسهم فهم لا﴾ [الأنعَام: 20]

Ba Sein
၂ဝ။ အကြင်သူတို့အား ငါအသျှင်မြတ်သည် ရှေးကျမ်းတော်ကို ပေးသနားတော်မူ၏။ ထိုသူတို့သည် မိမိတို့သားမြေးတို့ကို မှတ်မိသကဲ့သို့ ဤကုရ်အာန်ကျမ်းတော်မြတ်ကို မှတ်မိကြ၏။ မိမိကိုယ်ကို မိမိ ဖျက်ဆီးသောသူတို့သည် ယုံကြည်ကြမည်မဟုတ်ပေ။
Ghazi Mohammad Hashim
အကြင်သူတို့သည် ငါအရှင်မြတ်က ၎င်းတို့ အားကျမ်းဂန်ဒေသနာတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထိုသူတို့သည် မိမိတို့၏ သားများကိုမှတ်မိကြသကဲ့သို့ပင်၊ ထို(နဗီတမန်တော်မြတ်)အားလည်း မှတ်မိကြကုန်သည်။ (သို့ရာတွင်)မိမိတို့ကိုယ်ကို မိမိတို့ပင် ကျိုးယုတ်နစ်နာအောင် ပြုလုပ်သောသူတို့မူကား အလျင်း သက်ဝင်ယုံကြည်ကြသည် မဟုတ်ပေ။
Hashim Tin Myint
အကြင်သူများအား ငါအရှင်မြတ်သည် ကျမ်းဂန်ကို ‌ပေးသနား‌တော်မူခဲ့သည်။ ထိုသူများသည် သူတို့၏သားများအား သိရှိမှတ်မိကြသကဲ့သို့ ၎င်း(တမန်‌တော် မုဟမ္မဒ်-ဆွ)ကို သိရှိမှတ်မိကြသည်။ (သို့ရာတွင်)သူတို့ကိုယ်သူတို့ နစ်နာဆုံးရှုံး‌အောင်ပြုလုပ်သူများကမူ ယုံကြည်ခြင်း မရှိကြ‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek