×

သူတို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ကို ကစားခုန်စားစရာနှင့်စိတ်အလိုရမ္မက်အကြိုက် ဖျော်ဖြေစရာအဖြစ်သဘောထားပြီး လောကီ သက်တမ်းကို ကုန်ဆုံးစေခြင်းဖြင့် 6:70 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:70) ayat 70 in Burmese

6:70 Surah Al-An‘am ayat 70 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 70 - الأنعَام - Page - Juz 7

﴿وَذَرِ ٱلَّذِينَ ٱتَّخَذُواْ دِينَهُمۡ لَعِبٗا وَلَهۡوٗا وَغَرَّتۡهُمُ ٱلۡحَيَوٰةُ ٱلدُّنۡيَاۚ وَذَكِّرۡ بِهِۦٓ أَن تُبۡسَلَ نَفۡسُۢ بِمَا كَسَبَتۡ لَيۡسَ لَهَا مِن دُونِ ٱللَّهِ وَلِيّٞ وَلَا شَفِيعٞ وَإِن تَعۡدِلۡ كُلَّ عَدۡلٖ لَّا يُؤۡخَذۡ مِنۡهَآۗ أُوْلَٰٓئِكَ ٱلَّذِينَ أُبۡسِلُواْ بِمَا كَسَبُواْۖ لَهُمۡ شَرَابٞ مِّنۡ حَمِيمٖ وَعَذَابٌ أَلِيمُۢ بِمَا كَانُواْ يَكۡفُرُونَ ﴾
[الأنعَام: 70]

သူတို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ကို ကစားခုန်စားစရာနှင့်စိတ်အလိုရမ္မက်အကြိုက် ဖျော်ဖြေစရာအဖြစ်သဘောထားပြီး လောကီ သက်တမ်းကို ကုန်ဆုံးစေခြင်းဖြင့် (သူတို့ကိုယ်သူတို့) လှည့်စားနေကြသူတို့အား လွှတ်ထားကြလော့။ ထို့ပြင် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစ နှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင် ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) တစ်ခုအတွက် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားမည်သည့် ကာကွယ်စောင့်ရှောက်သူနှင့်ကိုယ်စားကြားဝင်အသနားခံပေးမည့်သူ မည်သူမျှ ရှိမည်မဟုတ်သောကြောင့် လောကီအရေးကိစ္စ များတွင် ပြုမူကျင့်ကြံဆောင်ရွက်၍ ရှာမှီးရရှိသောအကျိုးဆက်များကို လက်လွှတ် ဆုံးရှုံးစေခြင်းမခံရစေရန်နှင့် ရေးကိစ္စတိုင်းတွင် ထိုနဖ်စ်ဖြင့် တရားမျှတမှု မျှခြေအား အတိမ်းအစောင်း မဖြစ်စေဘဲ တရားမျှတမှုကို အကောင်အထည်ဖော်နိုင်ရန်တို့အတွက် ထိုကျမ်းတော်မြတ်ကုရ်အာန်ဖြင့် ဆုံးမသွန်သင်၍ အရှင့်စည်းမျဉ်းတော်များကို သတိရစေလော့။ ထိုသို့ သူတို့၏နဖ်စ်ကို အလွဲသုံးစားပြုခြင်းဖြင့် မျှော်လင့်ချက်ကင်းရသည်။ ပျက်စီးမှုကို သူတို့ ကိုယ်တိုင် ရှာမှီးသောကြောင့် သူတို့သည် အရှင့်စည်းမျဉ်းတော်များကို ဖီဆန်ငြင်းပယ်ခြင်းကြောင့် သူတို့အတွက် ပွတ်ပွတ်ကျွတ်ကျွတ်ဆူသည့် သောက်စရာများနှင့်ပြင်းပြနာကျင်ဖွယ်ရာ ပြစ်ဒဏ်များ အသင့် ရှိ၏။

❮ Previous Next ❯

ترجمة: وذر الذين اتخذوا دينهم لعبا ولهوا وغرتهم الحياة الدنيا وذكر به أن, باللغة البورمية

﴿وذر الذين اتخذوا دينهم لعبا ولهوا وغرتهم الحياة الدنيا وذكر به أن﴾ [الأنعَام: 70]

