×

ထို့နောက် သူတို့သည် (အရှင်မြတ်၏သွန်သင်ချက်များနှင့်သတိပေးနှိုးဆော်ချက်များကို) အစဉ်သတိရနိုင်ရန် ကျမ်းတော်အားဖြင့် ထပ်တလဲလဲ ရှင်းလင်းတင်ပြတော်မူခဲ့သည်ကို မေ့ပစ်ထားခဲ့ကြသည့်အချိန်အထိ ငါအရှင်မြတ်သည် သူတို့အတွက် (သူတို့အပေါ် အရှင့်ကရုဏာမိုးရွာချတော်မူသကဲ့သို့ 6:44 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:44) ayat 44 in Burmese

6:44 Surah Al-An‘am ayat 44 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 44 - الأنعَام - Page - Juz 7

﴿فَلَمَّا نَسُواْ مَا ذُكِّرُواْ بِهِۦ فَتَحۡنَا عَلَيۡهِمۡ أَبۡوَٰبَ كُلِّ شَيۡءٍ حَتَّىٰٓ إِذَا فَرِحُواْ بِمَآ أُوتُوٓاْ أَخَذۡنَٰهُم بَغۡتَةٗ فَإِذَا هُم مُّبۡلِسُونَ ﴾
[الأنعَام: 44]

ထို့နောက် သူတို့သည် (အရှင်မြတ်၏သွန်သင်ချက်များနှင့်သတိပေးနှိုးဆော်ချက်များကို) အစဉ်သတိရနိုင်ရန် ကျမ်းတော်အားဖြင့် ထပ်တလဲလဲ ရှင်းလင်းတင်ပြတော်မူခဲ့သည်ကို မေ့ပစ်ထားခဲ့ကြသည့်အချိန်အထိ ငါအရှင်မြတ်သည် သူတို့အတွက် (သူတို့အပေါ် အရှင့်ကရုဏာမိုးရွာချတော်မူသကဲ့သို့ ဖြိုးတိုးတက်မှုဆိုင်ရာ) တံခါးပေါက် အလုံးစုံတို့ကို ဖွင့်ပေးတော်မူခဲ့၏။ သူတို့သည် ငါအရှင်မြတ်ပေးအပ်တော်မူထားသည့် စည်းစိမ်ချမ်းသာတို့ဖြင့် ဝမ်းသာပျော်မြူးကြသည်အထိ အခွင့်အရေးပေးတော်မူပြီး) ရုတ်ချည်းဆိုသလို အရေးယူတော်မူသောကြောင့် သူတို့သည် (ဖြစ်စဉ်ကို မထိန်းသိမ်းဘဲ) မျှော်လင့်ချက်ကင်းမဲ့လျက် ထိုးကျသွားခဲ့ကြ၏။

❮ Previous Next ❯

ترجمة: فلما نسوا ما ذكروا به فتحنا عليهم أبواب كل شيء حتى إذا, باللغة البورمية

﴿فلما نسوا ما ذكروا به فتحنا عليهم أبواب كل شيء حتى إذا﴾ [الأنعَام: 44]

Ba Sein
၄၄။ ထို့နောက် သူတို့သည် မိမိတို့အား ဆုံးမသွန်သင်သောတရားတော်ကို မေ့လျော့သွားသောအခါ ငါအသျှင်မြတ်သည် သူတို့အား လောကစည်းစိမ်အမျိုးမျိုး၏တံခါတးများကို ဖွင့်ပေး၏။ သူတို့သည် မိမိတို့အား ပေးသနားတော်မူသော စည်းစိမ်ဥစ္စာများတွင် ပျော်ရွှင်မြူးတူးနေစဉ် ငါသည် သူတို့ကို ရုတ်တရက် ရှောင်တခင် ဖမ်းဆီးတော်မူ၏။ ထိုအခါ သူတို့သည် အံ့အားသင့်နေကြ၏။
Ghazi Mohammad Hashim
ထို့နောက် ၎င်းတို့သည် မိမိတို့အား သတိပေးနှိုးဆော်ခြင်းခံကြရလေသော ကိစ္စများကို မေ့ပျောက်ထားခဲ့ကြ၏။ ထိုအခါ ငါအရှင်မြတ်သည် ၎င်းတို့ အပေါ်၌ ခပ်သိမ်းကုန်သော စည်းစိမ်တို့၏တံခါးများကို ဖွင့်လှစ်ပေးတော်မူလိုက်၏။နောက်ဆုံးတွင် ၎င်းတို့သည် မိမိတို့ရရှိကြကုန်သော စည်းစိမ်တို့နှင့်စပ်လျဉ်း၍ မော်ကြွား၍ လာကြပြန်သောအခါ ငါအရှင်မြတ်သည် ၎င်းတို့အား ရုတ်တရက်ဖမ်းဆီး (ပြစ်ဒဏ်ပေး)တော်မူလိုက်၏။ ထိုအခါ ၎င်းတို့သည် မျှော်လင့်ချက် ကုန်ဆုံး၍တွေဝေ မိန်းမောသွားကြလေသည်။
Hashim Tin Myint
ထို့‌နောက် သူတို့သည် သူတို့ကို သတိ‌ပေးနှိုး‌ဆော်ခြင်းခံကြရ‌သောအရာများကို ‌မေ့‌ပျောက်ထားကြ‌သောအခါ ငါအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် (စည်းစိမ်၏)တံခါးများအားလုံးကို ဖွင့်‌ပေးလိုက်‌တော်မူခဲ့သည်။ ‌နောက်ဆုံး၌ သူတို့သည် သူတို့‌ပေးခြင်းခံရ‌သော (စည်းစိမ်၏)အရာများနှင့် ဂုဏ်ယူဝင်ကြွားကြ‌သောအခါ ငါအရှင်မြတ်သည် သူတို့အား ရုတ်တရက် ဖမ်းဆီးလိုက်‌တော်မူသည်။ ထိုအခါ သူတို့သည် ‌မျှော်လင့်ချက်ကင်းမဲ့ပြီး ‌ကြေကွဲသွားကြ‌တော့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek