×

ထိုအရှင်သည် အရှင့်အစေခံလူသားအားလုံးထက် အရာရာတွင် စွမ်းဆောင်လွှမ်းမိုးတော်မူသော အနန္တတန် ခိုးရှင်ဖြစ်တော်မူ၏။ ထိုအရှင်သည် သင်တို့အပေါ် သင်တို့ကွယ်လွန်ချိန်ရောက်သည်အထိ (သင်တို့ပြုမူကျင့်ကြံ လုပ်ဆောင်သမျှကို မှတ်တမ်းတင်ရန်) 6:61 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:61) ayat 61 in Burmese

6:61 Surah Al-An‘am ayat 61 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 61 - الأنعَام - Page - Juz 7

﴿وَهُوَ ٱلۡقَاهِرُ فَوۡقَ عِبَادِهِۦۖ وَيُرۡسِلُ عَلَيۡكُمۡ حَفَظَةً حَتَّىٰٓ إِذَا جَآءَ أَحَدَكُمُ ٱلۡمَوۡتُ تَوَفَّتۡهُ رُسُلُنَا وَهُمۡ لَا يُفَرِّطُونَ ﴾
[الأنعَام: 61]

ထိုအရှင်သည် အရှင့်အစေခံလူသားအားလုံးထက် အရာရာတွင် စွမ်းဆောင်လွှမ်းမိုးတော်မူသော အနန္တတန် ခိုးရှင်ဖြစ်တော်မူ၏။ ထိုအရှင်သည် သင်တို့အပေါ် သင်တို့ကွယ်လွန်ချိန်ရောက်သည်အထိ (သင်တို့ပြုမူကျင့်ကြံ လုပ်ဆောင်သမျှကို မှတ်တမ်းတင်ရန်) ထိန်းသိမ်းစောင့်ရှောက်မည့် (မလာအီကာစေတမန်ဖြစ်) သူများစေလွှတ်တော်မူပြီး (လောကီတွင် တာဝန်ပေးခံထားရသော အလုပ်တာဝန်များမှ) သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော် မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့် စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အား အနားပေးတော်မူရန် ငါအရှင်မြတ်က စေလွှတ်တော်မူသည့်စေတမန်များသည် (တာဝန်ပေးသည့်အတိုင်းသာ ဆောင်ရွက်ပြီး) မည်သည့်တာဝန်ကိုမျှ ဥပေက္ခာပြုခြင်း မရှိကြပေ။

❮ Previous Next ❯

ترجمة: وهو القاهر فوق عباده ويرسل عليكم حفظة حتى إذا جاء أحدكم الموت, باللغة البورمية

﴿وهو القاهر فوق عباده ويرسل عليكم حفظة حتى إذا جاء أحدكم الموت﴾ [الأنعَام: 61]

Ba Sein
၆၁။ အသျှင်မြတ်သည် မိမိ၏ကျေးတော်မျိုး၊ ကျွန်တော်မျိုးတို့အပေါ်၌ တန်ခိုးအတိုင်းထက် အလွန်ကြီး တော်မူ၏။ သင်တို့ကံကုန်သည်တိုင်အောင် စောင့်ရှောက်ဖို့ရာ အစောင့်တော်များကို အသျှင်မြတ် ချထားတော်မူ၏။ သင်တို့အနက် တစ်စုံတစ်ယောက် အနိစ္စရောက်လျှင် သူကို ငါအသျှင်မြတ်၏ ကောင်းကင်တမန်တော်များ လက်ခံယူထားကြ၏။ သူတို့သည် ပေါ့ပေါ့ဆဆမဟုတ်ကြပေ။
Ghazi Mohammad Hashim
၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် မိမိကျွန်များအပေါ်ဝယ် လွှမ်းမိုးတော်မူသောအရှင် ဖြစ်တော်မူ၏။၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့ထံ ထိန်းသိမ်းစောင့်ရှောက်သော(မလာအိကဟ် ကောင်းကင်တမန်)များကိုစေလွှတ်တော်မူ၏။ နောက်ဆုံးတွင် အသင်တို့အနက် တစ်ဦးဦးထံ မရဏ သေခြင်းတရားသည် ဆိုက်ရောက်လာ သောအခါ၊ ငါအရှင်မြတ်၏ (မာလာအိကဟ် ကောင်းကင်တမန်)များသည် ထိုသူ(၏အသက်ဇီဝိန်)ကိုရုပ်သိမ်းကြ၏။၎င်းပြင် ထို(မလာအိကဟ်ကောင်းကင်တမန်)တို့သည် (ငါအရှင်မြတ်၏ အမိန့်တော်များကို လိုက်နာဆောင်ရွက်ရာတွင်အနည်းငယ်စိုးစဉ်းမျှ) ပေါ့လျော့ကြသည်မရှိချေ။
Hashim Tin Myint
ထို့ပြင် အရှင်မြတ်သည်ပင် အရှင်မြတ်၏ကျွန်များအ‌ပေါ်တွင် နိုင်နင်းလွှမ်းမိုး‌တော်မူ‌သောအရှင်လည်း ဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ထံသို့ ထိန်းသိမ်း‌စောင့်‌ရှောက်‌သောသူ (‌ကောင်းကင်တမန်‌တော်)များကို ‌စေလွှတ်‌တော်မူသည်။ ‌နောက်ဆုံးတွင် အသင်တို့ထဲမှ တစ်ဦးဦးထံသို့ ‌သေခြင်း ဆိုက်‌ရောက်လာ‌သောအခါ ငါအရှင်မြတ်၏ ‌စေတမန်များသည် သူ၏(အသက်)ကို ‌ပေါ့ဆစွာ မပြုလုပ်ကြဘဲလျက် ရုပ်သိမ်းကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek