Quran with Burmese translation - Surah Al-An‘am ayat 95 - الأنعَام - Page - Juz 7
﴿۞ إِنَّ ٱللَّهَ فَالِقُ ٱلۡحَبِّ وَٱلنَّوَىٰۖ يُخۡرِجُ ٱلۡحَيَّ مِنَ ٱلۡمَيِّتِ وَمُخۡرِجُ ٱلۡمَيِّتِ مِنَ ٱلۡحَيِّۚ ذَٰلِكُمُ ٱللَّهُۖ فَأَنَّىٰ تُؤۡفَكُونَ ﴾
[الأنعَام: 95]
﴿إن الله فالق الحب والنوى يخرج الحي من الميت ومخرج الميت من﴾ [الأنعَام: 95]
Ba Sein ၉၅။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် စပါးစေ့၊ စွန်ပလွန်စေ့ကို အညှောင့်ပေါက်ဖို့ရာ ခွဲစိ်တ်တော်မူ၏။ အသျှင်မြတ်သည် သက်မဲ့မှ သက်ရှိကို ဖန်ဆင်းတော်မူ၏။ သက်ရှိကို သက်မဲ့ ဖြစ်စေတော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် ယင်းသို့ဖန်ဆင်းတော်မူထသော အသျှင်သခင် ဖြစ်တော်မူ၏။ သို့ပါလျက် သင်တို့သည် တရားတော်ကို မယုံကြည်ဘဲ လှည့်စားခြင်းကို အဘယ်ကြောင့် ခံရသနည်း။ |
Ghazi Mohammad Hashim ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မျိုးစေ့များနှင့်သစ်စေ့များကို (အညှောက်အတက်ထွက်စေရန်) အက်ကွဲစေတော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် သက်မဲ့အရာ များမှသက်ရှိသတ္တဝါများကိုထုတ်တော်မူလေသည်။ ထို့ပြင်တဝ ထိုအရှင်မြတ်သည်သက်ရှိသတ္တဝါများမှ သက်မဲ့အရာများကို ထုတ်တော်မူသောအရှင်မြတ် လည်း ဖြစ်တော်မူ၏။ သို့ပြုစွမ်းနိုင်တော်မူသောအရှင်သည်ကား အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူ၏။သို့ဖြစ်ပေရာ အသင်တို့သည် (ထိုအရှင်မြတ်အားခဝပ်ကိုးကွယ်ခြင်း ကိုစွန့်၍) အဘယ်သို့ပြန်လှည့်သွားကြလေသနည်း။ |
Hashim Tin Myint အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စေ့အဆန်ကိုခွဲပြီး ညှောင့်ထွက်စေတော်မူသောအရှင်ပင် ဖြစ်တော်မူသည်။* အရှင်မြတ်သည်ပင် သက်မဲ့အရာများမှ သက်ရှိသတ္တဝါများကို ထုတ်ယူတော်မူသည်။ ၎င်းပြင် အရှင်မြတ်သည်ပင် သက်ရှိ(သတ္တဝါ)များမှ သက်မဲ့(အရာ)များကို ထုတ်ယူတော်မူသောအရှင်မြတ်လည်း ဖြစ်တော်မူသည်။ ထိုအရှင်သည် အလ္လာဟ်အရှင်မြတ်ပင်ဖြစ်သည်။ သို့ဖြစ်ပါလျက် အသင်တို့သည် အဘယ်သို့ ပြန်လှည့်သွားကြသနည်း။ |