Quran with Burmese translation - Surah Al-An‘am ayat 88 - الأنعَام - Page - Juz 7
﴿ذَٰلِكَ هُدَى ٱللَّهِ يَهۡدِي بِهِۦ مَن يَشَآءُ مِنۡ عِبَادِهِۦۚ وَلَوۡ أَشۡرَكُواْ لَحَبِطَ عَنۡهُم مَّا كَانُواْ يَعۡمَلُونَ ﴾
[الأنعَام: 88]
﴿ذلك هدى الله يهدي به من يشاء من عباده ولو أشركوا لحبط﴾ [الأنعَام: 88]
Ba Sein ၈၈။ အလ္လာဟ်အသျှင်မြတ်သည် မိမိကျေးတော်မျိုး၊ ကျွန်တော်မျိုးများအနက် အလိုတော်ရှိတော်မူသော သူအား ယင်းသို့နည်းပြလမ်းညွှန်တော်မူ၏။ သို့သော် အကယ်၍ သူတို့သည် ကိုးကွယ်ဖို့ရာ အလ္လာဟ်အသျှင်မြတ်နှင့် တစ်စုံတစ်ခုကို ဖက်စပ်တင်မြှောက်ကြလျှင် သူတို့ပြုလုပ်သမျှတို့သည် အကျိုးမဲ့အချည်းနှီးဖြစ်ပေ၏။ |
Ghazi Mohammad Hashim ဤကား အလ္လာဟ်အရှင်မြတ်၏ တရားဓမ္မတည်း။ ထိုအရှင်မြတ်သည် မိမိကျွန်တို့အနက်မှ အလိုရှိတော်မူသောသူအား ထိုတရားဓမ္မဖြင့် လမ်းမှန်သို့ ပို့ဆောင်တော်မူ၏။သို့ရာတွင် အကယ်၍သာ ထိုတမန်တော်များသည် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ယှဉ်ပြိုင် ကိုးကွယ်ခဲ့ကြပါမူ၊ ၎င်းတို့ ပြုမူခဲ့သမျှ သောကောင်းမှုများသည် ဧကန်မလွဲအချည်းနှီး အလဟဿ ဖြစ်သွားခဲ့ပေမည်။ |
Hashim Tin Myint ဤသည် အလ္လာဟ်အရှင်မြတ်၏တရားတော်ပင်ဖြစ်သည်။ အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များထဲမှ အလိုရှိတော်မူသောသူကို ထိုတရားတော်နှင့် လမ်းမှန်ကို ညွှန်ကြားပြသပို့ဆောင်တော်မူသည်။ ထို့နောက် အကယ်၍ သူတို့သည် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခဲ့ကြလျှင် သူတို့ပြုလုပ်ခဲ့သော ကောင်းမှုဟူသမျှသည် အမှန်စင်စစ် အချည်းအနှီး အကျိုးမဲ့ဖြစ်သွားခဲ့လိမ့်မည်။ |