×

(နောက်တစ်ညတွင်) လပြည့်ဝန်းအား (လင်းဝင်းတောက်ပစွာ) ထွက်လာသည်ကို တွေ့မြင်သည့်အခါ ဤသည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်ဖြစ်မည်။”ဟု တွေးတော၍ (စိတ်ထဲတွင်) 6:77 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:77) ayat 77 in Burmese

6:77 Surah Al-An‘am ayat 77 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 77 - الأنعَام - Page - Juz 7

﴿فَلَمَّا رَءَا ٱلۡقَمَرَ بَازِغٗا قَالَ هَٰذَا رَبِّيۖ فَلَمَّآ أَفَلَ قَالَ لَئِن لَّمۡ يَهۡدِنِي رَبِّي لَأَكُونَنَّ مِنَ ٱلۡقَوۡمِ ٱلضَّآلِّينَ ﴾
[الأنعَام: 77]

(နောက်တစ်ညတွင်) လပြည့်ဝန်းအား (လင်းဝင်းတောက်ပစွာ) ထွက်လာသည်ကို တွေ့မြင်သည့်အခါ ဤသည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်ဖြစ်မည်။”ဟု တွေးတော၍ (စိတ်ထဲတွင်) ပြောခဲ့၏။ သို့သော် ယင်းလပြည့်ဝန်းလည်း ကွယ်ပျောက်သွားလေ့ရှိသည်ကို သိမြင်လာသောအခါ “အကယ်၍ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က ကျွန်ုပ်ကို လမ်းညွှန်တော်မမူခဲ့လျှင် ကျွန်ုပ်သည် ဧကန်ပင်၊ လမ်းမှားရောက်နေသည့် လူမျိုးတို့အနက်မှ တစ်ဦး အပါအဝင် ဖြစ်လိမ့်မည်။” ဟု ပြောဆိုခဲ့၏။

❮ Previous Next ❯

ترجمة: فلما رأى القمر بازغا قال هذا ربي فلما أفل قال لئن لم, باللغة البورمية

﴿فلما رأى القمر بازغا قال هذا ربي فلما أفل قال لئن لم﴾ [الأنعَام: 77]

Ba Sein
၇၇။ ထို့ပြင် သူသည် လထွက်လာသည်ကိုမြင်လျှင် ဤအရာသည် အကျွနု်ပ်၏အသျှင်သခင်ဟု ကျုးရင့်၏။ သို့သော် လဝင်သွားသောအခါ အကျွနု်ပ်၏အသျှင်သခင်သည် အကျွနု်ပ်အား လမ်းညွှန်ပြတော် မမူပါလျှင် အကျွနု်ပ်သည် လမ်းလွဲသွားသူတို့ဘောင်တွင် အပါအဝင် တစ်ယောက် အမှန်ပင် ဖြစ်ရပေမည်ဟု ဆို၏။
Ghazi Mohammad Hashim
တဖန် (တမန်တော်အစ်ဗ်ရာဟီမ်သည်) လ ကိုလင်းဝင်း တောက်ပစွာ တွေ့မြင်သောအခါ ဤသည် ငါ့အားဖန်ဆင်းမွေးမြူသောအရှင် ဖြစ်သည် ဟုပြောဆိုပြန်၏။ သို့ရာတွင် ထို လ သည် ကွယ်ပျောက်သွားခဲ့ လေသောအခါ (တမန်တော်အစ်ဗ်ရာဟီမ်က) အကယ်၍သာ ငါ့အားမွေးမြူတော်မူသောအရှင်မြတ်သည် ငါ့ကို တရားလမ်းမှန်သို့ ပို့ဆောင်တော်မူခြင်း မရှိခဲ့ပါမူ၊ ကျွန်ုပ်သည် လမ်းမှားသောသူတို့တွင် မုချအပါအဝင်ဖြစ်သွားမည် ဟုပြောကြားခဲ့လေသည်။
Hashim Tin Myint
ထို့‌နောက် ၎င်းသည် လကို‌တောက်ပလျက်(စတင်ထွက်‌ပေါ်လာသည်ကို)‌တွေ့မြင်‌သောအခါ ‌ပြောဆိုပြန်သည်- “ဤသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်ဖြစ်သည်“။ သို့ရာတွင် ထိုလသည် ‌ပျောက်ကွယ်သွား‌သောအခါ ၎င်းက‌ပြောဆိုသည်- “အကယ်၍သာ ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ကျွန်ုပ်အား လမ်မှန်မညွှန်ကြား မပြသခဲ့လျှင် ကျွန်ုပ်သည် လမ်းမှားသူများထဲ၌ အမှန်စင်စစ် အပါအဝင်ဖြစ်သွားမည်ပင်။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek