Quran with Burmese translation - Surah Al-An‘am ayat 33 - الأنعَام - Page - Juz 7
﴿قَدۡ نَعۡلَمُ إِنَّهُۥ لَيَحۡزُنُكَ ٱلَّذِي يَقُولُونَۖ فَإِنَّهُمۡ لَا يُكَذِّبُونَكَ وَلَٰكِنَّ ٱلظَّٰلِمِينَ بِـَٔايَٰتِ ٱللَّهِ يَجۡحَدُونَ ﴾
[الأنعَام: 33]
﴿قد نعلم إنه ليحزنك الذي يقولون فإنهم لا يكذبونك ولكن الظالمين بآيات﴾ [الأنعَام: 33]
Ba Sein ၃၃။ သူတို့သည် သင့်အား အမှန်ပင် မငြင်းပယ်ကြသော်လည်း သူတို့၏အပြောအဆိုသည် သင်အား စိတ်ပူဆွေးစေသည်ကို ငါအသျှင်မြတ်သည် ကောင်းစွာသိတော်မူ၏။ သို့သော် ဒုစရိုက်မှု ကျူးလွန်သူ များသည် အလ္လာဟ်အသျှင်မြတ်၏ ဗျာဒိတ်တော်များကို ငြင်းပယ်ကြ၏။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်)၎င်းတို့ပြောဆိုသော စကားသည် ဧကန်စင်စစ် အသင့်အား စိတ်ဒုက္ခ ရောက်စေသည်ကိုငါအရှင်မြတ်သည်(ကောင်းစွာ) သိတော်မူသည်။ အမှန်စင်စစ် ယင်းသူတို့သည် အသင့်အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြသည် မဟုတ်ချေ။ သို့ရာတွင် မတော်မတရားပြုမူသောသူတို့သည် အလ္လာဟ်အရှင်မြတ်၏ သက်သေ လက္ခဏာတော်များကိုသာ ငြင်းပယ်နေကြသည်။ |
Hashim Tin Myint သူတို့ပြောဆိုကြသောစကားသည် အမှန်စင်စစ် အသင်(တမန်တော်)အား စိတ်ပူပန်သောက ရောက်စေသည်ကို ငါအရှင်မြတ်သည် သိတော်မူသည်။* အမှန်စင်စစ် သူတို့သည် အသင့်အား မဟုတ်မမှန် ငြင်းပယ်ခဲ့ကြသည် မဟုတ်ပေ။ သို့ရာတွင် မတရားလုပ်သောသူများသည် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော် သက်သေလက္ခဏာများကိုသာ ငြင်းပယ်ကြခြင်းဖြစ်သည်။ |