Quran with Burmese translation - Surah Al-An‘am ayat 32 - الأنعَام - Page - Juz 7
﴿وَمَا ٱلۡحَيَوٰةُ ٱلدُّنۡيَآ إِلَّا لَعِبٞ وَلَهۡوٞۖ وَلَلدَّارُ ٱلۡأٓخِرَةُ خَيۡرٞ لِّلَّذِينَ يَتَّقُونَۚ أَفَلَا تَعۡقِلُونَ ﴾
[الأنعَام: 32]
﴿وما الحياة الدنيا إلا لعب ولهو وللدار الآخرة خير للذين يتقون أفلا﴾ [الأنعَام: 32]
Ba Sein ၃၂။ ဤလောကဓာတ်ဘဝသည် အပျင်းဖြေကစားစရာ အဖျင်းအသိမ်မှတစ်ပါး တစ်စုံတစ်ရာမျှ မဟုတ်ပေ။ အလ္လာဟ်အသျှင်မြတ်၏အမှုတော်ကို ထမ်းဆောင်သူတို့အဖို့မှာ နောင်တဝလွန်ဘဝ၏ ဗိမာန်သည် သာလွန်မွန်မြတ်၏။ သင်တို့တွင် အသိဉာဏ်မရှိကြသလော။ |
Ghazi Mohammad Hashim စင်စစ်သော်ကား မျက်မှောက်လောကီဘဝ၏အသက်တာသည် (စိတ်ပြေလက်ပျောက်) ကစားခုန်စားမှုသာဖြစ်၏။ သို့ရာတွင် နောင်တမလွန်ဘဝ၏ ဘုံဗိမာန်သည်ကား(နောင်တမလွန်ဘဝ၌ရှိသောဘုံဗိမာန်သည်ကား)ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်သော သူတို့အဖို့ အလွန်ကောင်းပေသည်။အသင် တို့သည် (ဤမျှပင်) နားမလည်ကြလေသလော။ |
Hashim Tin Myint ထို့ပြင် ဤဘဝ၏အသက်ရှင်မှုသည် အလဟဿ ဆော့ကစားစရာပင်ဖြစ်သည်။* ၎င်းပြင် တမလွန်ဘဝ၏နေအိမ်ဗိမာန်ကမူ မကောင်းမှုများမှ ရှောင်ကြဉ်သောသူများအတွက် အမှန်ပင် အလွန်ကောင်းသည် ထိုမျှပင် အသင်တို့သည် နားမလည်ကြသလော။ |