Ba Sein
၇ဝ။ အကြင်သူတို့သည် ဘာသာတရားတော်ကို ကစားစရာ၊ ပြောင်လှောင်စရာဟု ထင်မှတ်ကြ၍ ဤလောကီဘဝ၏လှည့်စားခြင်းကို ခံကြ၏။ ထိုသူတို့ကို စွန့်ခွာကြသလော့။ ဝိညာဉ်သည် မိမိပြုကျင့် သောပြစ်မှုကြောင့် မပျက်စီးစေရခြင်းငှာ လူသားတို့အား သတိတရားပေးကြလော့။ ဝိညာဉ်၌ အလ္လာဟ်အသျှင်မြတ်မှတစ်ပါး အဆွေခင်ပွန်းသော်လည်းကောင်း၊ တောင်းပန်ကယ်နှုတ်သူသော် လည်းကောင်းမရှိပေ။ ဝိညာဉ်သည် အပြစ်ဒဏ်မှလွတ်မြောက်စေရန် လျော်ကြေးအမျိုးမျိုး ပေးသော် လည်း ထိုလျော်ကြေးကို လက်ခံတော်မူမည်မဟုတ်ပေ။ ထိုသူတို့သည် မိမိတို့၏ ဆိုးကျိုးဆက်ကြောင့် ပျက်စီးဆုံးပါးရသူတို့ဖြစ်ကြ၏။ သူတို့သည် မယုံကြည်ကြသောကြောင့် ကျွက်ကျွက်ဆူနေသော ရေနွေးကို သောက်ကြရလတ္တံ့။ အလွန်ပြင်းပြနာကျင်ဖွယ်ကောင်းသောအပြစ်ဒဏ်ကို ခံစားကြရလတ္တံ့။
Ghazi Mohammad Hashim
၎င်းပြင် အသင်သည် အကြင်သူများကို စွန့်လွှတ်ထားပါလေ။ ထိုသူများသည် မိမိတို့၏ ‘ဒီန်’သာသနာကိုကစားခုန်စားစရာ၊ ပျော်ရွှင်မြူးထူးစရာ ပြုလုပ်ထားကြ၏။၎င်းပြင် ထိုသူတို့ကို ဤပစ္စုပ္ပန် လောကီဘဝသည် လှည့်ဖြားထား၏။ သို့ရာတွင် တဦးတယောက်သောသူသည် မိမိအပြုအမူတို့ကြောင့် ဖမ်းဆီးခြင်းကို မခံရလေအောင် အသင်သည်(၎င်းတို့အား) ဤ(ကုရ်အာန် ကျမ်းတော်မြတ်)ဖြင့် ဆုံးမလျက်လည်းရှိပါလေ။ (ယင်းသို့ဖြစ်လျှင်) ထိုသူတို့၏အဖို့မှာ အလ္လာဟ်အရှင်မြတ်အပြင် ကိစ္စအဝဝကို ဆောင်ရွက်ပေးမည့် သူဟူ၍လည်းကောင်း၊ (အပြစ်မှချမ်းသာမှုရရှိစေရန်) ကြားဝင်အသနား ခံပေးမည့်သူ ဟူ၍လည်းကောင်း၊ (မည်သူတစ်ဦးတစ်ယောက်မျှ) ရှိလိမ့်မည်မဟုတ်ပေ။ ထိုမှတစ်ပါး အကယ်၍ထိုသူသည် အားလုံးသောအစားထိုးခြင်းကို အစားထိုးငြားသော်လည်း အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ထံမှ လက်ခံခြင်းရှိလိမ့်မည် မဟုတ်ချေ။ (မိမိတို့ဘာသာ သာသနာကို ကစားဖွယ်ဖွယ်ရ ပျော်ရွင်မြူးထူးဖွယရာ ပြုလုပ်ထားသော) ဤသူများပင်လျှင် အကြင်သူများတည်း။ ထိုသူတို့သည် မိမိတို့၏အပြုအမူတို့ကြောင့် ဖမ်းဆီးခြင်းကို ခံကြရလေပြီ။ ၎င်းတို့အဖို့၎င်းတို့သွေဖည်ငြင်းပယ်ခဲ့ကြသည့် အတွက်ကြောင့် သောက်ရန် အလွန်ပူလောင်သောရေနှင့် အလွန် ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် အဆင်သင့်ရှိပေသည်။(ရကူ)
Hashim Tin Myint
ထို့ပြင် အသင်သည် အကြင်သူများအား စွန့်ထားလိုက်ပါ။ ထိုသူများသည် သူတို့၏ ဒီန်သာသနာကို ကစားစရာ၊ ‌ပျော်ရွှင်စရာအဖြစ် ပြုလုပ်ထားကြသည်။* ထို့ပြင် ဤ‌လောကီဘဝသည် သူတို့အား လှည့်ဖြားထားသည်။ ထို့‌နောက် တစ်စုံတစ်ဦးသည် သူ၏ အပြုအမူများ‌ကြောင့် အ‌ရေးယူဖျက်ဆီးခြင်း မခံရရန်အတွက် အသင်သည် ဤအရာ(ကုရ်အာန်)နှင့် ဆုံးမ‌နေပါ။ (ထိုကဲ့သို့ ဖျက်ဆီးခံရပြီဆိုလျှင်) သူတို့အတွက် အလ္လာဟ်အရှင်မြတ်မှလွဲ၍ ကိစ္စဟူသမျှကို ‌ဆောင်ရွက်‌ပေးမည့်သူ၊ ကြားဝင်အသနားခံ‌ပေးမည့်သူ ရှိမည်မဟုတ်‌ပေ။ ၎င်းပြင် အကယ်၍ ထိုသူသည် (ပြစ်ဒဏ်မှ လွတ်ရန်) အစားထိုးမှုမှန်သမျှကို အစားထိုး‌ပေးလျှင်လည်း သူထံမှ လက်ခံခြင်း ခံရမည်မဟုတ်‌ပေ။ ထိုသူများပင် သူတို့၏ အပြုအမူများ‌ကြောင့် ဖျက်ဆီးခံရလိုက်သူများ ဖြစ်ကြသည်။ သူတို့အတွက် သူတို့ ငြင်းပယ်လျက်ရှိခဲ့ခြင်း‌ကြောင့် အလွန်ပူ‌လောင်‌သော‌ရေမှ ‌သောက်စရာနှင့် အလွန်နာကျင်‌စေ‌သော ပြစ်ဒဏ်ရှိသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek