Quran with Burmese translation - Surah Al-An‘am ayat 63 - الأنعَام - Page - Juz 7
﴿قُلۡ مَن يُنَجِّيكُم مِّن ظُلُمَٰتِ ٱلۡبَرِّ وَٱلۡبَحۡرِ تَدۡعُونَهُۥ تَضَرُّعٗا وَخُفۡيَةٗ لَّئِنۡ أَنجَىٰنَا مِنۡ هَٰذِهِۦ لَنَكُونَنَّ مِنَ ٱلشَّٰكِرِينَ ﴾
[الأنعَام: 63]
﴿قل من ينجيكم من ظلمات البر والبحر تدعونه تضرعا وخفية لئن أنجانا﴾ [الأنعَام: 63]
Ba Sein ၆၃။ ဟောကြားလော့။ ဟယ်-အချင်းတို့ သင်တို့ကို ရေမြေသမုဒ္ဒရာတို့၏အမှောင်ထုမှ အဘယ်သူ ကယ်နှုတ်သနည်း။ သင်တို့သည် အသျှင်မြတ်ထံ အို-ကျေးဇူးတော်သခင် အကျွနု်ပ်တို့သည် ဤဘေးအန္တရာယ်မှ ကယ်တင်ခြင်းခံကြရပါလျှင် အကျွနု်ပ်သည် မချွတ်ဧကန် ဂုဏ်ကျေးဇူးတော်ကို ချီးကျူးတသသူတို့ဘောင်တွင် ပါဝင်ပါမည်ဟု ရိုသေကိုင်းရှိုင်းခြင်းဖြင့် လျှို့ဝှက်စွာ ဆုတောင်းကြ၏။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည်ပြောကြားပါလေ။ (အချင်းတို့) အသင်တို့အား ကုန်းမြေနှင့် သမုဒ္ဒရာပင်လယ်၏ အမှောင်အထပ်ထပ်တို့မှ မည်သူသည် ကယ်တင်ပါသနည်း။ အကယ်၍ ထိုအရှင် မြတ်သည် ကျွန်တော်မျိုးတို့အား ဤအန္တရာယ်များမှ လွတ်မြောက်စေတော်မူပါလျှင်ကျွန်တော်မျိုးတို့သည် ကျေးဇူးတော်ကို သိတတ်သောသူတို့တွင်အပါအဝင် ဖြစ်ကြပါမည် ဟူ၍ အသင်တို့သည် (အလ္လာဟ်)အရှင်မြတ်ကိုသာ ငိုကြွေးကာလည်းကောင်း၊ တိတ်ဆိတ်စွာည်းကောင်း၊ ဟစ်ခေါ်တသ (ဆုတောင်းပတ္ထနာပြု)ကြကုန်သည် (မဟုတ်ပါလော)။တနည်း။(အို-နဗီ) အသင်သည် ပြောကြားပါလေ။ (အိုမုရ်ှရစ်က်အပေါင်းတို့) ကုန်းမြေနှင့်သမုဒ္ဒရာ၏ အမှောင်(ဘေးဒုက္ခ)များမှ အသင်တို့ကို မည်သူ ကယ်တင်သနည်း။ (ထိုအချိန်တွင်) အသင်တို့သည် (အလ္လာဟ်)အရှင်မြတ်ကိုသာလျှင် (တစ်ခါတစ်ရံ)ကျိုးနွံစွာဖြင့်လည်းကောင်း၊ (တစ်ခါ တစ်ရံ)တိတ်ဆိတ်စွာ လည်းကောင်း၊ တသကြ၏။ (၎င်းပြင် အသင်တို့က)အကယ်၍ ထိုအရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဤဘေးဒုက္ခမှ ကယ်တင်တော်မူပါလျှင် ကျွန်တော်မျိုးတို့သည်ကျေးဇူးတော်ကို သိတတ်သောသူများတွင် မုချအပါအဝင် ဖြစ်ကြပါမည် (ဟု ပြောဆိုကြသည်)။ |
Hashim Tin Myint (အို- တမန်တော်)အသင် ပြောလိုက်ပါ- အသင်တို့ကို ကုန်းမြေနှင့် ပင်လယ်၏အမှောင်များမှ မည်သူကယ်တင်သနည်း။ အသင်တို့သည် အရှင်မြတ်ကိုသာ ကျိုးနွံပြီး တိတ်ဆိတ်စွာ ဟစ်ခေါ်တသကြသည်။ “အကယ်၍ အရှင်မြတ်သည် ကျွန်ုပ်တို့အား ဤဘေးဒုက္ခမှ ကယ်တင်တော်မူပါလျှင် ကျွန်ုပ်တို့သည် ကျေးဇူးသိတတ်သူများထဲ၌ အမှန်ပင် ဖြစ်ကြပါမည်“ (ဟု ပြောဆိုကြသည်)။ |