×

ဧကန်မုချ၊ ထိုသူတို့သည် (ကောင်းကျိုး၊ ဆိုးကျိုး၏အကျိုးဆက်ကို အပြည့်အဝ ခံစားစေတော်မူရန်) အလ္လာဟ်အရှင်မြတ်နှင့်ဆုံတွေ့ရမည်ဟူသော အရှင့်အမိန့်တော်နှင့်စပ်လျဉ်း၍ ရုတ်တရက် နောက်ဆုံးချိန် (ဖြစ်သော ရှင်ပြန်ထရမည့်နေ့) 6:31 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:31) ayat 31 in Burmese

6:31 Surah Al-An‘am ayat 31 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 31 - الأنعَام - Page - Juz 7

﴿قَدۡ خَسِرَ ٱلَّذِينَ كَذَّبُواْ بِلِقَآءِ ٱللَّهِۖ حَتَّىٰٓ إِذَا جَآءَتۡهُمُ ٱلسَّاعَةُ بَغۡتَةٗ قَالُواْ يَٰحَسۡرَتَنَا عَلَىٰ مَا فَرَّطۡنَا فِيهَا وَهُمۡ يَحۡمِلُونَ أَوۡزَارَهُمۡ عَلَىٰ ظُهُورِهِمۡۚ أَلَا سَآءَ مَا يَزِرُونَ ﴾
[الأنعَام: 31]

ဧကန်မုချ၊ ထိုသူတို့သည် (ကောင်းကျိုး၊ ဆိုးကျိုး၏အကျိုးဆက်ကို အပြည့်အဝ ခံစားစေတော်မူရန်) အလ္လာဟ်အရှင်မြတ်နှင့်ဆုံတွေ့ရမည်ဟူသော အရှင့်အမိန့်တော်နှင့်စပ်လျဉ်း၍ ရုတ်တရက် နောက်ဆုံးချိန် (ဖြစ်သော ရှင်ပြန်ထရမည့်နေ့) ရောက်လာသည်အထိ မဟုတ်မတရား လိမ်လည်ငြင်းဆန်ကြလျက် ဆုံးရှုံးပျက်စီး ကြလေပြီ။ (ထိုနေ့နှင့်ကြုံတွေ့သည့်အခါ) “ဤအချိန်နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့အား ပြောခဲ့သည်ကို ဥပေက္ခာပြု ပျက်ကွက်ခဲ့သည့်အတွက် နောင်တ ရမဆုံးဖြစ်နေရပါလား။” ဟု ပြောခဲ့ကြလိမ့်မည်။ အကြောင်းမှာ သူတို့ သည်သူတို့၏ကျောပြင်များပေါ်တွင် (လောကီ၌ လုပ်ခဲ့သော မကောင်းသော အတွေးအခေါ်အယူအဆနှင့်အပြုအမူတို့ဖြင့် ကြိုတင်ပို့ထားသော) ဝန်ထုတ်ဝန်ပိုးများကိုသာ တင်လျှက် ထမ်းရွက်ကြလိမ့်မည်။ ဧကန်ပင်၊ သူတို့ ထမ်းရွက်နေကြသည့် ဝန်ထုတ်ဝန်ပိုးသည် အလွန်ပင် ယုတ်ညံ့ဆိုးဝါးလှကြောင်း သတိထားကြလော့။

❮ Previous Next ❯

ترجمة: قد خسر الذين كذبوا بلقاء الله حتى إذا جاءتهم الساعة بغتة قالوا, باللغة البورمية

﴿قد خسر الذين كذبوا بلقاء الله حتى إذا جاءتهم الساعة بغتة قالوا﴾ [الأنعَام: 31]

Ba Sein
၃၁။ အကြင်သူတို့သည် အလ္လာဟ်အသျှင်မြတ်ကို မျက်ဝါးထင်ထင် ဖူးမြင်ရမည်ကို မယုံကြည် ငြင်းပယ် ကြ၏။ ထိုသူတို့သည် မုချဆုံးရှုံးပျက်စီးသူများဖြစ်ကြ၏။ ထိုအချိန်တော်ကြီးသည် ရုတ်တရက် ဆိုက်ရောက်လာသောအခါ သူတို့သည် အကျွနု်ပ်တို့ဒုက္ခတွေ့ပြီ။ အကျွနု်ပ်တို့သည် ဤအချိန်တော် ကြီးကို ဂရုမစိုက် လျစ်လျူရှုခဲ့ကြ၏ဟု ညည်းညူငိုးကြွေးကြ၏။ သူတို့သည် မိမိတို့၏ ဝန်ထုပ် ဝန်ပိုးများကို မိမိတို့ ကျောကုန်းများပေါ်တွင် ပိုးထားကြ၏။ သူတို့ ပိုးယူလာကြသော ဝန်ထုပ်သည် ဒုစရိုက်ထုပ်ကြီးဖြစ်၏။
Ghazi Mohammad Hashim
အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံကြမည်ကိုမဟုတ်မမှန်ဟု ပြောဆိုကြကုန်သော သူတို့သည် ဧကန်စင်စစ်ဆုံးရှုံးပျက်စီးကြလေပြီ။ (ဤသို့ မဟုတ်မမှန် ပြောဆိုခြင်းသည်ရက် အနည်းငယ်သာဖြစ်မည်) နောက်ဆုံးတွင် ၎င်းတို့ထံထိုကန့်သတ်ပြီးဖြစ်သော အချိန်ကာလ (ကိယာမတ်ခေါ် ရှင်ပြန်ထမည့်နေ့)သည် ရုတ်တရက်ရှောင်တခင် ရောက်ရှိလာသောအခါ (ထိုသူတို့၏ မဟုတ်မမှန် ပြောဆိုခြင်းသည်ရပ်သွားပေမည်။ ၎င်းပြင်) ထိုသူတို့က ဪ ငါတို့သည်ဤအချိန်နှင့် စပ်လျဉ်း၍ ပေါ့လျော့ ပျက်ကွက်ခဲ့ကြသည်မှာဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရလေခြင်း ဟု ညည်းငြူမြည်တမ်းကြမည်။ ထို့ပြင် ၎င်းတို့သည် (ထိုနေ့တွင်) မိမိတို့(၏ အပြစ်များ)၏ ဝန်ထုပ်များကို မိမိတို့၏ ကျောက်ကုန်းများထက်ဝယ်သည်ပိုးလျှက်ရှိကြမည်။ ၎င်းတို့ သည်ပိုးလျှက်ရှိကြသောအရာများမှာ ဆိုးရွား လှသည်ဟု မှတ်ယူကြလေကုန်။
Hashim Tin Myint
အလ္လာဟ်အရှင်မြတ်နှင့် ‌တွေ့ဆုံကြရမည်ကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြ‌သောသူများသည် အမှန်စင်စစ် ပျက်စီးခဲ့ကြပြီဖြစ်သည်။ ‌နောက်ဆုံးတွင် သူတို့ထံသို့ ထိုအချိန် ကိယာမသ် ရှင်ပြန်ထမည့်‌နေ့သည် ရုတ်တရက် ‌ရောက်ရှိလာ‌သောအခါ သူတို့သည် (ထို‌နေ့တွင်) သူတို့၏(အပြစ်)ဝန်ထုပ်များကို သူတို့၏‌ကျောများ‌ပေါ်၌ ထမ်းပိုးလျက် ညည်းညူ‌ပြောဆိုကြမည်- ‌ဪ- ငါတို့သည် ဤအချိန်နှင့်ပတ်သက်၍ ‌ပေါ့‌လျော့ခဲ့ကြခြင်းသည် ‌ကြေကွဲစရာ ဖြစ်ရ‌လေခြင်းပင်။ သတိပြုကြပါ၊ သူတို့ထမ်းပိုးထား‌သောအရာ(အပြစ်)များသည် ဆိုးဝါးလှ‌ပေသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek