Quran with Burmese translation - Surah Al-An‘am ayat 21 - الأنعَام - Page - Juz 7
﴿وَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوۡ كَذَّبَ بِـَٔايَٰتِهِۦٓۚ إِنَّهُۥ لَا يُفۡلِحُ ٱلظَّٰلِمُونَ ﴾
[الأنعَام: 21]
﴿ومن أظلم ممن افترى على الله كذبا أو كذب بآياته إنه لا﴾ [الأنعَام: 21]
Ba Sein ၂၁။ အလ္လာဟ်အသျှင်မြတ်နှင့်စပ်လျဉ်း၍ မဟုတ်မလျား လုပ်ကြံပြောဆို၍ ပညတ်တော်များကို ငြင်းဆန်သောသူထက် အဘယ်သူ မကောင်းမှုကို ပိုမိုပြုကျင့်သနည်း။ မှတ်သားကြလော့။ ဒုစရိုက်မှုကို ကျူးလွန်သူတို့သည် မအောင်မြင်နိုင်ပေ။ |
Ghazi Mohammad Hashim အမှန်စင်စစ် မည်သူမဆို မဟုတ်မမှန် မုသားကို အလ္လာဟ်အရှင်မြတ်အပေါ်၌ ကြံစည်လီဆယ် ၍ စွပ်စွဲအံ့။သို့တည်းမဟုတ် ထိုအရှင်မြတ်၏ သက်သေလက္ခဏာများကိုမဟုတ်မမှန်ဟု ငြင်းပယ်အံ့၊ ထိုသူထက်ပိုမို၍ မတရားသောသူကား မည်သူရှိအံ့နည်း။ အမှန်စင်စစ်သော်ကား (ထိုကဲ့သို့သော) မတရားသော သူတို့သည် (မည်သည့်အခါမျှ) အောင်မြင်ကြမည် မဟုတ်ပေ။ |
Hashim Tin Myint ထို့ပြင် အကြင်သူထက် မတရားသောသူ မည်သူရှိဦးမည်နည်း၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို လုပ်ကြံစွပ်စွဲသည်၊ သို့မဟုတ် အရှင်မြတ်၏ အာယသ်တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်သည်။* အမှန်စင်စစ် မတရားသူများသည် အောင်မြင်ကြမည် မဟုတ်ပေ။ |