×

သို့ဖြစ်ပေရာ တမန်တော်အီးဗ်ရာဟီးမ်က ညအချိန် သူ့အပေါ် အမှောင်ထုကျယ်ပြန့်စွာ လွှမ်းမိုးဖုံးအုပ်လာသည့်အခါ သူသည် ကြယ်တစ်ပွင့်ကို တွေ့မြင်ခဲ့၏။ (ထိုအခါ သူက) ဤသည် 6:76 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:76) ayat 76 in Burmese

6:76 Surah Al-An‘am ayat 76 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 76 - الأنعَام - Page - Juz 7

﴿فَلَمَّا جَنَّ عَلَيۡهِ ٱلَّيۡلُ رَءَا كَوۡكَبٗاۖ قَالَ هَٰذَا رَبِّيۖ فَلَمَّآ أَفَلَ قَالَ لَآ أُحِبُّ ٱلۡأٓفِلِينَ ﴾
[الأنعَام: 76]

သို့ဖြစ်ပေရာ တမန်တော်အီးဗ်ရာဟီးမ်က ညအချိန် သူ့အပေါ် အမှောင်ထုကျယ်ပြန့်စွာ လွှမ်းမိုးဖုံးအုပ်လာသည့်အခါ သူသည် ကြယ်တစ်ပွင့်ကို တွေ့မြင်ခဲ့၏။ (ထိုအခါ သူက) ဤသည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင် ဖြစ်မည်လော။” ဟု တွေးတောလျက် (စိတ်ထဲတွင်) အံ့အားသင့်စွာ ပြောဆိုခဲ့၏။ သို့သော် ထိုကြယ်ပွင့် ကွယ်ပျောက်သွားသည့်အခါ သူက “(သက်ပြင်းချက်လျက်) ကျွန်ုပ်သည် မှေးမှိန်ပျောက်ကွယ်သွားလေ့ရှိသော အရာများကို မနှစ်သက်ပေ။” ဟု ပြောခဲ့၏။

❮ Previous Next ❯

ترجمة: فلما جن عليه الليل رأى كوكبا قال هذا ربي فلما أفل قال, باللغة البورمية

﴿فلما جن عليه الليل رأى كوكبا قال هذا ربي فلما أفل قال﴾ [الأنعَام: 76]

Ba Sein
၇၆။ ညဉ့်အမှောင်ထုသည် သူ့ကိုဖုံးလွှမ်းသောအခါ သူသည် တောက်ထွန်းနေသော ကြယ်တစ်ပွင့်ကို မြင်ရ၏။ သူက ဤအရာသည် အကျွနု်ပ်၏အသျှင်သခင် ဖြစ်၏ဟုဆို၏။ သို့သော် ကြယ်ဝင်သော အခါ သူက အကျွနု်ပ်သည် ပျောက်ကွယ်သွားသောအရာများကို မနှစ်သက်ပေဟုဆိုပြန်၏။
Ghazi Mohammad Hashim
သို့ဖြစ်ပေရာ ညဉ့်(၏အမိုက်မှောင်)သည် ထို(အစ်ဗ်ရာဟီမ်)အား ဖုံးလွှမ်းသောအခါ ထို (တမန်တော်အစ်ဗ်ရာဟီမ်)သည် ကြယ်တစ်လုံးကို တွေ့မြင်လေ၏။ ထိုအခါတမန်တော်အစ်ဗ်ရာဟီမ်က ဤသည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ဖြစ်တော်မူသည်ဟုဆိုခဲ့၏။ တဖန် ထိုကြယ်ပျောက်ကွယ်သွားသောအခါ (တမန်တော်အစ်ဗ်ရာဟီမ်)က ငါသည်ကွယ်ပျောက်သွားသောအရာများကို မနှစ်သက်ပေဟုပြောကြားခဲ့၏။
Hashim Tin Myint
ထို့‌နောက် ညသည် ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)ကို ဖုံးလွှမ်း‌သောအခါ ၎င်းသည် ကြယ်တစ်လုံးကို ‌တွေ့မြင်ခဲ့သည်။ ၎င်းက‌ပြောသည်- “ဤသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်ဖြစ်သည်“။ ထို့‌နောက် ထိုကြယ်သည် ‌ပျောက်ကွယ်သွား‌သောအခါ ၎င်းက‌ပြောဆိုသည်- “ငါသည် ‌ပျောက်ကွယ်သွား‌သောအရာများကို မနှစ်သက်‌ပေ။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek