×

ထို့ပြင် အရှင်မြတ်၏ထံတော်၌သာ မျက်ကွယ်ရာဟူသမျှ၏သော့များရှိပြီး ထိုအရှင်မှလွဲ၍ မည်သူမျှ (အရှင့်ခွင့်ပြုချက်မရဘဲ) ယင်းတို့ကို သိလိမ့်မည် မဟုတ်ပေ။ ထိုမျှမက ထိုအရှင်မြတ်သည် ကုန်းမြေနှင့်ပင်လယ်တို့၌ရှိသောအရာဟူသမျှကို 6:59 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:59) ayat 59 in Burmese

6:59 Surah Al-An‘am ayat 59 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 59 - الأنعَام - Page - Juz 7

﴿۞ وَعِندَهُۥ مَفَاتِحُ ٱلۡغَيۡبِ لَا يَعۡلَمُهَآ إِلَّا هُوَۚ وَيَعۡلَمُ مَا فِي ٱلۡبَرِّ وَٱلۡبَحۡرِۚ وَمَا تَسۡقُطُ مِن وَرَقَةٍ إِلَّا يَعۡلَمُهَا وَلَا حَبَّةٖ فِي ظُلُمَٰتِ ٱلۡأَرۡضِ وَلَا رَطۡبٖ وَلَا يَابِسٍ إِلَّا فِي كِتَٰبٖ مُّبِينٖ ﴾
[الأنعَام: 59]

ထို့ပြင် အရှင်မြတ်၏ထံတော်၌သာ မျက်ကွယ်ရာဟူသမျှ၏သော့များရှိပြီး ထိုအရှင်မှလွဲ၍ မည်သူမျှ (အရှင့်ခွင့်ပြုချက်မရဘဲ) ယင်းတို့ကို သိလိမ့်မည် မဟုတ်ပေ။ ထိုမျှမက ထိုအရှင်မြတ်သည် ကုန်းမြေနှင့်ပင်လယ်တို့၌ရှိသောအရာဟူသမျှကို အကြွင်းမဲ့ သိတော်မူ၏။ သစ်ရွက်များအနက်မှ သစ်ရွက်တစ်ရွက်ကြွေကျသည်ဖြစ်စေ၊ မြေကမ္ဘာ၏အမှောင်ထဲတွင် မြုပ်ကွယ်နေသော သစ်စေ့တစ်စေ့ဖြစ်စေ စိန်းလန်းစိုပြေသော အခြေအနေနှင့်ပူပြင်းခြောက်သွေ့သည့် အခြေအနေတို့ကိုဖြစ်စေ၊ သိသာထင်ရှားသော မှတ်တမ်းတော်၌ ရေးမှတ်တော်မူခြင်းမှအပ ရည်ရွယ်မဲ့ဖြစ်ပေါ်စေတော်မူသည် အလျှင်း မဟုတ်ပေ။

❮ Previous Next ❯

ترجمة: وعنده مفاتح الغيب لا يعلمها إلا هو ويعلم ما في البر والبحر, باللغة البورمية

﴿وعنده مفاتح الغيب لا يعلمها إلا هو ويعلم ما في البر والبحر﴾ [الأنعَام: 59]

Ba Sein
၅၉။ မမြင်စွမ်းနိုင်သော အရာဝထ္ထုများ၏သော့များသည် အသျှင်မြတ်၏အထံတော်၌ရှိကြ၏။ ထိုအရာဝထ္ထုများကို အသျှင်မြတ်မှတစ်ပါး မည်သူမျှမသိပေ။ အသျှင်မြတ်သည် ကမ္ဘာမြေကြီးနှင့် ပင်လယ်သမုဒ္ဒရာထဲတွင် ရှိရှိသမျှသောအရာကို သိတော်မူ၏။ သစ်ရွက်တစ်ရွက်မကြွေကျမှ ကြွေကျလျှင်လည်း အသျှင်မြတ် သိမြင်တော်မူ၏။ မြေကြီး၏အမှောင်ထုထဲတွင်ရှိသော စပါးစေ့ကို သော်လည်းကောင်း၊ စိုစွတ်သောအရာကိုသော်လည်းကောင်း၊ ခြောက်သွေ့သောအရာကိုသော် လည်းကောင်း၊ အလုံးစုံတို့ကို မကြွင်းမကျန် ထင်ရှားသော မှတ်ပုံတင်စာအုပ်ကြီးတွင် မှတ်သားထား တော်မူ၏။
Ghazi Mohammad Hashim
၎င်းပြင် ထိုအရှင်မြတ်အထံတော်တွင် အကွယ်၌ရှိသောအရာများ၏ [သော့များသည်ရှိ၏]။ [(တနည်း) ဘဏ္ဍာတော်များသည်ရှိ၏။] ယင်း(သော့များ-ဘဏ္ဍာတော်များကို)ထိုအရှင်မြတ်မှတစ်ပါး မည်သူမျှမသိချေ။ ၎င်းပြင် ထိုအရှင်မြတ်သည် သာလျှင် ပထဝီမြေ၌ ရှိရှိသမျှသော အရာတို့ကလည်းကောင်း၊ သမုဒ္ဒရာ ပင်လယ်၌ ရှိရှိသမျှသော အရာတို့ကိုလည်းကောင်း သိရှိတော်မူ၏။ ထို့ပြင်တဝ သစ်ရွက်တစ်ရွက်ကြွေကျသည်ကိုပင် ထိုအရှင်မြတ်သည် သိရှိတော်မူ၏။ ၎င်းပြင် ပထဝီမြေ၏အမှောင်အထပ်ထပ်တွင် ကျနေသော (သစ်)စေ့ ဟူသရွေ့တို့သည်လည်းကောင်း၊ စိမ်းစိုသောအရာဝတ္ထု ဟူသရွေ့တို့သည်လည်းကောင်း၊ သွေ့ခြောက်သော အရာဝတ္ထုဟူသရွေ့တို့သည်လည်းကောင်း၊ ရှင်းလင်းထင်ရှားသော (မှတ်တမ်း) တော်စာအုပ်တွင်ရှိကုန်၏။
Hashim Tin Myint
ထို့ပြင် အရှင်မြတ်ထံ‌တော်တွင် အကွယ်၏‌သော့များရှိသည်။* ထိုအရာများကို အရှင်မြတ်မှလွဲ၍ မည်သူမှမသိ‌ပေ။ ထို့ပြင် အရှင်မြတ်သည် ကုန်း‌မြေတွင်ရှိသမျှနှင့် ပင်လယ်ထဲတွင်ရှိသမျှအရာများကို သိ‌တော်မူသည်။ ၎င်းပြင် သစ်ရွက်တစ်ရွက် ‌ကြွေကျသည်ကိုလည်း အရှင်မြတ်သိ‌တော်မူသည်။ ထို့ပြင် ပထဝီ‌မြေ၏အ‌မှောင်များထဲ၌ ကျ‌ရောက်‌နေ‌သော အ‌စေ့အဆံဟူသမျှနှင့် စိမ်းစို‌သောအရာဟူသမျှအပြင် ‌ခြောက်‌သွေ့‌သောအရာသူသမျှသည် ရှင်းလင်းထင်ရှား‌သော (မှတ်တမ်း)စာအုပ်တွင် ရှိကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek