Quran with Burmese translation - Surah Al-An‘am ayat 71 - الأنعَام - Page - Juz 7
﴿قُلۡ أَنَدۡعُواْ مِن دُونِ ٱللَّهِ مَا لَا يَنفَعُنَا وَلَا يَضُرُّنَا وَنُرَدُّ عَلَىٰٓ أَعۡقَابِنَا بَعۡدَ إِذۡ هَدَىٰنَا ٱللَّهُ كَٱلَّذِي ٱسۡتَهۡوَتۡهُ ٱلشَّيَٰطِينُ فِي ٱلۡأَرۡضِ حَيۡرَانَ لَهُۥٓ أَصۡحَٰبٞ يَدۡعُونَهُۥٓ إِلَى ٱلۡهُدَى ٱئۡتِنَاۗ قُلۡ إِنَّ هُدَى ٱللَّهِ هُوَ ٱلۡهُدَىٰۖ وَأُمِرۡنَا لِنُسۡلِمَ لِرَبِّ ٱلۡعَٰلَمِينَ ﴾
[الأنعَام: 71]
﴿قل أندعوا من دون الله ما لا ينفعنا ولا يضرنا ونرد على﴾ [الأنعَام: 71]
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် (ထိုမိစ္ဆာဒိဋ္ဌိတို့အား ဤသို့)ပြောကြားပါလေ။ ငါတို့သည် အလ္လာဟ်အရှင်မြတ်အပြင် (အသင်တို့အလိုရှိသကဲ့သို့) ငါတို့အား အကျိုးဖြစ်ထွန်းစေခြင်းကိုလည်းကောင်း၊ အကျိုးယုတ်စေခြင်းကိုလည်းကောင်း၊ မပြုစွမ်းနိုင်သောအရာများကို ကိုးကွယ်ကြရမည်လော။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ငါတို့အား တရားလမ်းမှန်သို့ ပို့ဆောင်ပြီးနောက်တွင် ငါတို့သည် အကြင်သူကဲ့သို့ပင် မိမိတို့၏ခြေဖနောင့်ဖက်သို့ ပြန်လှည့်သွားကြ ရမည်လော။ထိုသူအား ရှိုင်တွာန်သည် တောတွင်း၌ သွေးဆောင်ဖြားယောင်း၍ လမ်းမှားစေခဲ့ရာ ထိုသူသည် တွေဝေ အကြံအိုက်လျက်ရှိနေလေ၏။ ထိုသူ၌ မိတ်ဆွေ အပေါင်းအဖော်များလည်းရှိ၏။ ထိုမိတ်ဆွေ အပေါင်းအဖော်များတို့သည် ထိုသူအား တရားလမ်းမှန်ရှိရာ ငါတို့ထံလာပါလေဟု ဖိတ်ခေါ်လျက်ရှိကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား)အလ္လာဟ်အရှင်မြတ် ညွှန်ကြားပြသတော် မူသောတရားလမ်းသည်သာလျှင် ဧကန်စင်စစ် (ဖြောင့်မတ်မှန်ကန်သော)တရားလမ်းဖြစ်သည်။ ၎င်းပြင် ငါတို့သည် စကြာဝဠာခပ်သိမ်းတို့ကို မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၏ အမိန့်တော်များကို(တသဝေမတိမ်း)လိုက်နာရန် အမိန့်ပေးတော်မူခြင်းကိုလည်း ခံကြရလေပြီဟု ပြောကြားပါလေ။ |
Hashim Tin Myint (အို- တမန်တော်)အသင် ပြောလိုက်ပါ- ငါတို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ ငါတို့ကို အကျိုးလည်းမပြုနိုင်၊ ဒုက္ခလည်းမပေးနိုင်သောအရာများအား ဟစ်ခေါ်တသ ကိုးကွယ်ကြရမည်လော။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ငါတို့အား လမ်းမှန်ပို့ဆောင်တော်မူပြီးနောက်တွင် ငါတို့သည် အကြင်သူကဲ့သို့ ငါတို့ကျောခိုင်း၍ ပြန်လှည့်သွားကြရမည်လော။ ထိုသူအား ရှိုင်သွာန်များသည် ဖြားယောင်းပြီး မျက်စိလည်လမ်းမှားအောင်လုပ်ခဲ့ကြသည့်အတွက် သူသည် ကမာ္ဘမြေတွင် စိတ်ရှုပ်ထွေးလျက် တဝဲလည်လည်ဖြစ်နေခဲ့သည်။ သူ့တွင် မိတ်ဆွေများလည်းရှိသည်။ ထိုမိတ်ဆွေများသည် သူ့အား လမ်းမှန်ဘက် “ငါတို့ထံသို့ လာပါ“ဟု ဖိတ်ခေါ်နေသည်။ (အို- တမန်တော်)အသင် ပြောလိုက်ပါ- အလ္လာဟ်အရှင်မြတ် ညွှန်ကြားပြသတော်မူသောလမ်းပင် အမှန်စင်စစ် လမ်းမှန်ဖြစ်သည်။ ထို့ပြင် ငါတို့သည် စကြဝဠာအားလုံးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်များကို လိုက်နာရန် အမိန့်ပေးတော်မူခြင်း ခံခဲ့ကြရပြီဖြစ်သည်။ |