Quran with Burmese translation - Surah Al-An‘am ayat 87 - الأنعَام - Page - Juz 7
﴿وَمِنۡ ءَابَآئِهِمۡ وَذُرِّيَّٰتِهِمۡ وَإِخۡوَٰنِهِمۡۖ وَٱجۡتَبَيۡنَٰهُمۡ وَهَدَيۡنَٰهُمۡ إِلَىٰ صِرَٰطٖ مُّسۡتَقِيمٖ ﴾
[الأنعَام: 87]
﴿ومن آبائهم وذرياتهم وإخوانهم واجتبيناهم وهديناهم إلى صراط مستقيم﴾ [الأنعَام: 87]
Ba Sein ၈၇။ သူတို့၏ဘိုးဘေးသားမြေးညီအစ်ကိုအချို့တို့လည်း ငါအသျှင်မြတ်သည် အခြားလူသားများထက် နှစ်သက်တော်မူ၏။ ငါသည် သူတို့ကို ရွေးကောက်၍ လမ်းမှန်သို့ ညွှန်ပြတော်မူ၏။ |
Ghazi Mohammad Hashim ထိုမျှမကသေးချေ၊ (ငါအရှင်မြတ်သည်) ထို(နဗီတမန်တော်)တို့၏ အဖ၊ ဘေးတို့အနက် အချို့ကိုလည်းကောင်း၊ယင်းတို့၏သား၊ မြေး၊ တို့အနက် အချို့ကိုလည်းကောင်း၊ ယင်းတို့၏ ညီ၊ သား၊ အစ်ကိုတို့အနက် အချို့ကိုလည်းကောင်း၊ (တရားလမ်းမှန်သို့ ပို့ဆောင်တော်မူ ခဲ့လေသည်)။ စင်စစ်သော်ကားငါအရှင်မြတ်သည် ယင်းသူတို့အားရွေးချယ်တော်မူ၍ ဖြောင့်မတ်မှန်ကန်သောတရားလမ်းကို ညွှန်ကြား ပြသတော်မူခဲ့လေသတည်း။ |
Hashim Tin Myint ထို့ပြင် ၎င်းတို့၏ အဘ၊ အဘိုး၊ ဘေးများထဲမှ အချို့နှင့် ၎င်းတို့၏ သားမြေးများထဲမှ အချို့အပြင် ၎င်းတို့၏ ညီ၊ အစ်ကိုများထဲမှ အချို့တို့ကို (ငါအရှင်မြတ်သည် လမ်းမှန်ညွှန်ကြားပြသပို့ဆောင်တော်မူခဲ့သည်)။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့ကို ရွေးချယ်တော်မူပြီး ဖြောင့်မတ်မှန်ကန်သော တရားလမ်းကို ညွှန်ကြားပြသတော်မူခဲ့သည်။ |